တိုင်းအစိုးရဆောင်ရွက်သည့် စီမံကိန်းများကို မတင်ပြပါက ဖွဲ့စည်းပုံအရ တုံ့ပြန်မည်ဟု တနင်္သာရီတိုင်း လွှတ်တော်ဥက္ကဋ္ဌပြော

တနင်္သာရီတိုင်းလွှတ်တော် ဥက္ကဋ္ဌကို တွေ့ရစဉ်(fb.com/Tanintharyi Region)

 သရက်ချောင်းမြို့နယ် ငါးလေလံဈေးနှင့် ဖွံ့ဖြိုးရေးဇုန် စီမံကိန်းအပါအဝင် အခြားသော စီမံကိန်းလုပ်ငန်းများနှင့် ပတ် သက်သည့် အချက်အလက်များ ကို သတ်မှတ်ချိန်အတွင်း လွှတ်တော်သို့ တင်ပြခြင်းမရှိပါက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တုံ့ပြန်ဆောင်ရွက်မည်ဟု တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်အေးက 7Day Daily သတင်းစာအား ပြောသည်။

လက်ရှိတွင် တနင်္သာရီတိုင်း အစိုးရက ငါးလေလံဈေးနှင့် ဖွံ့ဖြိုးရေးဇုန်စီမံကိန်းကို ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် ဆင်ဖြူပြင် ကျေးရွာအနီးရှိ လယ်ဧက ၁၈၀ ခန့်တွင် အကောင်အထည်ဖော် ဆောင်ရွက်နေသည်။ ယင်းနေရာ သို့ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ ကိုယ်တိုင် ၂၀၁၇ ဒီဇင်ဘာ ၃ ရက်ထားဝယ်ခရီးစဉ်အတွင်း သွား ရောက်ကြည့်ရှုပြီး ဥပဒေနှင့်အညီ ဆောင်ရွက်ရန် မှာကြားခဲ့သည်။


အဆိုပါ စီမံကိန်းကို ပြည်တွင်းကုမ္ပဏီတစ်ခုဖြစ်သည့် Global Grand Service က လုပ်ကိုင်ခွင့် ရရှိထားပြီး ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ကန်ဒေါ်လာ ၁၀ သန်းခန့်ရှိမည်ဟု ထုတ်ပြန်ထားသည်။

အဆိုပါ စီမံကိန်းကြောင့် ဒေသခံများ အလုပ်အကိုင်ရရှိ ရေး၊ ငါးနှင့်ပတ်သက်သည့် ကုန် ထုတ်လုပ်မှုနည်းပညာရရှိရေး၊ နိုင်ငံတကာအဆင့်မီ တန်ဖိုးမြင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး နှင့် ပြည်တွင်း၊ ပြည်ပသို့ ဖြန့်ဖြူး နိုင်ရေး၊ ပြည်တွင်းမှ ငါးများ ရောင်းချရာတွင် ဈေးကောင်းရရှိ ရေးနှင့် နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အထောက်အကူ ပြုနိုင်ရန် ရည်ရွယ်ပြီး ငါးလေလံ ဈေးနှင့် ဖွံ့ဖြိုးရေးဇုန် တည် ဆောက်ခြင်းဖြစ်ကြောင်း နိုင်ငံ တော်သမ္မတရုံးက ၂၀၁၇ ဒီဇင် ဘာ ၃ ရက်တွင် သတင်းထုတ်ပြန် ထားသည်။

သို့ရာတွင် ၂၀၁၇ စက်တင် ဘာက ပြုလုပ်သည့် တိုင်းလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး နောက်ဆုံးနေ့၌ တိုင်းအစိုးရအဖွဲ့ က အကောင်အထည်ဖော်ဆောင် ရွက်နေသည့် စီမံကိန်းလုပ်ငန်းအားလုံးနှင့်ပတ်သက်သော အချက်အလက်များကို လွှတ်တော် သို့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၅၁ နှင့်အညီ တင်ပြရန် လွှတ် တော်ဥက္ကဋ္ဌက တိုင်းအစိုးရအဖွဲ့ ကို သတိပေးပြောကြားခဲ့သည်။

သို့သော် ယနေ့အချိန်ထိ သရက်ချောင်း ငါးလေလံဈေးနှင့် ဖွံ့ဖြိုးရေးဇုန်စီမံကိန်းနှင့် ပတ် သက်သည့် အချက်အလက်များ ကို လွှတ်တော်သို့ တင်ပြခြင်းမရှိ ကြောင်း ၎င်းက ဆိုသည်။

‘‘ပထအဆင့်အနေနဲ့ သတိ ပေးတယ်။ အခုအစိုးရက တင်ပြ ဆောင်ရွက်လာဖို့ အချိန်ကာလ တစ်ခုကို စောင့်နေတယ်။ အချိန် အနည်းငယ်ပဲစောင့်နေတယ်။ ဘယ်လိုမှ လုပ်လို့မရရင် အခြေခံ ဥပဒေအရ သွားမယ်’’ဟု ဦးခင် မောင်အေးက ဆိုသည်။

သို့သော် ယင်းစီမံကိန်းနှင့် ပတ်သက်သည့် အချက်အလက် များတင်ပြလာမည့်အချိန်ကို လွှတ်တော်အနေဖြင့် မည်မျှကြာ သည်အထိ စောင့်ဆိုင်းမည်ကို လွှတ်တော် ဥက္ကဋ္ဌက အသေးစိတ် ဖြေဆိုခြင်းမပြုပေ။

 ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၅၁ တွင် တိုင်းအစိုးရအဖွဲ့ အနေဖြင့် ပြည်ထောင်စုအစိုးရ၏ မူဝါဒများနှင့်လည်းကောင်း၊ ပြည် ထောင်စုဥပဒေများနှင့်လည်း ကောင်း မဆန့်ကျင်စေဘဲ တိုင်း အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် စီမံကိန်းများကို တိုင်းလွှတ်တော်၏ သဘောတူညီ ချက်ဖြင့် အကောင်အထည်ဖော် ရမည်ဟု ပြဋ္ဌာန်းထားသည်။

တနင်္သာရီတိုင်းအစိုးရအဖွဲ့ စီမံဘဏ္ဍာဝန်ကြီး ဦးဖြိုးဝင်းထွန်း ကမူ အဆိုပါစီမံကိန်းကို၂၀၁၇ မေလကစ၍ လယ်မြေများပေါ်၌ မြေဖို့၍ လမ်း ဖောက်လုပ်နေပြီး လွှတ်တော်သို့ သင့်လျော်သည့်အချိန်အတွင်း တင်ပြမည်ဟု ဇန်နဝါရီ ၆ ရက်က ရှင်းပြသည်။

‘‘လွှတ်တော်ကို တင်ပြဖို့ အစီအစဉ်ရှိပါတယ်။ ကျွန်တော် တို့ ကက်ဘိနက် (အစိုးရအဖွဲ့) အစည်းအဝေးထိုင်ပြီးတော့ လုပ် ငန်းတွေ စတင်တဲ့အချိန် သင့် တော်တဲ့အချိန်ပေါ့။ ဒေသတွင်း မှာလုပ်တဲ့ စီမံကိန်းအားလုံးကို လွှတ်တော်ကို တင်ပြဖို့လည်း လို တယ်လေ။ လုပ်ရမယ့်အပိုင်းတွေ လည်း လွှတ်တော်နဲ့ ညှိနှိုင်းပြီး တော့ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားမယ်’’ဟု ၎င်းက ပြောသည်။

ထို့အပြင် တိုင်းအစိုးရအဖွဲ့ အနေဖြင့် လက်ရှိတွင် လွှတ်တော် သို့ တင်ပြထားခြင်းမရှိဘဲ အ ကောင်အထည်ဖော်ဆောင်ရွက် နေသည့် အခြားစီမံကိန်းလုပ်ငန်း များလည်း ရှိနေနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ပြောသည်။

‘‘လွှတ်တော်က ဥပဒေအရ ပြောတယ်။ အခြေခံဥပဒေနဲ့ လွတ်နေတဲ့အကြောင်းလည်း ပြည့်ပြည့် စုံစုံပြောထားပြီးပြီ။ အစိုးရဘက် က တကယ်ပဲ ဆောင်ရွက်ချင် စိတ်ရှိပြီး ဥပဒေနဲ့အညီ လိုက်နာ ဖို့လိုတယ်’’ဟု ဦးခင်မောင်အေး က ဆိုသည်။

အဆိုပါ သရက်ချောင်းစီမံ ကိန်းကို ဒေသခံလူထုက အ ကောင်အထည် ဖော်လိုသည့် သဘောထားရှိသော်လည်း တိုင်းလွှတ်တော်သို့ တင်ပြခြင်းမရှိဘဲ တိုင်းအစိုးရက ၎င်းတို့အစီအစဉ် အတိုင်း ဆောင်ရွက်နေခြင်း ကြောင့် လွှတ်တော်ကိုယ်စား လှယ်များက သံသယရှိသည်ဟု သရက်ချောင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဝေဝေလွင်က ပြောသည်။

 သို့သော်လွှတ်တော်အနေဖြင့် တိုင်းအတွင်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့် စီမံကိန်းများ နှင့်ပတ်သက်သည့် အချက်အလက်များကို အစိုးရအဖွဲ့က တင်ပြလာမည့်အချိန်ကို စီမံကိန်း စတင်သည့်မေလကစ၍ ခုနစ်လ ခန့်ကြာသည်အထိ စောင့်ဆိုင်းနေခြင်းမျိုးသည် မဖြစ်သင့်ဘဲ လွှတ်တော်ဆိုင်ရာဥပဒေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေတို့နှင့်အညီ ဆေလျင်စွာ အရေးယူဆောင်ရွက်သင့်ကြောင်း နိုင်ငံရေးလေ့လာသူ ထားဝယ်မြို့ခံတစ်ဦးက ဝေဖန် သည်။

‘‘အုပ်ချုပ်မှုအာဏာ၊ ဥပဒေ ပြုရေးအာဏာ။ တရားစီရင်ရေး အာဏာ သုံးခုကို အပြန်အလှန် ထိန်းကျောင်းဖို့ နိုင်ငံတော်ဖွဲ့စည်း ပုံအခြေခံဥပဒေမှာ ပြဋ္ဌာန်းပြီး သား။ အဲဒါကြောင့် ဥပဒေအရ ထိန်းကျောင်းရမှာ။ ပြည်သူတွေ က တရားဥပဒေစိုးမိုးမှုကို လိုချင် တာ’’ဟု ၎င်းက ပြောသည်။

ရခိုင်ပြည်နယ်တွင် ပြည်နယ်စည်ပင်ဝန်ကြီးကို ဈေးတင်ဒါခေါ်ခြင်းနှင့် အ ခြားစီမံကိန်းများကို လွှတ်တော်၏ ခွင့်ပြုချက်မယူဘဲ လုပ်ဆောင်ခဲ့သည့် အတွက် ဥပဒေအရ ပေးအပ်သည့်တာဝန်များ မကျေပွန်ဟုဆိုကာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက စွပ်စွဲပြစ်တင်ခဲ့ပြီး တာဝန်မှ ရပ်စဲရန် ဇန်နဝါရီ ၂ ရက်တွင် လွှတ်တော်က ဆုံးဖြတ်ခဲ့သည်။

More in News Section