ရန်ကုန်တွင် ယာဉ်တိုက်မှုကြောင့် နှစ်ရက်လျှင် သုံးဦးကျော်နှုန်း သေဆုံးနေ

ယမန်နှစ်အတွင်း ယာဉ်မတော်တဆမှု ၂,၅၀၀ ကျော်ဖြစ်ပွားခဲ့သည်။ (ဓာတ်ပုံ − နစ်ကီ)

ရန်ကုန်တိုင်းအတွင်း နှစ်ရက်လျှင် ယာဉ်တိုက်မှုကြောင့် လူသုံးဦးကျော်နှုန်း သေဆုံးနေ ပြီး တစ်ရက်လျှင် လူကိုးဦးခန့်  ထိခိုက်ဒဏ်ရာရရှိနေကြောင်း အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။

ယမန်နှစ်က ယာဉ်တိုက်မှု ကြောင့် လူ ၅၉၉ ဦး သေဆုံးမှုကို ကိုးကားပြီး ရဲအရာရှိက ပြောကြားခြင်းဖြစ်သည်။

၂၀၁၇ တွင် ယာဉ်တိုက်မှု ကြောင့် အမျိုးသား ၄၈၈ ဦးနှင့် အမျိုးသမီး ၁၁၁ ဦး သေဆုံးခဲ့ သည်။ အမျိုးသား ၂,၃၁၆ ဦးနှင့် အမျိုးသမီး ၉၄၇ ဦး ထိခိုက်ဒဏ် ရာရခဲ့ကြောင်း ရန်ကုန်တိုင်း ယာဉ်ထိန်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။ သေဆုံးသူများထဲတွင် ရန်ကုန်တိုင်းစည်ပင်သာယာ နယ်နိမိတ်အတွင်း ယာဉ်တိုက်မှု ကြောင့်သေဆုံးသူ  ၄၁၀ ဦးပါဝင် ခဲ့သည်။ 

ဖြစ်ပွားသည့် ယာဉ်တိုက် မှုများတွင် အရှိန်ပြင်းမောင်းနှင် ခွင့်ရသည့် နေရာများ၌ ယာဉ် တိုက် မှုနှင့် လူသေဆုံးမှုအများဆုံး ဖြစ်ပွားကြောင်း အထက်ပါရဲအ ရာရှိက ဆက်လက်ရှင်းပြသည်။

၂၀၁၇ အတွင်း ယာဉ်တိုက် မှုနှင့် လူသေဆုံးမှုယခင်နှစ်များ ထက် အနည်းငယ်လျော့ကျ သော်လည်း မသေသင့်ဘဲ သေ ဆုံးရသည့် ယာဉ်မတော်တဆမှုရှိ နေသေးကြောင်း ၎င်းရဲအရာရှိက ပြောသည်။

‘‘ရန်ကုန်စည်ပင်သာယာ နယ်နိမိတ်ထဲမှာဖြစ်တဲ့ ယာဉ် တိုက်မှုတွေက ညဘက်ဖြစ်တာတွေများတယ်။ လမ်းရှင်းတော့ အမြန်မောင်းတယ်။ နေ့လယ်ဘက်မှာ လမ်းရှင်းရင် အမြန်မောင်းတဲ့အခါမှာလည်း ယာဉ်တိုက်မှုဖြစ်တယ်။ လမ်းတွေပိတ်တော့ မြို့ထဲလိုနေရာမျိုးမှာ ယာဉ်တိုက်မှုဖြစ်ရင် လူသေဆုံးမှုနည်းတယ်’’ဟု ယာဉ်ထိန်းရဲအရာရှိ ဒုရဲမှူးဝင်းလွင်က ပြောသည်။

အချို့ ယာဉ်မောင်းများသည် ဆေးရုံကားများနှင့် မီးသတ်ကားများအရေးပေါ်အချိန်တွင် ယာဉ်စည်းကမ်းအရ လမ်းဘေးသို့ချ ပေးရန် သတ်မှတ်ထားသော် လည်း ပြိုင်မောင်းခြင်းနှင့် နောက်မှလိုက်ကာ အရှိန်ပြင်းမောင်းနှင် ခြင်းများရှိနေကြောင်း ၎င်းကပြော သည်။

‘‘လမ်းပိတ်တဲ့နေရာတွေ များတော့ ယာဉ်တိုက်မှုနည်းလာ တယ်။ လမ်းမပိတ်တဲ့နေရာတွေ ရောက်ရင် ကားတွေက အရမ်း မောင်းတော့ ယာဉ်တိုက်မှုတွေ ဖြစ်တယ်။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေသိအောင် အသိ ပညာပေးနေပေမယ့် ထိရောက် မှုနည်းနေတယ်လို့ မြင်ပါတယ်’’ ဟု အမှတ်(၂) ယာဉ်ထိန်းရဲတပ် ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြော သည်။

၂၀၁၆ အတွင်း ယာဉ်တိုက် မှု ၂,၇၀၆ မှုဖြစ်ပွားကာ သေဆုံး သူ ၆၂၃ ဦးရှိပြီး ၃,၄၀၀ ဦးထိခိုက် ဒဏ်ရာရခဲ့သည်။ ၂၀၁၇ တွင် ယာဉ်တိုက်မှု ၂,၅၇၁ မှုဖြစ်ပွား ကာ သေဆုံးသူ ၅၉၉ ဦးနှင့် ထိ ခိုက်ဒဏ်ရာရသူ ၃,၂၆၃ ဦးထိ ရှိခဲ့သည်။