ကားရိုက်ဖို့ ၀ိတ်လျှော့နေတဲ့ ရဲတိုက်

ဇာတ်ကားရိုက်ကူးမှုများ ကို ဇန်န၀ါရီလလယ်တွင် စတင်ရန် အစီအစဉ်ရှိကြောင်း ရဲတိုက်က ပြောသည်။

‘‘ကျွန်တော်ကြိုက်တဲ့ ဇာတ် လမ်းတွေ၊ ပရိသတ်ကြိုက်မယ့် ဇာတ်လမ်းတွေရွေးဖြစ်ပါတယ်။ ကမ်းလှမ်းထားတဲ့ ဇာတ်လမ်းတွေကတော့ ကျွန်တော်နဲ့ လိုက်တာ များပါတယ်။ အချစ်တို့၊ Susp-ense    (လျှို့ဝှက်သည်းဖို)တို့၊နောက်ပြီး Vent (ဗီလိန်)တွေလည်းပါတယ်’’ဟု ဇာတ်ကားကမ်းလှမ်းမှုများနှင့်ပတ်သက်၍   ၎င်းက ပြောသည်။

လတ်တလောတွင် မည် သည့်ထုတ်လုပ်ရေးနှင့် စတင်ရိုက်ကူးဖြစ်မည်ဆိုသည်မှာ မသေချာ သေးကြောင်း ၎င်းက ဆိုသည်။

‘‘ရင်ခွင်နန်းတော်က ဇာတ် ၀ယ်ပြီးပြီ။ မင်းသမီးရက်ချိတ်နေပါတယ်။ ရိုက်ဖို့ကတော့ သေ ချာသလောက်ဖြစ်ပါပြီ။ ဒီဇာတ် ကားက တည်ဖို့ခက်တော့ ပထမ ဆုံးရိုက်ဖြစ်ဖို့တော့ အဆင်မပြေ လောက်သေးဘူး’’ဟု ရဲတိုက်က ပြောသည်။

ရင်ခွင်နန်းတော်ဇာတ်ကား ကို Media 7 ထုတ်လုပ်ရေးက ရိုက်ကူးမည်ဖြစ်ပြီး ဖွေးဖွေး၊ ၀တ်မှုံရွှေရည်တို့နှင့် ရိုက်ကူးရန် ဆန္ဒရှိသော်လည်း အပြောင်းအလဲရှိနိုင်ကြောင်း ၎င်းက ဆိုသည်။

‘‘လောလောလတ်လတ် တော့ အစားလျှော့တယ်။ ၀ိတ် လျှော့တယ်။ စာအုပ်တွေဖတ် တယ်။ ဇာတ်ကားတွေကြည့် တယ်။ အလုပ်လုပ်ဖို့အတွက် Mood သွင်းတာပေါ့။ အခက်အခဲ ကတော့ ကျန်တာပြဿနာသိပ်မ ရှိဘူး။ နည်းနည်းဝနေတာက ကိုယ့်ကိုယ်ကိုယ်အနှောင့်အ ယှက်လိုဖြစ်နေတယ်’’ဟု ရဲတိုက်က ဇာတ်ကားရိုက်ကူးရေးပြင်ဆင်မှုများနှင့် ပတ်သက်၍ ပြောသည်။

လတ်တလောတွင် Bella အလှကုန်ပစ္စည်းကြော်ငြာရိုက် ကူးထားပြီး ၀တ်မှုံရွှေရည်နှင့် ရွှေဆိုင်ကြော်ငြာရိုက်ကူးရန်ရှိ ကြောင်း ၎င်းက ဆိုသည်။