NCA လက်မှတ်ထိုး၊ မထိုးဆုံးဖြတ်ချက်ပြတ်သားစွာချမှတ်ရန် ကေအိုင်အိုဥက္ကဋ္ဌကို ဗိုလ်မှူးကြီးခွန်ဥက္ကာ တိုက်တွန်း

 တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ်(NCA) လက်မှတ်ထိုး၊မ ထိုးဆုံးဖြတ်ချက်ကို ပြတ်သားစွာ ချမှတ်ရန် ကချင်လက်နက်ကိုင် အဖွဲ့(KIO)ဥက္ကဋ္ဌသစ် ဗိုလ်ချုပ် ကြီးအင်ဘန်လအား NCA လက် မှတ်ထိုးပအိုဝ်းအဖွဲ့ (PNLO) ဦး ဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက တိုက်တွန်းသည်။


ညီညွတ်သောတိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ (UNFC)တွင် KIO နှင့် PNLO တို့ ပါဝင်စဉ်က ဗိုလ်ချုပ်ကြီးအင်ဘန် လသည် UNFC ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ ဗိုလ်မှူးကြီးခွန် ဥက္ကာသည် တွဲဖက်အတွင်းရေး မှူးအဖြစ်လည်းကောင်း ကာလ ရှည်ကြာစွာလုပ်ငန်းများ အတူ လက်တွဲဆောင်ရွက်ခဲ့သည်။

ဗိုလ်ချုပ်ကြီးအင်ဘန်လအ နေဖြင့် KIO ဥက္ကဋ္ဌမဖြစ်မီလွန်ခဲ့ သည့် တစ်နှစ်ခွဲကျော်ကတည်းက ဥက္ကဋ္ဌတာဝန်များ ထမ်းဆောင် နေသည်ဟု သုံးသပ်၍ရကြောင်း ဗိုလ်မှူးကြီးခွန်ဥက္ကာက ဆိုသည်။ လက်ရှိတွင် KIO ဥက္ကဋ္ဌတာဝန် တရားဝင်ရယူထားပြီးဖြစ်၍ NCA လက်မှတ်ထိုး၊ မထိုးဆုံးဖြတ် ချက်ရဲရဲချမှတ်နိုင်သည့် အနေအ ထားရှိပြီဟု ယူဆ၍ရကြောင်း ၎င်းကပြောသည်။

‘‘လက်ရှိ အခြေအနေက တော့ သူ့အနေနဲ့ တရားဝင်ဥက္ကဋ္ဌ တာဝန်ဖြစ်လာပြီဆိုတော့ ဗဟို ကော်မတီမှာလည်း သူ့ရဲ့ ထိန်း ချုပ်မှုရလာမယ်ဆိုတော့ ဆုံးဖြတ် ချက်တွေ ရဲရဲဝံ့ဝံ့သာချလိုက်ဖို့ ကျွန်တော်တို့က တိုက်တွန်းချင် တာပေါ့။ ဘယ်လိုဟာပဲဖြစ်ဖြစ် ပေါ့။ အခုလိုမတင်မကျမဟုတ်ဘဲ နဲ့ ဘာကြောင့် မထိုးဘူးဆိုလည်း မထိုးဘူးပေါ့ဗျာ။ တိုင်းပြည်ရဲ့ လို အပ်ချက်၊ ပြည်သူလူထုရဲ့မေတ္တာ ရပ်ခံချက်ကြောင့် ထိုးမယ်ဆို လည်း ထိုးမယ်ပေါ့။ တစ်ခုခုတော့ ဆုံးဖြတ်ချက်ချလိုက်ဖို့လိုတယ်’’ ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက တိုက် တွန်းသည်။

ဗိုလ်ချုပ်ကြီးအင်ဘန်လ KIO ဥက္ကဋ္ဌအဖြစ်တာဝန်ယူပြီး နောက် အဖွဲ့၏မူဝါဒနှင့် NCA အပေါ် ရပ်တည်ချက်သဘော ထားကို KIO ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူအား မေးမြန်း ရာ ညှိနှိုင်းဆဲဖြစ်သည့် UNFC အဆိုပြုချက်ရှစ်ချက်ကို တပ်မတော်က လိုက်လျောသဘောတူပါက လက်ခံကြောင်း ပြောကြား သည်။

‘‘NCA ကိုတော့ ဒီအပစ်အ ခတ်ရပ်စဲရေး လက်မှတ်ထိုးဖို့ တော့ အဆင်သင့်ဖြစ်ပါတယ်။ ဒါ ပေမဲ့ ကျွန်တော်တို့လိုလားနေတဲ့၊ ကျွန်တော်တို့က နိုင်ငံရေးဆွေး နွေးဖို့အတွက် လိုလားနေတဲ့အ ချက်အလက်တွေ၊ တစ်ဆို့နေတဲ့ အချက်အလက်တွေ၊ အခုဆွေး နွေးနေတုန်းဖြစ်တဲ့ အချက်အ လက်တွေ ပြည့်စုံလာလို့ရှိရင် တော့ ဒါက သူ့ဟာသူလာမယ်လို့ ကျွန်တော်ပြောလိုပါတယ်’’ ဟု ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။

NCA လက်မှတ်ထိုးနိုင်ရေး UNFC ကအဆိုပြုထားသည့် အ ချက်များ၌ နိုင်ငံရေးဆွေးနွေး မှုအဆင့်ဆင့်တွင် ပါဝင်သင့်၊ ပါ ၀င်ထိုက်သူများအားလုံးပါဝင်နိုင် ရန်၊ အပစ်အခတ်ရပ်စဲရေးစောင့် ကြည့်လေ့လာမှုအဆင့်ဆင့်တွင် နိုင်ငံတကာအစိုးရ၊ ပညာရှင် များပါဝင်နိုင်ရန် စသည့်အချက် များပါရှိပြီး ညှိနှိုင်းနေဆဲ ဖြစ် သည်။

KIO အနေဖြင့် မူလက UNFC နှင့်အတူ NCA လက်မှတ် ထိုးနိုင်ရေးညှိနှိုင်းခဲ့သော်လည်း ညှိနှိုင်းမှုမပြေလည်ခြင်း၊ တပ်မ တော်နှင့် KIA အကြားတိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ခြင်းတို့ ကြောင့် ၂၀၁၇ ဧပြီတွင် UNFC မှ နုတ်ထွက်ကာ မြောက်ပိုင်းခုနစ် ဖွဲ့ စုဖွဲ့မှု၌ ပါဝင်ခဲ့သည်။

More in Politics Section