SME လုပ်ငန်းများကို သုံးနှစ်အတွင်း ကျပ်ဘီလီယံ ၆၀ ကျော် ထုတ်ချေးခဲ့ဟု JICA ထုတ်ပြန်

သုံးနှစ်အတွင်း ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ (JICA)  ၏ နှစ်ဆင့်ချေးငွေများကို အသေး စား၊ အလတ်စား (SME) ကုန် ထုတ်လုပ်မှုလုပ်ငန်းများတွင် အ များဆုံး ချေးပေးခဲ့ပြီး ကျပ် ၃၉ ဒသမ ၇ ဘီလီယံရှိကြောင်း အစိုး ရက ဇန်န၀ါရီ ၇ ရက်၌ သတင်း ထုတ်ပြန်သည်။

၂၀၁၅ ဧပြီမှ ၂၀၁၇ နိုဝင် ဘာအထိ ကျပ်ဘီလီယံ ၆၀ ကျော်ချေးငွေထုတ်ပေးခဲ့ပြီး အထက်ပါ ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အများဆုံး ချေးပေးခဲ့ကြောင်း မြန်မာ့စီးပွားရေးဘဏ်က ထုတ်ပြန်သည်။

ဒုတိယအများဆုံး ချေးငွေ ကို အသေးစား၊ အလတ်စား ၀န် ဆောင်မှုလုပ်ငန်းများက ရရှိခဲ့ပြီး ကျပ် ၁၄ ဘီလီယံခွဲကျော် ရှိခဲ့ သည်။ ထို့နောက် လက်လီအ ရောင်းလုပ်ငန်းက ကျပ် ၃ ဒသမ ၄ ဘီလီယံဖြင့် တတိယအများ ဆုံး ချေးငွေရရှိခဲ့ကြောင်း ထုတ် ပြန်ချက်က ဖော်ပြသည်။

SME ချေးငွေ အများဆုံးပေးသည့် နှစ်သည် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်ဖြစ်ပြီး ကျပ် ၃၆ ဒသမ ၇ ဘီလီယံဖြစ်ပြီး ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ကျပ် ၁၉ ဘီလီယံ ကျော် ထုတ်ချေးသည်ဟု ဆို ထားသည်။

‘‘ဂျပန်အစိုးရက မြန်မာအ စိုးရကို ချေးတာပါ။ ဒါကြောင့် နှစ်ဆင့်ချေးငွေဖြစ်တာပါ။ ပြန် မဆပ်တာတော့ မရှိပါဘူး။ ကြား လည်း မကြားမိသေးပါဘူး’’ ဟု JICA တာဝန်ရှိသူက ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အသေးစားနှင့် အလတ်စားလုပ် ငန်းများအတွက် ကျပ်ဘီလီယံ ၃၀၀ ထုတ်ချေးမည်ဟု အစိုးရ က  ကြေညာထားသည်။

မြန်မာ့စီးပွာေးရးဘဏ်အ ပြင် SMIDB ဘဏ်က ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ကျပ် ၁၄ ဘီလီယံ ထုတ်ချေးခဲ့ကြောင်း အသေးစား၊ အလတ်စားစက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ် (SMIDB) အမှုဆောင်အရာရှိချုပ် ဒေါက် တာ ဇေယျာညွန့်က ပြောသည်။ လာမည့်ဖေဖော်ဝါရီအတွင်း ဒုတိ ယအကြိမ်ချေးငွေ ထုတ်ချေးရန် စီစဉ်နေကြောင်း ၎င်းက ဆက် လက်ပြောသည်။

ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင် စီ (JICA) က SME လုပ်ငန်းများ အတွက်  ချေးငွေပေးရာတွင် အိမ် ခြံမြေ၊ ကျောက်မျက်ရတနာ ရောင်းဝယ်ခြင်း၊ ဖျော်ဖြေရေး လုပ်ငန်းများ၊ ပျော်ပွဲရွှင်ပွဲလုပ်ငန်း များ၊ ဆေးလိပ်၊ အရက်၊ ဘီယာ လုပ်ငန်းများ၊ လက်နက်ခဲယမ်းမီး ကျောက်လုပ်ငန်းများ၊ လူမှုဆိုင်ရာ တည်ငြိမ်မှုကို ထိခိုက်စေသော ကဏ္ဍများနှင့်ပတ်သက်သည့် စီးပွားရေးလုပ်ငန်းများကို ချေးငွေခွင့်ပြုမည်မဟုတ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

More in Business Section