ဂိုဏ်းပေါင်းစုံ ဆရာတော်ကြီးများကို ဦးဖြိုးမင်းသိန်း တောင်းပန်

ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ချွတ်ချော်မှားယွင်းမှုနှင့် မပြည့်စုံမှုများရှိခဲ့ပါက ခွင့်လွှတ်သည်းခံပေးရန် တောင်းပန်နေစဉ်(ဓာတ်ပုံ − ဖြိုးမင်းသိန်းဖေ့စ်ဘွတ်ခ်)

 ကျင်းပပြီးစီးခဲ့သည့် ရွှေ တိဂုံစေတီတော်မြတ်ကြီး ဗုဒ္ဓါဘိ သေက အနေကဇာတင် မင်္ဂလာ နှင့် သံဃာတော်အပါး ၁၈,၀၀၀ အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲ တွင် ချွတ်ချော်မှားယွင်းမှုနှင့်မ ပြည့်စုံမှုများ ရှိခဲ့ပါက ခွင့်လွှတ် သည်းခံပေးရန် ရန်ကုန်တိုင်းဒေ သကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကဂိုဏ်းပေါင်းစုံ ဆရာတော်ကြီး များထံ ယမန်နေ့ (ဇန်နဝါရီ ၅ ရက်) က လျှောက်ထားတောင်းပန်ခဲ့သည်။

 ‘‘မသိ နားမလည်ခြင်း ကြောင့်လည်းကောင်း၊ သတိမ သွင်း မေ့လျော့ခြင်းကြောင့်လည်း ကောင်း မပြည့်စုံမှု၊ မှားယွင်းချွတ်ချော်မှု၊ အဆင်မပြေမှုများ ရှိပါက မေတ္တာရှေ့သွား သည်းခံစိတ်ထား တော်မူလျက် တပည့်တော်များအပေါ် ခွင့်လွှတ်တော်မူကြပါ၊ သည်း ခံတော်မူကြပါ၊ စောင့်ရှောက် တော်မူကြပါ’’ ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက လျှောက်ထား သည်။

အဆိုပါတောင်းပန်လျှောက် ထားခြင်း အခမ်းအနားကို ဗဟန်း မြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီး သံဃနာယက အဖွဲ့ရုံးတွင် ပြုလုပ်ခဲ့ပြီး တောင်းပန်မှုကို နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ဆရာတော်အပါအဝင် ဆရာတော်ကြီးများက လက်ခံ ကြောင်း ပြန်လည်မိန့်ကြားသည်။

‘‘ဒီလိုကြီးမားတဲ့ အခမ်းအ နားတွေ၊ ကြီးကျယ်တဲ့ပွဲကြီးတွေ လုပ်တဲ့အခါကာလမှာ များသော အားဖြင့်တော့ ချို့ယွင်းမှုဆိုတာ အနည်းငယ်ရှိတတ်စမြဲပါပဲ’’ ဟု သံဃမဟာနာယက အဖွဲ့အကျိုး တော်တောင် ဆရာတော်က မိန့် ကြားသည်။

 ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း က ရွှေတိဂုံစေတီတော်မြတ်ကြီး ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာနှင့် သံဃာတော်အပါး ၁၈,၀၀၀ အား ဆွမ်းဆန်စိမ်း လောင်းလှူပွဲအောင်မြင်စွာ ကျင်း ပနိုင်ခြင်း အထိမ်းအမှတ်အဖြစ် ကမ္ပည်းကျောက်စာတိုင်နှင့် ပိဋ ကတ်သုံးပုံပါဠိတော် ကျောက်စာ တိုင်များ စိုက်ထူရေးဆာင်ရွက် မည်ဖြစ်ကြောင်း လျှောက်ထား သည်။

  ပိဋကတ်သုံးပုံ ပါဠိတော် ကျောက်စာတိုင်များစိုက်ထူမည့် ကိစ္စသည် သာသနာရေရှည် တည် တံ့ရေး ကောင်းမွန်သော်လည်း ဆရာတော်၊ သံဃာတော်များ၊ ပညာရှင်များနှင့် တိုင်ပင်ဆောင် ရွက်ရန် လိုအပ်ကြောင်း ဂိုဏ်း ပေါင်းစုံ ဆရာတော်များက မိန့် ကြားသည်။

 ‘‘ကျောက်စာကတော့ တာ ဝန်လည်းနည်းနည်းကြီးတယ်။ ကျောက်စာပြုလုပ်တဲ့နေရာမှာ အ မှားမရှိအောင် တာဝန်ယူဖို့က နည်းနည်းခက်တယ်နော်။ အဲဒါကအပြောလွယ်သလောက် အလုပ် အင်မတန် ခက်ပါတယ်’’ ဟု နိုင်ငံ တော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဆရာတော်က မိန့် ကြားသည်။