မိုးကုတ်နှစ် (၈၀၀) ပြည့် လိုဂိုအသုံးပြုခွင့် တင်ဒါကြေး ကျပ်သိန်း ၁၀၀ ကျော်ရရှိ

ပတ္တမြားမြေဟုထင်ရှားသော မိုးကုတ်မြို့ကို တွေ့ရစဉ် (ဓာတ်ပုံ − မောင်တာ)

မိုးကုတ်နှစ်(၈၀၀)ပြည့် ပွဲတော် အထိမ်းအမှတ်လိုဂိုကို အမှတ်တရပစ္စည်းများတွင် အသုံးပြုရန် ဇန်နဝါရီ ၅ ရက်က တင်ဒါခေါ်ယူရာ ကျပ်သိန်း ၁၁၀ ကျော်ရရှိကြောင်း နှစ် (၈၀၀) ပြည့် ပွဲကျင်းပရေးကော်မတီ ပြန်ကြားရေးမှူး ဦးဝင်းသူရက ပြောသည်။

နှစ် ၈၀၀ ပြည့်ပွဲလိုဂိုကို အင်္ကျီအမျိုးမျိုး၊ ခမောက်၊ ဦးထုပ်၊ ရေသန့်၊ Mp3 စသည့် ပစ္စည်းများ တွင် အသုံးပြုရန် တင်ဒါခေါ်ယူရာမှ ရရှိခဲ့ပြီး အခြားသော ကျောက်ပန်းချီ၊ သော့ချိတ်နှင့် ကျန်ရှိ အမှတ်တရ ပစ္စည်းများအတွက် လည်း တင်ဒါခေါ်ယူသွားမည် ဖြစ်သည်။

‘‘နှစ် (၈၀၀) ပြည့်ပွဲကျင်းပဖို့ အသုံးစရိတ်ရှာတာပေါ့။ ဒီပိုက်ဆံတွေအကုန်လုံးက ပွဲလုပ်ဖို့အ တွက်ပါပဲ။ ဒီလိုဂိုအသုံးပြုချင်သူ တွေအတွက် သူတို့ရဲ့စိတ်ကူးအ မျိုးမျိုးရှိတဲ့အပေါ်မှာ တင်ဒါခေါ် ယူရမှာပဲ။ သုံးစွဲခွင့်ကိုတော့ ဒီနှစ် ကုန်အထိ သတ်မှတ်ထားတယ်’’ ဟု ဦးဝင်းသူရက ပြောသည်။

မိုးကုတ်မြို့တည်နှစ်(၈၀၀) ပြည့်ပွဲကို လာမည့် မတ်လကုန် တွင် သုံးရက်ကြာကျင်းပမည်ဖြစ် ပြီး လက်ရှိတွင် အားကစားပြိုင်ပွဲ အချို့ မိုးကုတ်မြို့တွင် ကျင်းပ နေပြီဖြစ်သည်။

မိုးကုတ်မြို့တည်နှစ်(၈၀၀) ပြည့်ပွဲကို ကျောက်မျက်ရတနာ နှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရန်၊ မိုးကုတ်ဒေသ၏ အလှအပနှင့် မိုးကုတ်ဒေသတွင် နေထိုင်သည့် တိုင်းရင်းသားများ ၏ရိုးရာယဉ်ကျေးမှုများကို မြန်မာ နိုင်ငံအတွင်းသာမက ကမ္ဘာက သိရှိရန်နှင့် မျိုးဆက်သစ်များကိုသမိုင်းအမွေလက်ဆင့်ကမ်းပေး နိုင်ရန် ရည်ရွယ်ကျင်းပသည်။

မိုးကုတ်မြို့တွင် ဗမာ၊ လီဆူ၊ ရှမ်း၊ ပလောင်စသည့် တိုင်းရင်းသားများ နေထိုင်ပြီးကမ္ဘာကျော် ပတ္တမြားအပါအဝင် အဖိုးတန်ကျောက်မျက်ရတနာ မျိုးစုံထွက်ရှိမှုကြောင့် ထင်ရှားသည်။  

  မိုးကုတ်မြို့သည် တောတောင်များပတ်လည် ဝိုင်းကာ အေးမြသော ရာသီဥတုနှင့် သမိုင်းဝင်စေတီပုထိုး မြောက်မြားစွာတည်ရှိသောမြို့ဖြစ်သည်။

More in Regional Section