စစ်ကိုင်းတွင် ဖမ်းမိသည့် ရှားပါးမျိုးစိတ်သင်းခွေချပ် ခြောက်ကောင်ကို အလောင်းတော်ကဿပတောအတွင်း လွှတ်မည်

(ဓာတ်ပုံ − စစ်ကိုင်းခရိုင်ရဲတပ်ဖွဲ့)

စစ်ကိုင်းမြို့နယ် ကံတလူတိုးဂိတ်အနီးတွင် ဖမ်းဆီးရမိခဲ့သော ရှားပါးမျိုးစိတ်စာရင်း ဝင် သင်းခွေချပ်ခြောက်ကောင်နှင့် လိပ်ပျော့သုံးကောင်ကို အလောင်းတော်ကဿပတောအတွင်းသို့ ပို့လွှတ်မည်ဖြစ်ကြောင်း မြို့နယ် သစ်တောဦးစီးမှူး ဦးညွန့်လှိုင်က ပြောသည်။

စစ်ကိုင်းမြို့နယ် သစ်တော ဦးစီးနှင့် ခရိုင်ရဲတပ်ဖွဲ့များက တရားမဝင်သစ် ရှာဖွေဖမ်းဆီး ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာ တွင် ခရီးသည်တင် ခြောက်ဘီး ယာဉ်ကို ရှာဖွေရာမှ သိုဝှက်တင် ဆောင်လာသော အဆိုပါ တော ရိုင်းတိရစ္ဆာန်များအား ဇန်နဝါရီ ၅ ရက် နံနက် ၁ နာရီခန့်က သိမ်း ဆည်းရမိခဲ့သည်။

‘‘မနက်ဖြန်ကို အလောင်း တော်ကဿပတောထဲမှာ လွှတ် မှာ။ သင်းခွေချပ်က ရှားပါးမျိုး စိတ်။ လုံးဝကာကွယ်ထားတဲ့ စာ ရင်းထဲမှာပါတယ်။ ရောင်းဝယ် ဖောက်ကားခွင့်လည်း မရှိဘူး။ သယ်လာတဲ့သူတွေကို တောရိုင်း တိရစ္ဆာန် ကာကွယ်ရေးဥပဒေနဲ့ အမှုဖွင့်ထားတယ်’’ဟု ဦးညွန့်လှိုင်က ပြောသည်။

ဖမ်းဆီးရမိထားသည့် သင်း ခွေချပ်များကို လတ်တလော ယာ ယီထိန်းသိမ်းစောင့်ရှောက်ထား ပြီး ဇန်နဝါရီ ၇ ရက်တွင် ဘေးမဲ့ လွှတ်ပေးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ထို့အပြင် သင်းခွေချပ်နှင့်လိပ်ပျော့များ တရားမဝင်သယ် ဆောင်လာသူ ယာဉ်မောင်းနှင့် နောက်လိုက်နှစ်ဦးကို ရွာသစ်ကြီးနယ်မြေရဲစခန်းတွင် တောရိုင်း တိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေး ဥပဒေပုဒ်မ ၃၇ (က)အရ အမှုဖွင့်အရေးယူ ဆောင်ရွက်နေကြောင်း ရဲမှတ် တမ်းတွင် ဖော်ပြထားသည်။

ရှားပါး မျိုးစိတ်သင်းခွေချပ်ကို တရုတ်ပြည်ဘက်တွင် ရောင်းဝယ် ဖောက်ကားကြောင်း ဦးညွန့်လှိုင်ကဆိုသည်။