အိမ်ထောင်ပြုပြီးနောက် အမေရိကန်မှာ ကျောင်းသွားတက်မယ့် မြတ်ပုဏ္ဏမီနိုင်

၂၀၁၈ နှစ်ဆန်းတွင်မင်္ဂလာပွဲလေးပွဲပြုလုပ်၍ ဇန်န ဝါရီအတွင်း အမေရိကန်နိုင်ငံသို့ သွားရောက်ကာ ကျောင်းတက် မည်ဖြစ်ကြောင်း မော်ဒယ်မြတ် ပုဏ္ဏမီနိုင်က ပြောသည်။

‘‘အနုပညာအလုပ်တွေက တော့ ညီမကို အားပေးတဲ့ ပရိ သတ်တွေရှိသလောက် ဆက်လုပ် ချင်ပါသေးတယ်။ ဒါပေမဲ့ အမျိုး သားနဲ့တော့ သေချာမတိုင်ပင်ရ သေးပါဘူး။ အမျိုးသားက ခွင့်ပြု တယ်ဆိုရင်တော့ ညီမဆက်လုပ် မှာပါ။ ဒါပေမဲ့ ဒီလထဲမှာပဲ အမျိုး သားနဲ့အတူတူ အမေရိကန်မှာ Business Management နဲ့ပတ် သက်ပြီး ကျောင်းသွားတက်မှာ ဖြစ်တဲ့အတွက် ပြန်လာမှပဲ အနု ပညာအလုပ်တွေ ဆက်လုပ်ဖြစ် မှာပါ’’ဟု ၎င်းက ပြောသည်။

အမေရိကန်၌ သုံးနှစ် (သို့ မဟုတ်) လေးနှစ်ကြာ ကျောင်း တက်ရန် စီစဉ်ထားပြီး ကျောင်း ပိတ်ရက်များမှသာ ရန်ကုန်သို့ ပြန်လာမည်ဟု မြတ်ပုဏ္ဏမီနိုင်က ပြောသည်။

မင်္ဂလာပွဲနှင့်ပတ်သက်၍ ၎င်းအသုံးပြုသည့် လူမှုကွန်ရက် အကောင့်၌ ဇန်နဝါရီ ၁ ရက်ကကြေညာချိန်တွင် ပရိသတ်များ အံ့အားသင့်ပြီး  ဂုဏ်ပြုအားပေးသည့် ပရိသတ်များစွာရှိခဲ့သည်။

ဒီဇင်ဘာ ၃၀ ရက်တွင် စေ့ စပ်ပွဲနှင့် ဇန်နဝါရီ ၂ ရက်တွင် လက်မှတ်ထိုးပွဲကို ၎င်းအမျိုးသား ၏ အဘွားနှင့် ဦးလေးခြံ၌ ကျင်းပ ခဲ့သည်။

ဇန်နဝါရီ ၃ ရက် ညနေက Lotte ဟိုတယ်တွင် နှစ်ဖက်မိဘ ဆွေမျိုးများနှင့်  ဧည့်ခံပွဲပြုလုပ်ပြီး ဇန်နဝါရီ ၅ ရက် ညနေက နိုဗို တယ်ဟိုတယ်၌ ဧည့်ခံပွဲပြုလုပ်ခဲ့ သည်။

‘‘နှစ်ဖက်မိဘကတော့ နှစ်နဲ့ ချီပြီး စကားပြောထားကြတာကြာ ပါပြီ။  ညီမတို့ကိုလည်း တစ် ယောက်နဲ့တစ်ယောက် စကားပေး ပြောထားတယ်။ ညီမ တို့ကြိုက်ရင် ပေးစားမယ်ပေါ့။ အဓိက က သူတို့ဘက်က ကမ်းလှမ်းလာတာပါ။  ကမ်းလှမ်းပေမယ့် ညီမမိဘတွေက မေတ္တာပါမှ လက်ခံမယ်ဆိုပြီး စောင့်ကြည့်ပေးတယ်။ ညီမကိုယ်တိုင် မေတ္တာပါလို့ လက်ခံဖြစ်တာပါ။ မင်္ဂလာပွဲ ကဝုန်းဒိုင်းလုပ်လိုက်တာတော့ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ သုံးလလောက်ကတည်းက အားလုံးစီစဉ်ပြီးမှ လုပ်ခဲ့တာပါ’’ဟု ၎င်းက ပြောသည်။ 

ခင်ပွန်းဖြစ်သူ ကိုဝင်းမြတ်နိုင်သည် ဆန်ဖရန်စစ္စကိုမြို့၌ Civil Engineering ကျောင်းတက်နေပြီး ၎င်းထက် ၂ နှစ်ကြီးကြောင်း မြတ်ပုဏ္ဏမီနိုင်က ပြောသည်။