ငမိုးရိပ်ချောင်းထဲ ကားပြုတ်ကျ၊ တစ်ဦးပျောက်နေဆဲ

ချောင်းအတွင်းပြုတ်ကျသည့်ကားကို ပြန်လည်ဆယ်ယူပြီး စက်လှေဖြင့် ပျောက်ဆုံးနေသူတစ်ဦးကို ရှာဖွေနေစဉ် (ဓာတ်ပုံ −ဖြိုးဝေလင်း)

ငမိုးရိပ်ချောင်းထဲကား တစ်စီး ပြုတ်ကျရာ  တစ်ဦးကယ် ဆယ်နိုင်ပြီး ကျန်တစ်ဦး ပျောက် ဆုံးနေသည့် ဖြစ်စဉ် ယမန်နေ့က ဒဂုံမြို့သစ် မြောက်ပိုင်းတွင် ဖြစ် ပွားခဲ့သည်။

ဆရာစံလမ်းအတိုင်း မောင်း နှင်လာသည့် ဟွန်ဒါဖစ် အမျိုးအ စား ခဲရောင်ကိုယ်ပိုင်ကားသည် ငါးမာန်အောင်ဘုရား လမ်းဆုံအ ရောက်တွင် အရှိန်လွန်ကာ ငမိုး ရိပ်ချောင်းအတွင်း ထိုးကျခဲ့သ ဖြင့် အမျိုးသားတစ်ဦး ပျောက်ဆုံး နေကြောင်း မြောက်ဒဂုံမြို့မရဲစ ခန်းမှ ရဲအရာရှိတစ်ဦးက ပြော သည်။

‘‘မနက် ၄ နာရီလောက်ကြီး ဒုန်းခနဲဆို အသံကြားလို့ ထွက် ကြည့်တော့ ရေထဲမှာ လူနှစ် ယောက်ကူးနေတာတွေ့တယ်။ ကုန်းပေါ် ပြန်ရောက်လာတော့ တစ်ယောက်ပဲ ရောက်လာတယ် ကြားတာပဲ။ ငါးဖမ်းလှေက ကယ် လိုက်တာလို့ ပြောတယ်’’ ဟု အ ခင်းဖြစ်ပွားသည့်နေရာအနီး ကွမ်း ယာရောင်းသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

ဟွန်ဒါဖစ်ယာဉ်ကို ဇန်နဝါရီ  ၇ ရက် ညနေ ၄ နာရီခန့်တွင်  ကုန်းပေါ်သို့ ဆယ်ယူနိုင်ခဲ့ပြီး  ပြန်လည်ဆယ်ယူရာတွင် သရုပ် ဆောင်ဝေဠုကျော်ကိုယ်တိုင်ရေ ငုပ်၍ကူညီခဲ့သည်။

‘‘ကားပေါ်မှာပါလာတဲ့တစ် ယောက်က ပျောက်နေတယ်။ ကားကို ပြန်ဆယ်ပြီးကြည့်တော့ လည်း ကားထဲမှာ အလောင်းတွေ့ တာမျိုး ဘာညာမရှိဘူး။ ကားက တော့ တော်တော်လေးပျက်စီး သွားတယ်။ အပေါ်အမိုးတွေ ဘာ တွေပွင့်ကုန်တယ်’’ ဟု မြောက်ဒ ဂုံမီးသတ်စခန်းမှ တာဝန်ရှိသူတစ် ဦးက ပြောသည်။

အခင်းဖြစ်နေရာသို့ ဒဂုံ မြို့သစ်အရှေ့ပိုင်းနှင့် ဒဂုံမြို့သစ်  မြောက်ပိုင်း မီးသတ်စခန်းမှ မီး သတ်ယာဉ်နှစ်စီး၊ တာမွေမြို့နယ် မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ် ရေးယာဉ်တစ်စီး၊ မီးသတ်အ သက်ကယ်လှေတစ်စီးတို့ဖြင့် ရှာ ဖွေကယ်ဆယ်ခဲ့သည်။

ရေထဲကားပြုတ်ကျသည့် ကိစ္စနှင့်ပတ်သက်ပြီး ချောင်းအ တွင်းမှ ပြန်လည်ကယ်ဆယ်နိုင်ခဲ့ သူတစ်ဦးကို ယာဉ်မဆင်မခြင် မောင်းနှင်မှုပုဒ်မ ၂၇၉ ဖြင့် မြောက်ဒဂုံမြို့မရဲစခန်းက ကနေဦးအမှုဖွင့်အရေးယူထားသည်။

ပြီးခဲ့သည့် ၂၀၁၆ မေလ ၁၆ ရက် ည ၁၁ နာရီက  အဆိုပါနေရာ၌ပင် AD Van အမျိုးအစား အငှားယာဉ်တစ်စီး ချောင်းအတွင်းသို့ အရှိန်လွန်ထိုးကျပြီး  ယာဉ်ပေါ်တွင် လိုက်ပါလာသည့် အမျိုးသားနှစ်ဦးကို  ကယ်တင်နိုင်ခဲ့သော်လည်း အမျိုးသမီးတစ်ဦး  သေဆုံးခဲ့သည်။

AD Van အငှားယာဉ်ကို မေလ ၁၇ ရက် ညနေ ၅ နာရီတွင် ချောင်းအတွင်းမှ ဆယ်ယူနိုင်ပြီး သေဆုံးသူ အမျိုးသမီး၏အ လောင်းကို ယာဉ်နောက်ခန်းအ တွင်း တွေ့ရှိခဲ့သည်။