ခိုးသွင်းလာသောထိုင်းဝက်များကို သယ်ဆောင်လာသည့် ကား ၁၁ စီး ဖမ်းမိ

ဖမ်းမိထားသော တရားမ၀င်ထိုင်းဝက်များကို တင်ဆောင်လာသည့် ကားတစ်စီး (ဓာတ်ပုံ − သန္တာလှိုင်)

 ပေါင်မြို့နယ်တွင် အ ထောက်အထားမဲ့ ထိုင်းဝက်များ တင်ဆောင်လာသည့် ကား ၁၁ စီး ဖမ်းဆီးမိကြောင်း မွန်ပြည်နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာ အောင်သန်းဝင်းက ပြောသည်။

ဇန်နဝါရီ ၅ ရက်က ကား ၁၁ စီးအတွင်း ထိုင်းနိုင်ငံမှ ဝက် ၃၄၉ ကောင်ကို အထောက်အထားမဲ့ တင်ဆောင်လာသဖြင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့က ဖမ်းဆီးပြီး မုတ္တမနယ်မြေရဲစခန်းတွင် အမှုဖွင့်အရေးယူခဲ့ကြောင်း ၎င်းက ဆို သည်။‘‘ဝက်တွေကိုတော့ မော်လ မြိုင်မြို့မှာ ယာယီထိန်းသိမ်းထား တယ်။ ဝက်တင်ဆောင်လာတဲ့ ကားတွေနဲ့ ကားမောင်းတဲ့သူတွေ ကိုတော့ မွန်ပြည်နယ် အစိုးရအ ဖွဲ့ လမ်းညွှန်မှုနဲ့ ရှေ့ဆက်ဆောင် ရွက်သွားမယ်။ ယာဉ်မောင်းက ငါးဦးပါ။ ကျန်တဲ့ ယာဉ်မောင်း တွေက ကားတွေကိုထားပြီး ထွက်ပြေးသွားတယ်။ ဖမ်းထားတဲ့ ဝက် တွေကို ရောဂါရှိ၊ မရှိ ရန်ကုန် ဓာတ်ခွဲခန်းကို မနေ့က ပို့ထား တယ်’’ဟု ဒေါက်တာအောင်သန်း ဝင်းက ပြောသည်။

မွန်ပြည်နယ်တွင် ထိုင်းနိုင်ငံ မှ အထောက်အထားမဲ့ တင် ဆောင်လာသည့် ဝက်ကားများကို ဆက်တိုက် ဖမ်းဆီးနေသည်။ မော်လမြိုင်မြို့တွင် ၂၀၁၇ ဒီဇင် ဘာ ၂၃ ရက်က ဝက်အကောင် ၇၀ ခန့်နှင့် ဒီဇင်ဘာ ၂၄ ရက်က ဝက်အကောင် ၁၂၅ ကောင် စုစု ပေါင်း ၁၉၅ ကောင်ကို ဖမ်းရမိ ပြီး ဝက်တင်လာသူလေးဦးကို ဒီဇင်ဘာ ၂၁ ရက်က မော်လမြိုင်မြို့နယ် တရားရုံးက ထောင်ဒဏ် တစ်နှစ်ချမှတ်ခဲ့သည်။ ထို့အပြင် ဇန်နဝါရီ ၅ ရက်က သထုံမြို့နယ်တွင် ဝက် ၈၅ ကောင်ကို တရားမဝင် တင်ဆောင်လာသူငါးဦးကို သထုံမြို့နယ် တရားရုံးက ထောင်ဒဏ်တစ်နှစ်ချမှတ်ခဲ့သည်။

ထိုင်းဝက်များကို အထောက်အထားခိုင်ခိုင်မာမာရှိပါက ဆက် လက်တင်သွင်းခွင့်ပြုမည်ဖြစ်ပြီး သက်သေအထောက်အထားစာ ရွက်စာတမ်း မရှိပါက ဆက်လက်ဖမ်းဆီးမည်ဖြစ်ကြောင်း ဒေါက်တာအောင်သန်းဝင်းက ဆိုသည်။

ထိုင်းဝက်များ တရားမဝင် တင်သွင်းခြင်းကြောင့် ဒေသတွင်း ဝက်မွေးမြူသူများ ဆုံးရှုံးနစ်နာမှု ရှိနေသဖြင့် မွေးမြူရေးသမားများ ၏ အကျိုးစီးပွားထိခိုက်နေသည် ကို ကာကွယ်ပေးရန်နှင့် ဖြေရှင်းပေးရန် ၂၀၁၇ ဒီဇင်ဘာက မွန်ပြည်နယ် မွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်က ပြည်နယ်အစိုးရအဖွဲ့ထံ တင်ပြထားသည်။

ထိုင်းဝက်တစ်ကောင်လျှင် ကာလပေါက်ဈေး ကျပ်သုံးသိန်း ကျော်ရှိပြီး ယခင်ဖမ်းဆီးမိထား သည့် ဝက်များကို ပြည်နယ်အ တွင်း လေလံတင်ရောင်းချမည် ဖြစ်ကြောင်း မွေးမြူရေးနှင့် ကုသ ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ် ဦးက ဆိုသည်။

More in Business Section