မွန်ပြည်နယ်တွင် တစ်နှစ်အတွင်း ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ သုံးရာရှိ

မွန်ပြည်နယ်တွင် ၂၀၁၇ အတွင်းယာဉ်မတော်တ ဆမှုကြောင့် သေဆုံးသူသုံးရာ ကျော်ရှိကြောင်း  ယာဉ်ထိန်းရဲတပ်ဖွဲ့ နှစ်ချုပ်စာရင်း၌  ဖော်ပြထားသည်။

တစ်ပြည်နယ်လုံးတွင် ဆိုင်ကယ်တိုက်မှု ၅၂၁ မှုထိရှိပြီး အများဆုံးအရေအတွက် ဖြစ်သည်။ ယာဉ်မတော်တဆမှု ၃၉၄ မှု ဖြစ်ပွားခဲ့ရာ စုစုပေါင်းယာဉ်မတော်မတမှု ၉၁၅ မှု ရှိခဲ့သည်။ ထိခိုက်ဒဏ်ရာရရှိသူ ၁,၅၉၂ ဦးနှင့် သေဆုံးသူ ၃၃၆ ဦးရှိသည်။

‘‘မနှစ်က ယာဉ်တိုက်မှုနဲ့ ယှဉ်ရင်တော့ ဒီနှစ်ယာဉ်တိုက်မှု က ပိုများတယ်။ မွန်ပြည်နယ်မှာ ဆိုရင် သထုံခရိုင်မှာ ယာဉ်တိုက် မှုဖြစ်တာ ပိုများတယ်။ မွန်ပြည် နယ်က လမ်းတွေကောင်းလာ တော့ ယာဉ်တွေကို စည်းကမ်းမဲ့ မောင်းလာကြတယ်’’ဟု ဒုရဲမှူး ဌေးဆွေက ပြောသည်။

၂၀၁၇ အတွင်း ယာဉ်တိုက် မှုဖြစ်စဉ်ကြောင့် တရားစွဲဆိုခံရ သည့် တရားခံ ၁,၀၃၅ ဦးထိရှိပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၁,၆၂၃ ကျော်ရှိကြောင်း ယာဉ်ထိန်းရဲတပ် ဖွဲ့ဝင်၏ နှစ်ချုပ်စာရင်းတွင် ဖော် ပြထားသည်။

ကျိုက်ထို၊ ဘီလင်း၊ သထုံနှင့်ပေါင်မြို့နယ်တို့တွင် ယာဉ်တိုက် မှုအများဆုံးဖြစ်ပြီး ဆိုင်ကယ်ဦး ထုပ်မဆောင်းဘဲ မောင်းနှင်ခြင်း၊ အရက်သောက်မောင်းနှင်ခြင်း၊ သတ်မှတ်မိုင်နှုန်းထက် ပိုမောင်း နှင်ခြင်းတို့ကြောင့် သေဆုံးသူ ပိုများကြောင်း အမှတ် (၁၂) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူး ဌေးဆွေက ဆိုသည်။

မွန်ပြည်နယ်တွင် ၂၀၁၆ အတွင်း ဆိုင်ကယ်တိုက်မှု ၄၁၆ မှု၊ ယာဉ်မတော်တဆတိုက်မှု ၃၇၈ မှု ဖြစ်ပွားခဲ့ရာ စုစုပေါင်း ၇၉၄ မှုရှိပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁,၂၈၉ ဦးနှင့် သေဆုံး သူ ၃၁၇ ဦး ရှိသည်။