ညစာစားရင်း ကြည့်ရှုခံစားရမယ့် ဇော်ဝင်းထွဋ် တစ်ကိုယ်တော်ဖျော်ဖြေပွဲ

 ဇော်ဝင်းထွဋ်၏ တစ် ကိုယ်တော်ရှိုးပွဲကို ဇန်နဝါရီ ၂၀ ရက်တွင် Rose Garden ဟိုတယ် ၌ ပြုလုပ်မည်ဖြစ်ကြောင်း Emperor Fan Club မှ ပွဲစီစဉ်သူ ကိုမျိုးသော်ထွန်းက ပြောသည်။

‘‘သူ့ Fan တစ်ယောက်အ နေနဲ့ ဒီလိုပွဲမျိုးကို စီစဉ်ပေးရတဲ့ အတွက် အရမ်းကောင်းပါတယ်။ အခုလည်း ဒီအတိုင်းပဲ။ ကျွန်တော်တို့ တိုင်းပြည်မှာ နှစ်အရှည်ဆုံး Band ဆိုရင် ဒီ (Emperor) Bandပဲရှိမယ်ထင်ပါတယ်။ ရှိုးကို ဟို တယ်မှာ အရင်ကလည်း လုပ် တယ်။ ဒါပေမဲ့ ဒီတစ်ခါက ဒင်နာ လည်းစားရင်း ကိုညီထွဋ်ဆိုတာ ကို ခံစားပြီးကြည့်လို့ရမယ်’’ဟု ၎င်းက ပြောသည်။

ဖျော်ဖြေပွဲတွင် ညစာစားပွဲ ပါ ထည့်သွင်းထားပြီး လက်မှတ် ဈေးနှုန်း ကျပ် ငါးသောင်း၊ ရှစ် သောင်းနှင့် တစ်သိန်းနှစ်သောင်းဖြစ်သည်။

‘‘ကျွန်တော်ပွဲမျိုးစုံကို ပုံစံမျိုး စုံဆိုခဲ့ဖူးပါတယ်။ ဒါကတော့ သူ တို့စီစဉ်တဲ့၊ သူတို့နားထောင်စေ ချင်တဲ့ ပွဲမျိုးပေါ့။ ကျွန်တော့်ပရိ သတ်အများစုက ရော့ခ်အင်န်ရိုးကို ငတ်မွတ်နေတယ်လို့မြင် တယ်။ ရေဆာနေတဲ့အချိန်၊ သူတို့တအားပင်ပန်းနေတဲ့အချိန်မှာ ဘီယာ အေးအေးလေးသောက်ရ သလို အမောပြေသွားမလားတော့ မပြောတတ်ဘူး။ တကယ့် Rock & Roll Travellers နဲ့လိုက်အောင် ကျွန်တော်တို့ ဖြတ်သန်းခဲ့တဲ့ သီချင်းတွေနဲ့ ရော့ခ်အင်န်ရိုး ည တစ်ညကို၊ ရော့ခ်အင်န်ရိုး မိတ် ဆွေတွေနဲ့ ဖြတ်သန်းပါမယ်’’ဟု ဇော်ဝင်းထွဋ်က ပြောသည်။

ပရိသတ်များ သီဆိုစေလို သည့် သီချင်းများကို စာရင်းထဲမှ အနည်းဆုံးတစ်ဝက်ခန့် ဖျော်ဖြေ မည်ဖြစ်ပြီး ပရိသတ်များ စား သောက်နေစဉ် ဆိုပြရမည်ဖြစ်၍ ပျော်စရာကောင်းမည်ဟု    ဆိုသည်။ ၎င်းအသက် (၅၄)နှစ်မပြည့် ခင် တစ်ရက်အလို၌ ပြုလုပ်မည့် ပွဲဖြစ်သောကြောင့် ဆိုနေရင်း ည ၁၂ နာရီကျော်သည်နှင့် မွေးနေ့ ကို ရောက်မည်ဖြစ်သလို မွေးနေ့ကို ပရိသတ်များစွာနှင့် ဖြတ်သန်း လိုကြောင်း ဆိုသည်။

လက်မှတ်များကို ဇန်နဝါရီ ၁၀ ရက် နောက်ပိုင်း၌ SNW၊ မန်း သီရိတေးသံသွင်းနှင့် MMTIX တို့ တွင် ရောင်းချမည်ဖြစ်သည်။