စုံနံ့သာမြိုင်မှာ လောင်တဲ့မီး

(တစ်)

သြော်...ဘယ့်နှာသို့ ဖြစ်ရပြန်တာ ပါလိမ့်။ မနေ့တစ်နေ့ကကိုပဲ အဲ သည့် အခမ်းအနားကို ဂျက်ကွမ်း ခြံကုန်းတက်ရောက်ချီးမြှင့်ခဲ့ရ သေးတဲ့ဟာပဲ ဥစ္စာ။ ဟုတ်တယ် လေ။ တိရစ္ဆာန်သတင်းဌာနပေါင်း စုံက တက်ရောက်လာကြပြီး ဓာတ်ပုံတွေရိုက်ကြ၊ မှတ်တမ်း တင် ဗီဒီယိုတွေရိုက်ကြ၊ တာဝန်ရှိ ပုံရတဲ့ ဟိုစပ်စပ်သည်စပ်စပ် တိရစ္ဆာန်လူကြီးတွေနဲ့ အင်တာ ဗျူးတွေလုပ်ကြနဲ့ အုတ်အော် သောင်းတင်းဖြစ်ခဲ့သေးတာပဲ ဥစ္စာ။ စုံနံ့သာမြိုင်တောက လုပ် သမျှပွဲတိုင်းမှာ အထူးဧည့်သည် တော်အဖြစ်နဲ့ ခဏခဏတက်ခွင့် ရတဲ့ ဂျက်ကွမ်းခြံကုန်းဟာ အဲ သည့်ပွဲမှာလည်း တက်ခဲ့ရပေ တာပ။

တိရစ္ဆာန်တွေဟာ သူတို့နေ  တဲ့ ရိပ်မြုံကလေးတွေမှာ အရှေ့ မျက်နှာစာကိုသာ ကြည့်ပျော်ရှု ပျော်ဖြစ်အောင် လုပ်ထားကြ လေ့ရှိပြီး နောက်ဖေးလမ်းကြား ဘက်ကိုကျတော့ ဖြစ်ကတတ် ဆန်း ပေယျာလကန်ဆိုသလို ပစ် ထားလေ့ရှိတာကြောင့် စုံနံ့သာ မြိုင်ဟာ လူသူလေးပါးဧည့်သည်  စောင်သည်တွေလာရင် နှာခေါင်း ရှုံ့စရာဖြစ်နေရတာမို့ နတ်ဒေဝ တာတို့ ဖန်ဆင်းတဲ့ ဥယျာဉ်ပမာ လှပတင့်ဆန်းစေရန်အလို့ငှာ အ သွင်သစ်ဖန်ဆင်းကြစို့လဗျာဆို ပြီး လုပ်ကြပါလေရောလား။ ဘယ်သူတွေ လုပ်ရမှာတဲ့တုံး။ တိရစ္ဆာန်ခေါင်းဆောင်တချို့ပေါ့။ အဲသမှာ ဂျက်က ဧည့်သည်တော် အဖြစ်နဲ့သွားပြီး လေ့လာသမှုပြုရ တာ။

အို...အမှိုက်သရိုက်တွေ ရှင်းကြ၊ ရေဆိုးမြောင်းတွေပြန်ဖော် ကြ၊ ပန်းအိုးတွေချကြ၊ ရိပ်မြုံရဲ့ နောက်ဖေးနံရံတွေမှာ ပန်းချီတွေ ဆွဲကြနဲ့ ချက်ချင်းကြီးဆိုသလိုကို နတ်ရေကန်ထဲချပြီး ဆွဲမလိုက်တဲ့ နောက်ဖေးလမ်းကြားတွေလို သစ် လွင်လှပရှင်းသန့်သွားလိုက်တာ များဆိုတာ။ တိရစ္ဆာန်တို့ရဲ့ လူနေ မှုဘဝ တစ်ခေတ်ပြောင်းစေရမည် ဆိုတဲ့ အချိုးမျိုးပေါ့။

ဟော...အခု။ ဘယ့်နှာသို့ ဖြစ်ရပြန်တာပါလိမ့်လို့ မဆွက ဂျက်ကွမ်းခြံကုန်းမြည်တလိုက်မိ ခဲ့သလို ဒုံရင်းက ဒုံရင်းပါပဲလား လို့။

သုံးလေးငါးရက်ခန့်ကြာ သည်ရှိလေသော်...။ မူလမဆွက လိုပဲ စားကြွင်းစားကျန်တွေက ဗရပွ။ အမှိုက်သရိုက်တွေက အနန္တ။ အညစ်အကြေးစွန့်ထား တာတွေက ဟိုတစ်စ သည်တစ်စ။အရိုးတွေ၊ အရွက်တွေ၊ အစေ့ တွေ၊ အခွံတွေက ပေကျံရှုပ်ပွ။ ဘယ်တိရစ္ဆာန်ကမှ လှည့်မကြည့် ကြတော့ဘူးခင်ဗျ။

အဲသမှာ ဂျက်က ဘယ့်နှာ သို့ ဖြစ်ရပြန်တာပါလိမ့်လို့ မြည် တမိတာပါ။

(နှစ်)

စုံနံ့သာမြိုင်မှာ အနို့ကလို မြည်တ, မိတာ ဘယ်နှကြိမ် ဘယ် နှခါရှိပြီလဲဆိုတာ ဂျက်အဆွေ တွက်ရေလို့ မရနိုင်တော့ဘူးခင် ဗျ။

တစ်ခါကလည်း မိုးဦးကျ လေဦးကျ။ ထုံးစံအတိုင်းပေါ့။ တိရစ္ဆာန်တို့ဘာသာဘာဝ။ ဖားရှာကြ ငါးရှာကြ။ ရေကြည်ရာမြက်နု ရာ လှမ်းမျှော်ကြ။

အဲသမှာ လူ့ရွာက ပြန်လာ တဲ့ တိရစ္ဆာန်ခေါင်းဆောင်တစ် ကောင်က တောရဂုံပြောမကုန် အောင် နိမ့်ကျနေရတာဟာ သတ္တ ဝါတွေ ပညာဉာဏ်နိမ့်ကျနေကြ ရတာကြောင့်ရယ်လို့ အဖြေရှာ တွေ့ပြီးတဲ့သကာလ ကြွေးကြော် သံတစ်ခုကို ထုတ်ပြန်ပါလေရော လား။ ဘာတဲ့။

ကျောင်းနေအရွယ် တိရစ္ဆာန်ကလေးများ ကျောင်းနေရေး၊ တို့အရေး တို့အရေးဆိုလား။ တိရစ္ဆာန်ပေါက်စကလေးတွေကို တိရစ္ဆာန်ကြီးတွေက လက်ဆွဲပြီး ကျောင်းလာအပ်လိုက်ကြတာ များဆိုတာ။ အက်ကျူကေးရှင်း (Education) ဖြင့် တောကို မြှင့် အံ့ဆိုတဲ့သဘောပေါ့။

ထုံးစံအတိုင်း ဂျက်ဆရာ တက်လာပြီး အားပေးရပြန်တာ ပေါ့။ မိတ်တစ်ပါးအနေနဲ့ ဖိတ် ကြားလာခဲ့ပြန်တာကိုး။

အဲ...သိပ်မကြာပါဘူး။ နောက်သုံးလေးငါးရက်။ ဟုတ် တယ်။ တိရစ္ဆာန်ပေါက်စမှန်သမျှ ကျောင်းတက်ကြရမည်ဆိုတဲ့  ဆောင်ပုဒ်နဲ့အညီ စုံနံ့သာမြိုင်မှာ တိရစ္ဆာန်ပေါက်စကလေးတွေကို ကျောင်းအပ်လို့အပြီး နောက်ထပ် သုံးလေးငါးရက်လောက်လည်း ကြာရော တောထဲက လက်ဖက် ရည်ဆိုင်တစ်ဆိုင်ကို ဂျက်ကွမ်း ခြံကုန်းရောက်တယ်ခင်ဗျ။ စားပွဲ ထိုးက နွားပေါက်စကလေး။ ပါး စပ်မှာ ချိုလိမ်ကလေးစို့လို့။

‘‘ဘဇာသုံးဆောင်မှာတုံး ခင်ဗျ’’ တဲ့။

အံ့ပါ့။ နို့မပြတ်သေးတဲ့ နွား ပေါက်စကလေးက စားပွဲထိုးနေရ တယ်လို့။

‘‘အေးအေး...ကော်ဖီပေါ့။ အနို့နေပါဦး။ မင်းက ကျောင်းမ သွားဘူးလား ဘေဘီဘွတ်အဲရဲ့’’ လို့ ဂျက်က မေးမိပါရဲ့။

‘‘ဒယ်ဒီ ဘွတ်အဲနဲ့ မာမီဘွတ် အဲက စပါးသွားတိုက်နေတာ၊ ဘယ့်နှာလုပ် ကျောင်းတက်မှာ တုံးဗျ၊ သုံးရက်လား တက်ရသေး တယ်၊ ခု...စားပွဲထိုးနေတာ’’တဲ့။

ဘယ့်နှာသို့ ဖြစ်ရပြန်ပါလိမ့်။

(သုံး)

စုံနံ့သာမြိုင်က တိရစ္ဆာန်တွေ ဟာ နယ်ချဲ့ဝါဒီတွေ ခင်ဗျ။

ဘယ်တိရစ္ဆာန်မှ ကိုယ့်အိမ် ကိုယ့်ရာ ကိုယ့်နယ်နိမိတ်ကို အ တိအကျ သတ်သတ်မှတ်မှတ် မနေကြဘူး။ ကိုယ့်ခြံ ကိုယ့်ဝင်းကို နောက်ကိုဆုတ်၊ ရှေ့ကိုတိုး၊ ဘေး ကို ချဲ့နဲ့နေခဲ့ကြတာကြာပေါ့။

အဲသမှာ တောခေါင်းဆောင် တွေက စည်းကမ်းရှိတဲ့ တိရစ္ဆာန် တွေဖြစ်ဖို့ရာ ကြေညာချက်ထွက် လာပါလေရော။

‘‘တိရစ္ဆာန်ရိပ်မြုံ၊ တိရစ္ဆာန် လမ်း၊ တိရစ္ဆာန်ရပ်ကွက် သပ်ရပ် လှပရန် တိရစ္ဆာန် မြေစာရင်းနှင့် တိရစ္ဆာန်စည်ပင် ပေါင်းစပ်၍ မြေနေရာများ ပြန်လည်ကြီးကြပ် တိုင်းထွာစီစဉ်မယ်’’တဲ့။

အို... ဗရုတ်သုတ်ခနဲ့ နေမိ နေရာ နေချင်သလိုနေလာတဲ့ တိရစ္ဆာန်ကလေးတွေဟာ ကိုယ့်  ရိပ်မြုံ ကိုယ့်ခြံကလေးတွေကို ဆုတ်ကြ၊ ရုပ်ကြ၊ ဖြိုကြ၊ ဖျက်ကြ နဲ့။ တောဟာ ခဏတာသပ်ရပ် ကြော့ရှင်းသွားလိုက်တာ။

အဲ... ဘာကြာလို့တုံး။ ရှိလှ တစ်ပတ်ပေါ့၊ ဆယ်ရက်ပေါ့။ ပြန်ချဲ့ ပြန်ကား ပြန်ကျူး ပြန်ကျော်နဲ့ ဩော်... ဘယ့်နှာသို့ ဖြစ်ရပြန်တာ ပါလိမ့်လို့ မြည်တ,ကြရပြန်တာ ပါပဲ။

တောဆိုင်ကယ်တွေဆို လည်း သည်အတိုင်းပါပဲ။ ဘယ် တိရစ္ဆာန်မှ လိုင်စင်မရှိဘူး။ ဝစ် သောက် (Without) ဆိုလား။ မျောက်ပေါက်စကလည်း ဆိုင် ကယ်နဲ့။ ထုန်းထုန်း...ထုန်းထုန်း။ ဝံပုလွေပေါက်စကလည်း ဆိုင် ကယ်နဲ့။ ထိုင်းထိုင်း...ထိုင်းထိုင်း။ တော်ကြာနေ တိုက်ပြန်ပြီ။ တော် ကြာနေ မှောက်ပြန်ပြီ။

အဲသမှာ တိရစ္ဆာန်ယာဉ် ထိန်းရဲတွေ ထွက်လာတော့တာ။ တတွိတွိနဲ့။ ဩော်... ကွေ့ကြ ပတ်ကြ ရှောင်ကြ ရှားကြ။ တော လမ်းဟာ ရှင်းလို့ လင်းလို့။ ဘေး ဘယာဝေးကွာလို့။

မကြာပါဘူး။ တွေ့ရာနံပါတ်ကောက်တပ်ထားတဲ့ ဆိုင်ကယ် တွေရယ်၊ ဘာနံပါတ်မှမပါတဲ့ဆိုင်ကယ်တွေရယ် ဂနိုင်တစ်ဝန်းမှာ အပြိုင်ကြမ်းကြတော့ ပြန်တာပါပဲ။

(လေး)

တောရဂုံဟာ ပြောမယုံ အောင် ဘယ့်နှာကြောင့် ပစ္စန္တရစ် ဖြစ်နေရတာတုံးလို့ စဉ်းစားမိ တော့ တွေ့တဲ့အဖြေက မီးခင်ဗျ။ ခဏခဏ ထ,ထပြီး လောင်တဲ့မီး။ ဘဇာမီးပါလိမ့်မမေးနဲ့။ ကောက် ရိုးမီး။ တော်ကြာနေ ဟုန်းခနဲ၊ တော်ကြာနေ ဟူးခနဲ။ ပြီးရင် ချက်ချင်းငြိမ်း။ အလုပ်တစ်ခုကို နောက်ဆုံးရလဒ်ထွက်သည်အထိ ဘယ် တော့မှ ပြီးအောင်မလုပ်ဘူး။

အလုပ်တိုင်းက တန်းလန်း။ တိရစ္ဆာန်လီဒါတွေက တန်းလန်း လီဒါ။ ဒါကြောင့်မို့ တိရစ္ဆာန်တို့ရဲ့ ပြည်ရွာကလည်း တန်းလန်းပြည် ရွာ။ တစ်ခုမှ မဆုံးဘူး။     ။

(ဖော်ပြပါ သရော်စာသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)