သခင်အုန်းမြင့်နှစ်(၁၀၀)ပြည့်မွေးနေ့ နိုင်ငံရေးအသိုင်းအ၀ိုင်းစုံလင်စွာတက်ရောက်

သခင်အုန်းမြင့် နှစ်(၁၀၀)ပြည့် မွေးနေ့အထိမ်းအမှတ်သို့ တက်ရောက်လာသူအချို့ကို တွေ့ရစဉ် (ဓာတ်ပုံ − နိုင်လင်း)

 မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုကာလကစတင်ကာ ကွယ်လွန်ချိန်အထိ နိုင်ငံရေး သမား၊ စာရေးဆရာအဖြစ်ရပ် တည်ခဲ့သူသခင်အုန်းမြင့်၏ နှစ် (၁၀၀) ပြည့်မွေးနေ့အထိမ်းအ မှတ်အခမ်းအနားကို ဇန်န၀ါရီ ၆ ရက်နံနက်က တက္ကသိုလ်ရိပ်သာ လမ်းရှိ အင်းလျားကန်ဖျား ကျောင်းတိုက်၌ ပြုလုပ်ခဲ့သည်။


ယင်းအခမ်းအနားသို့ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအ လုပ်အမှုဆောင်အဖွဲ့ အတွင်းရေး မှူး အဖွဲ့ဝင်များဖြစ်သည့်ဦးဉာဏ်ဝင်း၊ ဦးဟံသာမြင့်၊ ရန်ကုန်တိုင်း ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊မကွေး တိုင်းဝန်ကြီးဒေါက်တာအောင်မိုး ညိုတို့အပါအ၀င် ဒီချုပ်လွှတ် တော်ကိုယ်စားလှယ်အချို့၊ နိုင်ငံ ရေးအသိုင်းအ၀ိုင်းနှင့် စာပေ အသိုင်းအ၀ိုင်းမှ ထင်ရှားသူများ တက်ရောက်ခဲ့သည်။

၁၉၁၈ တွင် မွေးဖွားသည့် သခင်အုန်းမြင့်၏ နှစ်(၁၀၀) ပြည့် အထိမ်းအမှတ်အဖြစ် အလှူဒါန ပြုလုပ်ရန်၊ မိတ်ဆွေများနှင့်ပြန် လည်တွေ့ဆုံနိုင်ရန်ရည်ရွယ်၍ အဆိုပါအခမ်းအနားပြုလုပ်ခြင်း ဖြစ်ကြောင်း သခင်အုန်းမြင့်၏ သမီးဒေါက်တာနီနီခင်က ပြော ကြားသည်။

သခင်အုန်းမြင့်သည် ယုံ ကြည်ချက်အပေါ် သစ္စာရှိစွာရပ် တည်ခဲ့သူဖြစ်ပြီး ခေတ်အဆက် ဆက် နိုင်ငံရေးမျိုးဆက်များကို လိုက်လျောညီထွေစွာပေါင်းသင်း ဆက်ဆံနိုင်စွမ်းရှိသူဖြစ်ကြောင်း စာရေးဆရာ ထက်မြက်ကပြော သည်။

‘‘သခင်အုန်းမြင့်လို စွန့်လွှတ် အနစ်နာခံတဲ့၊ ယုံကြည်ချက်ကို ခိုင်ခိုင်မာမာစွဲကိုင်တဲ့ နိုင်ငံရေး သမားတွေဖြစ်အောင် နောက် လူငယ်မျိုးဆက်တွေက ကြိုးစား စေချင်တယ်’’ ဟု ၎င်းက ပြော သည်။

သခင်အုန်းမြင့်သည် လွတ် လပ်ရေးကြိုးပမ်းမှုအတွင်း တို့ ဗမာအစည်းအရုံးဝင်အဖြစ် ပါဝင် ဆောင်ရွက်ခဲ့ပြီး ဗိုလ်ချုပ်အောင် ဆန်းနှင့် ရင်းနှီးသူဖြစ်သည်။ ဗိုလ် ချုပ်အောင်ဆန်းကျဆုံးပြီးနောက် ၎င်း၏မိသားစုကို ဆက်လက် ကူ ညီစောင့်ရှောက်ခဲ့ပြီး နိုင်ငံရေး ယုံကြည်ချက်ကြောင့် ထောင်အ ကြိမ်ကြိမ်ကျခံခဲ့ရပြီး ကိုကိုးကျွန်း ပြန် နိုင်ငံရေး အကျဉ်းသား ဟောင်းဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်လူမှုအထောက်အကူပြုအဖွဲ့ ဒုတိယဥက္ကဋ္ဌအဖြစ် ဆောင်ရွက် ခဲ့သော သခင်အုန်းမြင့်သည် အသက်(၉၃)နှစ်အရွယ် ၂၀၁၀ က ကွယ်လွန်ခဲ့သည်။ ၎င်း၏နှစ် (၁၀၀) ပြည့်အထိမ်းအမှတ်အ ဖြစ် ထုတ်ဝေသည့်စာအုပ်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အမှာ စကားရေးသားထားရာ ‘‘အန် ကယ်အုန်းမြင့်ဟာ သစ္စာတရား၊ မေတ္တာတရားခိုင်မာသူပါ’’ ဟု ဖော်ပြထားသည်။