ရတနာပုံအသင်းနည်းစနစ်အကြံပေးအဖြစ် ၀ါရင့်ကစားသမားဟောင်းရန်ပိုင်ကို ခန့်အပ်

 မြန်မာလိဂ်ကလပ်ရတ နာပုံအသင်းသည် အသင်းဝါရင့် ကစားသမားဟောင်းရန်ပိုင်ကို နည်းစနစ်အကြံပေးအဖြစ် ခန့် အပ်ခဲ့သည်။

ရတနာပုံအသင်းသည် လာ မည့် ၂၀၁၈ MPT မြန်မာလိဂ် ပြိုင်ပွဲယှဉ်ပြိုင်ရန် အသင်းကစား သမားဟောင်းဦးအောင်ကျော်မိုး ကို နည်းပြချုပ်အဖြစ် ခန့်အပ်ထား ပြီး ရန်ပိုင်ကိုနည်းစနစ်အကြံပေး အဖြစ် အသင်းနည်းပြအဖွဲ့ တွင် ထပ်မံခန့်အပ်ခဲ့သည်။

လက်ရွေးစင်ကစားသမား ဟောင်းရန်ပိုင်သည်၂၀၀၉ က စတင်ကာ ရတနာပုံအသင်းတွင် ပါဝင်ကစားခဲ့ပြီး ၂၀၁၇ ရာသီ ကုန်တွင် အနားယူခဲ့သည်။

‘‘ကစားသမားဘ၀က အ နားယူလိုက်ပြီးကတည်းက ကိုရန် ပိုင်ကအသင်းရဲ့လေ့ကျင့်ခန်းအ စီစဉ်တွေမှာ နည်းပြချုပ်နဲ့အတူ ပေါင်းပြီး လုပ်ဆောင်ပေးနေပါ တယ်။ ကိုရန်ပိုင်က ကစားသမား ဘ၀မှာလည်း တော်တော်လေးအ တွေ့အကြုံရှိတဲ့ကစားသမားတစ် ယောက်ဖြစ်တာကြောင့် နည်းပြ ချုပ်အထောက်အကူရအောင် အ သင်းပိုင်ရှင်က နည်းစနစ်အကြံ ပေးအနေနဲ့ ခန့်အပ်ခဲ့တာပါ’’ ဟု ရတနာပုံအသင်းမီဒီယာတာဝန်ခံ ကိုအတာဦးက ပြောသည်။

ရတနာပုံအသင်းသည် ရန် ပိုင်ကို တစ်နှစ်စာချုပ်ချုပ်ဆိုထား ပြီး ရေရှည်လက်တွဲရန်ရှိသော်လည်း တစ်နှစ်ချင်းသာသက်တမ်းတိုးရန် စီစဉ်ထားကြောင်း ၎င်းကဆိုသည်။

ရန်ပိုင်သည် လက်ရှိတွင် အာရှဘောလုံးအဖွဲ့ချုပ်နည်းပြ စီလိုင်စင်သင်တန်း တက်ရောက်ထားသူဖြစ်သည်။