ရန်ကုန်ဦးဝင်းလှိုင်ကို အရည်အချင်းကိုက်ညီသဖြင့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်ချီးမြှင့်ဟုဆို

 သုဓမ္မမဏိဇောတဓရ ဘွဲ့ပေးအပ်ရန် သတ်မှတ်ထား သည့် အရည်အချင်းများနှင့်ကိုက် ညီမှုရှိ၍ ကနားစီး ရန်ကုန်ဦးဝင်း လှိုင်ကို ယင်းဘွဲ့ချီးမြှင့်ခြင်းဖြစ် ကြောင်း သာသနာရေးနှင့် ယဉ် ကျေးမှုဝန်ကြီးဌာန ပြည်တွင်း၊ ပြည်ပဆက်ဆံရေးနှင့် သတင်း ပြန်ကြားရေးဌာနခွဲ (သာသနာ ရေး)ညွှန်ကြားရေးမှူး ဦးအောင် ဆန်းဝင်းက ပြောကြားသည်။

‘‘အရည်အချင်းနဲ့ကိုက်ညီ လို့ ပေးထားခြင်းဖြစ်ပါတယ်။ သုဓမ္မမဏိဇောတဓရဘွဲ့တံဆိပ် အတွက် အရည်အချင်းကိုးချက်နဲ့ ကိုက်ညီမှ ပေးတာဖြစ်ပါတယ်’’ ဟု ၎င်းက ပြောသည်။


အဆိုပါအချက်ကိုးချက်ကို မူ ၎င်းက အသေးစိတ်ရှင်းလင်း ပြောကြားခြင်းမရှိပေ။

သာသနာတော်ဆိုင်ရာ ဘွဲ့ တံဆိပ်များ ဆက်ကပ်လှူဒါန်း ခြင်းခံရသည့် သံဃာတော်များ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များကို ဇန်နဝါရီ ၄ ရက်က ထုတ်ပြန် ကြေညာရာ ရန်ကုန်အခြေစိုက် နာမည်ကျော် ကနားစီး ရန်ကုန် ဦးဝင်းလှိုင်သည် သုဓမ္မမဏိဇော တဓရဘွဲ့တံဆိပ် ချီးမြှင့်ခြင်းခံရ သည်။

ထိုသို့ ကနားစီးတစ်ဦးကို ထေရဝါဒသာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်ချီးမြှင့်ခြင်းသည် မသင့် လျော်ဟုဆိုကာ ဖေ့စ်ဘွတ်ခ်လူမှု ကွန်ရက်စာမျက်နှာများတွင် ဝေ ဖန်ရေးသားမှုများ ရှိနေသည်။ သို့ သော် ကာယကံရှင် ဦးဝင်းလှိုင်က မူ ၎င်း၏ဘဝတစ်လျှောက် သာသ နာတော်အတွက် လှူဒါန်းခဲ့သည့် မှတ်တမ်းများကို စုစည်း၍ သတ် မှတ်ချက်နှင့်အညီ တင်ပြလျှောက် ထားခဲ့ခြင်းဖြစ်ကြောင်း တုံ့ပြန် သည်။

လျှောက်ထားမှုကို ရပ်ကွက်၊ မြို့နယ်နှင့်တိုင်းအဆင့် အာဏာပိုင်အဖွဲ့အစည်းများက စိစစ်သည့်အပြင် ဌာနဆိုင်ရာတာဝန်ရှိ သူများကလည်း လာရောက်တွေ့ ဆုံ၍ စုံစမ်းမေးမြန်းခဲ့ကြောင်း ဦးဝင်းလှိုင်က ပြောသည်။

‘‘သာသနာတော်ဆိုင်ရာ ဘွဲ့ တံဆိပ်များ ဆက်ကပ် ချီးမြှင့်နိုင် ရန် သက်ဆိုင်ရာတိုင်းဒေသကြီး နှင့် ပြည်နယ်အစိုးရများက စိစစ်တင်ပြလာသူများကို ပြည်ထောင် စုအဆင့် စိစစ်ရေးအဖွဲ့က သတ် မှတ်ချက်များနှင့်အညီ ထပ်မံစိစစ် ၍ အတည်ပြုခြင်းဖြစ်ကြောင်း ဦးအောင်ဆန်းဝင်းက ရှင်းပြ သည်။

‘‘ကျွန်တော်တို့ဆီကို လာ ကြည့်လိုက်ပါ။ ဘာဘွဲ့အတွက် ဘယ်လိုအရည်အချင်းရှိတယ်ဆို တာ သက်မှတ်ထားပြီးသားပါ။ ဘွဲ့ရွေးချယ်ရေးကော်မတီကလည်း အရည်အချင်းနဲ့ကိုက်ညီတဲ့ လူကို ပေးထားတာ ဖြစ်ပါလိမ့်မယ်’’ဟု ၎င်းက ပြောသည်။

သာသနာတော်ဆိုင်ရာ ဘွဲ့ တံဆိပ်များ ဆက်ကပ်လှူဒါန်း ခြင်းနှင့်ပတ်သက်၍ နိုင်ငံတော် သမ္မတရုံးထုတ်ပြန်ချက်တွင် ဆရာတော်ကြီးများ၊ ဂန္ထဓုရပရိ ယတ္တိဝန်ဆောင်စာချဆရာတော် များ၊ ဝိပဿနာဓုရပဋိပတ္တိဝန် ဆောင်ကမ္မဋ္ဌာန်းနည်းပြဆရာ တော်များ၊ နယ်လှည့်ဓမ္မကထိက နှင့် ပြည်တွင်း၊ ပြည်ပသာသနာပြု ပုဂ္ဂိုလ်များ၊ ဗုဒ္ဓသာသနာတော်ကို ပစ္စည်းလေးပါးတို့ဖြင့် ထူးခြားစွာ ထောက်ပံ့လှူဒါန်းသည့် ပုဂ္ဂိုလ် များကို ဆက်ကပ်လှူဒါန်းခြင်းဖြစ် ကြောင်း ပါရှိသည်။

သာသနာတော်ဆိုင်ရာ ဘွဲ့ တံဆိပ်တော်များအတွက် အဓိ ပ္ပာယ်ဖွင့်ဆိုချက်များတွင် သုဓမ္မ မဏိဇောတဓရဘွဲ့တံဆိပ်သည် သာသနာတော်အတွက် မဏိဇော တပတ္တမြားပမာ နှိုင်းယှဉ်အပ်သူ အမျိုးသားဥပါသကာ(စတုတ္ထအ ဆင့်)ဟု ဖော်ပြထားသည်။

‘‘နတ်ကို မိရိုးဖလာအနေနဲ့ လုပ်တယ်ဆိုပြီးတော့ သရဏဂုံ မတည်ဘူးလို့ ပြောလို့မရပါဘူး။ ကိုယ်တိုင် ထေရဝါဒဗုဒ္ဓသာသနာ ကို ကိုးကွယ်သူဖြစ်သလို နှစ်ဖက် အဘိုး၊ အဘွား မိဘတွေကလည်း ဗုဒ္ဓဘာသာဝင်တွေဖြစ်ပါတယ်’’ ဟု ရန်ကုန်ဦးဝင်းလှိုင်က ဝေဖန်မှု များအပေါ် တုံ့ပြန်သည်။