NCA လက်မှတ်ထိုးရှစ်ဖွဲ့ ခေါင်းဆောင်များ အရေးပေါ်အစည်းအဝေးပြုလုပ်မည်

ရှမ်းလူမျိုးအလိုက် အမျိုး သားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ (အကြိုလူထုတွေ့ဆုံပွဲ) များ ကျင်းပရာတွင် ကြုံတွေ့ရသည့် အခက်အခဲအပါအဝင် လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အခြေ အနေများကြောင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက် မှတ်ထိုးရှစ်ဖွဲ့ ခေါင်းဆောင်များ အရေးပေါ်အစည်းအဝေးကို ဇန်နဝါရီ ၁၁ နှင့် ၁၂ ရက်တွင် ချင်းမိုင် မြို့၌ ကျင်းပမည်ဖြစ်ကြောင်း ခေါင်းဆောင်အချို့က ပြောကြား သည်။


‘‘ဘာရည်ရွယ်ချက်နဲ့ အရေး ပေါ်ခေါ်လဲဆိုတော့ မသိဘူး။ အဓိကကတော့ KNU ဘက်က ထွက် တဲ့အသံတွေနဲ့ KNU ခေါင်းဆောင်တွေက ခေါ်ချင်တာနဲ့ တူပါတယ်။ နောက် RCSS ကလည်း အမျိုး သားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ အခက်အခဲတွေ ဖြစ်နေတော့ ပြဿနာပေါင်းစုံကို လက်ငင်းရှင်းဖို့အတွက် အရေးပေါ်တိုင်ပင်ဖို့ ခေါ်သလားမသိဘူး’’ဟု ပအိုဝ်း အဖွဲ့(PNLO) ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြော သည်။

ဇန်နဝါရီ ၅ ရက်က ကရင် အမျိုးသားအစည်းအရုံး (KNU/ KNLA) ဌာနချုပ်၌ ကျင်းပသော KNLA တပ်ပိုင်းဆိုင်ရာ အရာရှိ များ အရေးပေါ်အစည်းအဝေး တွင် တပ်မှူးများက လက်ရှိ NCA အရ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆောင်ရွက်မှုသည် ထိရောက်မှုမရှိတော့၍ လာမည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံတတိယအစည်းအဝေးကို ဆိုင်းငံ့ ထားစေလိုကြောင်း သဘောထားပေးခဲ့သည်။ 

RCSS ဦးဆောင်ပြီး ရှမ်း ပြည်နယ် လင်းခေးမြို့၌ ကျင်းပ ရန် သဘောတူညီမှုရထားသော ရှမ်းလူမျိုးအလိုက် အမျိုးသားအ ဆင့် နိုင်ငံရေးဆွေးနွေးပွဲအတွက် အကြိုလူထုတွေ့ဆုံမှုများကို ဒီဇင်ဘာက ပြုလုပ်ရာတွင် တပ်မတော်က တားဆီးမှုများရှိခဲ့သည်။ ထို့အ ပြင် ဇန်နဝါရီ ၇ ရက်မှ ၉ ရက်အ ထိ တောင်ကြီးမြို့၌ အကြိုဆွေး နွေးပွဲကျင်းပရန် RCSS နှင့် ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီအ ဖွဲ့ (SNLD) တို့၏ အဆိုပြုချက်ကို အစိုးရနှင့် တပ်မတော်၏ ခွင့်ပြု ချက်မရရှိ၍ မလုပ်ဖြစ်တော့ ကြောင်း SNLD ပြောရေးဆိုခွင့်ရှိ သူ စိုင်းကျော်ညွန့်က ပြောသည်။ ထို့ကြောင့် ဇန်နဝါရီ ၁၂ ရက်ခန့် တွင် ကျင်းပရန်ရှိသော လင်းခေး ဆွေးနွေးပွဲသည် မသေချာပေ။

ရခိုင်လက်နက်ကိုင်အဖွဲ့ (ALP) ဒုဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင်က ယခုကဲ့သို့ အပစ်ရပ်ရှစ်ဖွဲ့ ခေါင်းဆောင်များ အရေးပေါ်အစည်းအ ဝေးခေါ်ယူရခြင်းသည် တပ် မတော်ဘက်က လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း (DDR/ SSR) လုပ်ငန်းများ စတင်ရန် သဘောထားကြောင့် ဖြစ်နိုင် သည်ဟု ပြောသည်။

‘‘တပ်မတော်ကနေပြီးတော့ တပ်မတော်တစ်ခုတည်းရှိရမယ်။ နိုင်ငံရေးလုပ်ချင် နိုင်ငံရေးပါတီ ထောင်၊ ရွေးကောက်ပွဲဝင် ရွေး ကောက်ပွဲမဝင်ဘူးဆို အရပ်သား လုပ်။ အဲဒီလိုပုံစံမျိုး သတင်းတွေ ထွက်လာတော့ ကျွန်တော်တို့ EAO ရှစ်ဖွဲ့အတွင်း မကျေမလည် ဖြစ်တယ်။ နိုင်ငံရေးပြဿနာဖြေ ရှင်းလို့မပြီးခင် DDR/SSR လုပ် မယ်လို့ တပ်မတော်က အဲဒီလိုဖြစ်လာတယ်။ အဲဒါကို ကျွန်တော်တို့ လက်မခံနိုင်ဘူး။ အဲဒါကြောင့် အဲဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့ PPST အစည်းအဝေးလုပ်ပြီး တော့ ဆွေးနွေးမယ့် သဘောရှိ တယ်။ အဲဒီလို အတင်းလုပ်ရင် ကျွန်တော်တို့က တတိယအကြိမ် ငြိမ်းချမ်းရေး ညီလာခံကိုရွှေ့ဖို့ ကျွန်တော်တို့ တင်ပြမယ်’’ဟု ၎င်း က ပြောသည်။

ဇန်နဝါရီလကုန်တွင် ကျင်းပရန် သတ်မှတ်ထားသည့် ၂၁ ရာစု ပင်လုံအစည်းအဝေးမတိုင်မီ လုံခြုံရေးကဏ္ဍ အလွတ်သဘောဆွေး နွေးမှုများ ဆောင်ရွက်နိုင်ရန် ညှိ နှိုင်းနေဆဲဖြစ်ကြောင်း မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဒုဥက္ကဋ္ဌ ဦးမျိုးဝင်းက ပြောသည်။

More in Politics Section