လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ ဓာတ်ပုံနဲ့ပတ်သက်ပြီး ဟာသလို့ပဲ သဘောထားတဲ့ G-Fatt

သွားတိုက်နေသည့် ဓာတ်ပုံကို သူငယ်ချင်းတစ်ဦးက ဖေ့စ်ဘွတ်ခ်တွင် မွေးနေ့ဆု တောင်းအနေဖြင့် စနောက်၍ တင်ခဲ့ကြောင်း အဆိုတော် G-Fatt က ပြောကြားသည်။

‘‘စစချင်းတုန်းကတော့ လူ ငယ်ပဲ။ စိတ်ဆိုးပြီး ဒီကောင့်ကို ဖုန်းဆက်ပြီးပြောတာပေါ့။ မင်းက လည်း အဲဒီလောက်တော့ မလုပ် သင့်ဘူးလို့။ ဒီကောင်လည်း ချက် ချင်းပြန်ဖျက်တယ်။ ဒါပေမဲ့ မမီ တော့ဘူး’’ဟု ဖေ့စ်ဘွတ်ခ်တွင် ပျံ့နှံ့နေသည့် ဘောင်းဘီတိုနှင့် သွား တိုက်နေသည့် ဓာတ်ပုံအကြောင်း ကို G-Fatt က ပြောသည်။

အဆိုပါဓာတ်ပုံကို ဖေ့စ်ဘွတ်ခ်အသုံးပြုသူများက ဖိုတို ရှော့ပြုလုပ်၍ ပြန်လည်မျှဝေခဲ့ပြီး အားလုံးလည်း ပျော်ရသောကြောင့် ယင်းကဲ့သို့ မျှဝေမှုများအပေါ် ဟာသတစ်ခုကဲ့သို့ သဘောထားကြောင်း ၎င်းက ဆိုသည်။

‘‘သူတို့လည်း ကျွန်တော့်ကို မုန်းလို့ Troll တယ်လို့ မယူဆပါ ဘူး။ ဒါက ဟာသဖြစ်နေတာကိုး။ ကျွန်တော်လည်း ပရိသတ်ဆို ဒီ လိုမျိုးအနုပညာရှင်တစ်ယောက် ရဲ့ ပုံတက်လာရင် နောက်ချင်မိ မှာပဲ။ အဲဒါကို ကိုယ်ချင်းစာပါ တယ်’’ဟု G-Fatt က ပြောသည်။အဆိုပါဓာတ်ပုံသည် လွန်ခဲ့ သော ခြောက်နှစ်ခန့်က ပုံဖြစ်ပြီး သူငယ်ချင်းများ ပြသောကြောင့် ဓာတ်ပုံတော်တော်များများတွေ့ရကြောင်း၊ ‘သွားတိုက်နေတယ် မအားသေးဘူး’ဟု Troll ထားသည့် ဓာတ်ပုံကို သဘောကျကြောင်း ၎င်းက ဆိုသည်။

အဆိုပါဓာတ်ပုံနှင့်အတူ G-Fatt ၏ အခြားဓာတ်ပုံများနှင့် စုပေါင်းပြုလုပ်ထားသည့် Troll များလည်း ယခုရက်ပိုင်းအတွင်း ဖေ့စ်ဘွတ်ခ်တွင် ပျံ့နှံ့နေသည်။

လတ်တလောအနုပညာ လှုပ်ရှားမှုအနေဖြင့် နယ်ဖျော်ဖြေ ပွဲများ ဆက်တိုက်သွားဖြစ်နေပြီး ၎င်းပါဝင်သရုပ်ဆောင်ထားသည့် ကိုယ့်သမိုင်းကိုယ်ရေးကြသူများ -၂ ရုပ်ရှင်ဇာတ်ကားလည်း ဇန်န၀ါရီ ၁၂ ရက်တွင် ရုံတင်မည်ဟု G-Fatt က ပြောသည်။

‘‘အစ်မနဲ့ ရန်ဖြစ်တဲ့ အခန်း တွေကို အားရတယ်။ သူက အဆို တော်တစ်ယောက်ဖြစ်ချင်တယ်။ သူငယ်ချင်းတွေကိုလည်း အဆို တော်ဖြစ်စေချင်တယ်။ ကျွန်တော်ငယ်ငယ်တုန်းက ပုံစံမျိုး ကာရိုက် တာနည်းနည်းပါတယ်။ ရုပ်ရှင်ထဲ မှာတော့ အဆင်ပြေအောင် ရိုက် ထားတာပေါ့။ အပြင်မှာတော့ ပို ကြမ်းတယ်’’ဟု ကိုယ့်သမိုင်းကိုယ် ရေးကြသူများ-၂ ရုပ်ရှင်ဇာတ်ကားနှင့် ပတ်သက်၍ ၎င်းက ပြောသည်။