မိန်းကလေးတစ်ဦးကို ပိတ်လှောင်ပေါင်းသင်းခဲ့သူ အာမခံရပြီးနောက် တရားခွင်သို့ မလာရောက်သည်မှာ ၁၀ လကျော်ကြာဟုဆို

မိန်းကလေးတစ်ဦးကို နေအိမ်တွင် သုံးနှစ်ခန့် သော့ခတ် ပိတ်လှောင်ပြီး ပေါင်းသင်းဆက် ဆံခဲ့သူသည် တရားရုံးမှ အာမခံ ရရှိပြီးနောက် တရားခွင်သို့ မလာ ရောက်သည်မှာ ၁၀ လကျော်ရှိ ပြီဖြစ်ကြောင်း နစ်နာသူ၏ မိခင် က ပြေသည်။

ထို့ကြောင့် ယင်းအမှုကို မစစ်ဆေးနိုင်သေးဘဲ ရုံးချိန်းနှစ် ပတ်လျှင်တစ်ကြိမ် ချိန်းဆိုမှုများကိုသာ ပြုလုပ်နိုင်ကြောင်း နစ်နာသူ၏မိခင် ဒေါ်သန်းသန်းစိုးက ဇန်နဝါရီ ၅ ရက်တွင် ပြောသည်။

‘‘တရားရုံးက ရဲစခန်းကတပ်တဲ့ ပုဒ်မနှစ်ခုစလုံးကို ဖြုတ်ပြီး ပုဒ်မအသစ်တပ်တယ်။ အဲဒီ ပုဒ်မနဲ့ အာမခံပေးလိုက်ပြီး ကတည်းက တစ်ခါမှရုံးချိန်းကို မလာဘူး’’ဟု ဒေါ်သန်းသန်းစိုးကပြောသည်။

ဖြစ်စဉ်သည်၂၀၁၄ ဇွန်လက အသက် (၁၈)နှစ်အရွယ် မိန်း ကလေးတစ်ဦးသည် ၎င်း၏ ရည်းစား အောင်ထွန်းဟိန်း (၂၇) နှစ်နှင့် ခိုးရာလိုက်ပြေးခဲ့သည်။ ထို့နောက် စမ်းချောင်းမြို့နယ်ရှိ Proart ဆောက်လုပ်ရေးနှင့် အိမ် တွင်းအလှဆင် ရုံးခန်း၌ ၎င်းကို ထားရှိပြီးနောက် ရွှေပြည်သာ၊ လှည်းကူး၊ လှည်းတန်း၊ ဘုရင့် နောင်ရှိ နေအိမ်တိုက်ခန်းများသို့ ပြောင်းရွှေ့နေထိုင်ခဲ့ရကြောင်း မိန်းကလေးက ပြောသည်။ မိန်း ကလေး၏မိခင်သည် သမီး ပျောက်ဆုံးခြင်းအတွက် ရဲစခန်း သို့ တိုင်ကြားသော်လည်း သုံးနှစ် ကြာသည်အထိ သမီးကိုရှာမတွေ့ ခဲ့ဟု ဆိုထားသည်။

ထို့နောက် မိန်းကလေးကို ၂၀၁၇ ဖေဖော်ဝါရီ ၁၀ ရက်တွင် ၎င်း၏မိခင်က ပြန်တွေ့ခဲ့သည်။

မိန်းကလေး လွတ်မြောက် လာခြင်းနှင့်ပတ်သက်၍ ‘‘ညီမ ကလည်း ဘယ်တော့လက်ထပ် မလဲမေးတယ်။ သူက လက်ထပ်ဖို့ မဖြစ်နိုင်တော့ဘူး။ သူ့မှာ နောက် ထပ် ကောင်မလေးတစ်ယောက် ရှိနေပြီလို့ပြောတယ်။ ဒါဆိုလည်း ငါ့ကို အိမ်ပြန်ခွင့်ပေးပါလို့ ပြော လိုက်တယ်။ သူက ပေးမပြန်နိုင် ဘူးပြောပြီး တစ်ယောက်တစ်ခွန်း စကားများ ရန်ဖြစ်တယ်။ သူ တိုက်ခန်းအောက်ဆင်းသွားတုန်း အခန်းသော့ကျန်ခဲ့တယ်။ ညီမ အဒေါ်တစ်ယောက်ဖုန်းကို စဉ်း စားပြီး ဆက်ကြည့်တယ်။ နှစ်ခါ လောက် နံပါတ်မှားနေတယ်။ နောက်တော့ နံပါတ်အမှန်ရပြီး ဆက်သွယ်မိတယ်။ အဒေါ်က လာခေါ်မယ်ပြောပေမယ့် ညီမ လိပ်စာမပြောတတ်ဘူး။ ဒါနဲ့ အဒေါ်က ကားငှားလာခဲ့ဆိုတော့ သူ့ရုံးလိပ်စာကိုပြောပြီး ပြန်ရောက်လာတာပါ’’ဟု အဆိုပါမိန်းကလေးက  မီဒီယာများအား ဖြေကြားသည်။

ပြစ်မှုကျူးလွန်သူဟု စွပ်စွဲ ခံထားရသော အောင်ထွန်းဟိန်း (ခ) ရှို့တီကို ၂၀၁၇ ဖေဖော်ဝါရီ ၂၀ ရက်တွင် ဗဟန်းရဲစခန်း၌ ၁၀ ရက် (သို့မဟုတ်) ၁၀ ရက်ထက် ပို၍ ချုပ်နှောင်ထားမှုအတွက် ပုဒ်မ ၃၄၄၊ မိန်းမခိုးယူမှု (သို့ မဟုတ်) သွေးဆောင်ခေါ်ယူမှု (သို့မဟုတ်) သွေးဆောင်မှုပုဒ်မ ၃၆၆ ဖြင့် ဖမ်းဆီးစစ်ဆေးခဲ့ပြီး တရားရုံးသို့ ရောက်သောအခါ ဥပဒေအကြံပြုချက်အရ ပုဒ်မ ၃၄၄ နှင့် ၃၆၆ ပြုတ်၍ ကာမလိမ် လည်မှုပုဒ်မ ၄၁၇ နှင့် တရားရင် ဆိုင်စစ်ဆေးနေစဉ်  အာမခံရရှိ သဖြင့် ရုံးချိန်းသို့ မလာတော့ခြင်း ဖြစ်သည်။

နစ်နာသူ၏မိခင်က ယင်း အမှု ရင်ဆိုင်စဉ်အတွင်း တရားသူကြီးသုံးဦး ပြောင်းလဲပြီးအာမခံရရှိပြီးနောက် ရုံးချိန်းတွင် လာရောက် တရားရင်ဆိုင်ခြင်းမရှိ သည့် အပြစ်ကျူးလွန်သူဟု သံ သယရှိသူ အောင်ထွန်းဟိန်းကို ဖမ်းဆီးရန် လွန်ခဲ့သည့် ရက်သတ္တနှစ်ပတ်ခန့်၌ ယခုတရားသူကြီးက  ဝရမ်း  အတည်ပြုပေးထား ကြောင်း ပြောသည်။

ပုဒ်မပြောင်းရသည့် အ ကြောင်းရင်းနှင့်ပတ်သက်၍ ရဲ စခန်းက နစ်နာသူမိန်းကလေးကို စစ်ဆေးသောအခါ မိန်းကလေး တစ်ဦးအနေဖြင့် ထွက်ပြေး၍ ရသော်လည်း မိမိကို လက်ထပ် မည်လားဟူသည့်စိတ်ဖြင့် စောင့် နေခြင်းဖြစ်သောကြောင့် ချုပ် နှောင်ထားမှုနှင့် သွေးဆောင်မှု ပုဒ်မများဖြင့် အမှုဖွင့်၍ မရဘဲ လိမ်လည်မှုဖြင့်သာ တရားရုံးတွင် ဦးတိုက်လျှောက်ထားခဲ့ရကြောင်း နစ်နာသူမိန်းကလေး၏ ရှေ့နေ က ပြောသည်။

အမျိုးသမီးနှင့် ကလေးသူ ငယ်အရေး ဥပဒေအထောက် အကူပြုအဖွဲ့ တရားလွှတ်တော် ရှေ့နေ ဒေါ်လှမျိုးစုက ‘‘ပုဒ်မ အကြီးကနေ အသေးကို ပြောင်း သွားတယ်ဆိုတာမျိုးက ဖြစ်လေ့ ရှိပါတယ်။ စွပ်စွဲခံရသူဘက်က ခုခံအားသာသွားလို့ပေါ့။ တရား လိုဘက်ကလည်း သူတို့ဘက်က ပြန်ခုခံဖို့ သူတို့အားနည်းလို့ပေါ့။ ဒီလိုမျိုး ပြောင်းတယ်ဆိုတာက အဓိက ပါဝင်သူတွေကို စစ်ဆေး ပေါ်ပေါက်ချက်အရ ပြောင်းတာ ပေါ့’’ဟု မှတ်ချက်ပြုသည်။