အောင်ရဲထွေးအသတ်ခံရမှုမှ ကျူးလွန်သူသုံးဦးကို စတင်ရုံးထုတ်ချုပ်ရမန်ယူ

ဇန်နဝါရီ ၁၈ ရက်သို့ ရုံးချိန်းပြန်ချိန်း
သင်္ဃန်းကျွန်းမြို့နယ်တရားရုံးမှ ယမန်နေ့ရုံးချိန်းအပြီးပြန်လည်ထွက်ခွာလာသော ကျူးလွန်သူသုံးဦးကို တွေ့ရစဉ် (ဓာတ်ပုံ−စိုင်းဇော်)

 လူမှုကွန်ရက်စာမျက်နှာ တွင် ဟာသဗီဒီယိုများ ရိုက်ကူး တင်ဆက်သည့် ဖေ့စ်ဘွတ်ခ်ဆယ် လီ အောင်ရဲထွေးကို သတ်မှုဖြင့် ဖမ်းဆီးခံထားရသော အမျိုးသား သုံးဦးကို ဇန်နဝါရီ ၅ ရက် ညနေ၄ နာရီက သင်္ဃန်းကျွန်းမြို့နယ် တရားရုံး၌ ပထမဆုံးအကြိမ် ရုံး ထုတ်၍ ချုပ်ရမန်ယူခဲ့သည်။

လူသတ်မှုအတွက် လာ ရောက်အဖမ်းခံသူ သန်းထွဋ် အောင် (ခ) သားကြီး၊ ပြည့်ဖြိုး အောင် (ခ) အောင်လေးနှင့် ကျော်ဇောဟန် (ခ) ကျော်ဇောတို့ကို ဆူဇူကီးကား အနက်ရောင်ဖြင့် တရားရုံးသို့ ခေါ်ဆောင်လာပြီး ၎င်းတို့သုံးဦးစလုံး ရှပ်အင်္ကျီအဖြူ နှင့် ပုဆိုး ဝတ်ဆင်ထားသည်။

သင်္ဃန်းကျွန်းမြို့နယ်တရား သူကြီးက ယမန်နေ့ရုံးချိန်းတွင် ၎င်းတို့သုံးဦးကို ချုပ်ရမန်ပေးကာ ဇန်နဝါရီ ၁၈ ရက်သို့ ရုံးချိန်းပြန် လည်ချိန်းဆိုခဲ့သည်။

အမှုကို စိတ်ဝင်စားသူများ သဖြင့် မီဒီယာများနှင့် လာရောက် ကြည့်ရှုသူများပြားခဲ့၍ ရဲတပ်ဖွဲ့ က အဝါရောင်ကြိုးတားပြီး လမ်း ရှင်းကာ တရားခံများကို တရားရုံး သို့ ခေါ်ဆောင်ခဲ့ရသည်။

သေဆုံးသူ အောင်ရဲထွေး သည် ဇန်နဝါရီ ၁ ရက် နံနက်အ စောပိုင်းတွင် သုဝဏ္ဏရှိ The One Entertainment Park ၌ ပြုလုပ် သည့် The Space ပါတီပွဲတွင် အုပ်စုဖွဲ့ဝိုင်းဝန်းရိုက်နှက်ခံရကာဒဏ်ရာအပြင်းအထန်ရခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင် ကုသစဉ် ဇန်နဝါရီ ၂ ရက် မွန်းလွဲ ပိုင်းက သေဆုံးခြင်းဖြစ်သည်။

လူသတ်မှုတွင် ပါဝင်သည့် အသက် (၂၆)နှစ်အရွယ် သန်း ထွဋ်အောင် (ခ) သားကြီးကို ဇန်န ဝါရီ ၃ ရက် မွန်းလွဲက ၎င်း၏ မိဘများက ရဲစခန်းသို့ လာရောက် အပ်နှံပြီး ယင်းနေ့ ညတွင် (၂၆) နှစ်အရွယ် ပြည့်ဖြိုးအောင် (ခ) အောင်လေးကို ၎င်း၏ မိဘများက ရဲစခန်းသို့ လာရောက်အပ်နှံပေးခဲ့ ကြောင်း ရဲတပ်ဖွဲ့အွန်လိုင်းစာ မျက်နှာ Yangon Police ၌ သတင်းထုတ်ပြန်ခဲ့သည်။

ထို့နောက် သင်္ဃန်းကျွန်းမြို့ နယ် ငမိုးရိပ်ရပ်ကွက်နေ  (၂၈)နှစ်အရွယ် ကျော်ဇောဟန် (ခ) ကျော်ဇောကို ဇန်န ဝါရီ ၄ ရက် နံနက် ၁၀ နာရီခွဲခန့်တွင် ၎င်း၏ မိဘများကိုယ်တိုင် ရဲစခန်းသို့ လာရောက်အပ်နှံပေးခဲ့သဖြင့် လူသတ်မှုကျူးလွန်သူသုံးဦးကို ဖမ်းဆီးအရေးယူ ထားကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။

အောင်ရဲထွေး အသတ်ခံရမှု နှင့်ပတ်သက်ပြီး ဖမ်းမိထားသူသုံး ဦးကို သုဝဏ္ဏနယ်မြေရဲစခန်းက လူသတ်မှုပုဒ်မ ၃၀၂၊ အားပေးကူ ညီမှုပုဒ်မ ၁၁၄ ဖြင့် အမှုဖွင့်ကာ ဆက်လက်စစ်ဆေးနေကြောင်း သုဝဏ္ဏနယ်မြေရဲစခန်းမှ ရဲအရာ ရှိတစ်ဦးက ပြောသည်။

ယခုအမှုတွင် လာရောက် အဖမ်းခံသူ သုံးဦးထက် ကျူးလွန်သူ ထပ်မံရှိနိုင်ကြောင်း သေဆုံးသူမိသားစုဝင်များက ပြောကြားသည်။ အောင်ရဲထွေးသည် အစ်ကို နေဇင်လတ်နှင့်   ရုပ်အနည်းငယ်ဆင် သဖြင့် လူမှားပြီး ရန်ငြိုးဖွဲ့ရိုက် နှက်ခံရခြင်းဖြစ်ကြောင်း    ပြော ကြားမှုများ ရှိသည်။

အောင်ရဲထွေးသည် လူမှုကွန်ရက်တွင် Follower ၁၃ သိန်း ကျော်ရှိသည့် ဖေ့စ်ဘွတ်ခ် ဆယ်လီတစ်ဦးဖြစ်ပြီး ယခုနောက်ပိုင်းတွင်   သရုပ်ဆောင်ဘက်သို့ ကူးပြောင်းလုပ်ကိုင်လာသူဖြစ် ကာ ၎င်း၏ နာရေးကို ရေဝေး သုသာန်ရှိ စွန္နီမွတ်စလင်မ်ကဗရ် စတာန် ဥယျာဉ်တော်၌ ဇန်နဝါရီ ၃ ရက်က ပြုလုပ်ခဲ့သည်။

More in News Section