‘ဝ’အဖွဲ့ ငွေစက္ကူထုတ်ဝေရန် အစီအစဉ်မရှိကြောင်း တာဝန်ရှိသူပြော

‘ဝ’ လက်နက်ကိုင်အဖွဲ့ (UWSA) က ငွေ စက္ကူထုတ်ဝေမည်ဆိုခြင်းသည် ကောလာဟလ သာဖြစ်ပြီး ထုတ်ဝေရန်အစီအစဉ်မရှိကြောင်း UWSA လားရှိုးမြို့ ဆက်ဆံရေးရုံး ဒုတိယတာဝန် ခံ ဦးညီရန်းက ဇန်နဝါရီ ၅ ရက်တွင် 7Day Daily သတင်းစာအား ပြောသည်။

UWSA ဥက္ကဋ္ဌ ဦးပေါက်ယူ ချန်း၏ ရုပ်ပုံဖြင့် ဖော်ပြထားသည့် ငွေစက္ကူပုံစံနှင့်အတူ ‘2018 ခုနှစ်မှာ ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသဟာ ကိုယ်ပိုင်ပိုက်ဆံပါ Government Wa Money စတင် ထုတ်လာပါပြီ’ ဟု လူမှုကွန်ရက် စာမျက်နှာတွင် ပျံ့နှံ့လာသည်။

အဆိုပါ ဖြန့်ဝေမှုသည် ကောလာဟလသာဖြစ်ပြီး ငွေ စက္ကူပုံပါ UWSA ဥက္ကဋ္ဌ အမည် စာလုံးပေါင်းမှာလည်း လွဲမှားန ကြောင်း ဦးညီရန်းက ဆိုသည်။

‘‘အခုခေတ်မှာက ပေါက်က ရတွေ စိတ်ကူးယဉ်နေကြတာ။ မူရင်းထုတ်တဲ့ (လူမှုကွန်ရက်တွင် ဖော်ပြထားသည့် ငွေစက္ကူဒီဇိုင်း ပြုလုပ်သူ) ကတော့ ကျွန်တော် တို့ ‘ဝ’ လူမျိုး၊ ‘ဝ’ ဒေသ၊ ‘ဝ’ ပြည် နယ်က မဟုတ်ဘူး။ အပြင်က ဘယ်ကလူလဲ မသိဘူး။ ဒါ တွေ ကျွန်တော်တို့ လုပ်ဖို့ အစီအ စဉ်မရှိပါဘူး’’ ဟု ၎င်းကပြော သည်။

မြန်မာ-တရုတ် နယ်စပ်အ ခြေစိုက် ‘ဝ’ လက်နက်ကိုင်အဖွဲ့ ဒေသများတွင် တရုတ်ငွေနှင့် မြန်မာကျပ်ငွေတို့ကို အဓိက အသုံးပြုကြောင်း ဦးညီရန်းက ဆို သည်။ VIP Daily News Media အမည်ရှိ ဖေ့စ်ဘွတ်ခ်စာမျက်နှာ တွင် ‘‘ ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသလား၊ ‘ဝ’ နိုင်ငံလား’’ ဟုဆို ကာ ‘ဝ’ အဖွဲ့က ငွေစက္ကူထုတ် ဝေနေကြောင်း ရေးသားချက် ကို ဇန်နဝါရီ ၄ ရက်က ရုပ်ပုံများ နှင့်အတူ ဖော်ပြခဲ့ရာ ဇန်နဝါရီ ၅ ရက်ထိ ဖြန့်ဝေသူ ၇၀၀ ကျော်ရှိ ခဲ့သည်။ ယင်းရေးသားချက်ကိုပင် ကူးယူပြီး Htin Lin Oo အမည်ရှိ ဖေ့စ်ဘွတ်ခ်အကောင့်က ဇန်နဝါ ရီ ၅ ရက်တွင် ဖော်ပြခဲ့ရာ ၄ နာရီ ကျော်အတွင်း ပြန်လည်ဖြန့်ဝေသူ ၁,၁၀၀ ကျော်ရှိခဲ့သည်။ အဆိုပါ သတင်းအတုအပေါ် အခြေခံပြီး မှတ်ချက်ပေးသူ အများအပြားက လည်း တစ်ဖက်နှင့်တစ်ဖက် အ မုန်းစကားများ ဝင်ရောက်ရေး သားနေသည်။

UWSA သည် တပ်မတော် အစိုးရ လက်ထက်ကတည်းက အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်ထားသည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ ဖြစ်သည်။ UWSA အနေ ဖြင့် လက်ရှိ ဆောင်ရွက်နေသည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ ရေးသဘောတူစာချုပ် (NCA) တွင် ပါဝင်လက်မှတ်ထိုးခြင်း မရှိ သေး၍ NCA ၌ ပါဝင်ရန် အစိုးရ နှင့် တပ်မတော်ခေါင်းဆောင်များ က မကြာခဏ တိုက်တွန်းထား သည်။