ARSA အကြမ်းဖက်အဖွဲ့ကို ဥပဒေနှင့်အညီ လုံခြုံရေးအရ တုံ့ပြန်ဆောင်ရွက်မည်ဟု သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ်ပြော

တိုက်ခိုက်ရုံမှတစ်ပါး အခြားနည်းလမ်းမရှိဟု ARSA အဖွဲ့ကြေညာ

 ARSA အကြမ်းဖက်အ ဖွဲ့က တိုက်ခိုက်ရုံမှတစ်ပါး အခြားနည်းလမ်းမရှိကြောင်း ဇန်နဝါရီ ၇ ရက်တွင် ထုတ်ပြန်ကြေညာ ပြီးနောက် နိုင်ငံတော်သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ယင်းအကြမ်းဖက်အဖွဲ့ကို ဥပဒေ နှင့်အညီ လုံခြုံရေးအရ တုံ့ပြန် ဆောင်ရွက်မည်ဟု ပြောကြား သည်။

ARSA အကြမ်းဖက်အဖွဲ့ သည် ဇန်နဝါရီ ၅ ရက်တွင် မောင် တောမြောက်ပိုင်း တရိန်းကျေးရွာ အနီးမြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များ ကို ချုံခိုတိုက်ခိုက်ခဲ့ခြင်းသည် ၎င်းတို့လက်ချက်ဖြစ်ကြောင်း ယမန်နေ့က ထုတ်ပြန်ချက်တွင် ဝန်ခံထားပြီး ဘင်္ဂါလီ (မူရင်းတွင် ရိုဟင်ဂျာဟု သုံးနှုန်း) ကာကွယ် ရေး မြန်မာအစိုးရကို ဆက် လက်တိုက်ခိုက်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ယင်းထုတ်ပြန်ချက်တွင် ပါဝင်သော အချက်အလက်များ သည် မှားယွင်းနေပြီး မခိုင်လုံသည့်အကြောင်းပြချက်များဖြစ်ကြောင်း နှင့် ထွက်ပြေးတိမ်းရှောင်သော ဘင်္ဂါလီများကို ပြန်လည်လက်ခံ ရေးလုပ်ငန်းစဉ် ပျက်ပြားစေရန် ရည်ရွယ်ချက်ရှိရှိ အချိန်ကိုက်လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဦးဇော် ဌေးက သုံးသပ်သည်။

‘‘ဒီနှစ်နိုင်ငံသဘောတူညီ ချက်အရ ပြန်သွားမယ်ဆိုရင် ပြန် လို့မဖြစ်နိုင်တဲ့အခြေအနေမျိုးဖြစ် အောင် ပုံဖော်ဖန်တီးနေတယ်။ တိုက်ခိုက်မှုတွေ စလာတယ်။ ဒီ ကာလကို ရွေးချယ်ပြီး စလာတယ်ဆိုတာ တွေ့ရတယ်။ ဒါက သူတို့ ရဲ့ ထုတ်ဖော်ကြေညာခြင်းမရှိတဲ့ တကယ့်အကြောင်းရင်းခံက တော့ ဒီအတိုင်းပါပဲ’’ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း တွင် ၂၀၁၇ စက်တင်ဘာ ၅ ရက် ကစတင်၍ လုံခြုံရေးတပ်ဖွဲ့ဝင် များက နယ်မြေရှင်းလင်းဆောင် ရွက်မှုမရှိတော့ကြောင်း နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံ တကာအသိုင်းအဝိုင်းကို လိမ် လည်ခဲ့ကြောင်း ARSA က စွပ်စွဲ သည်။

သို့သော် မြန်မာအစိုးရနှင့် တပ်မတော်က စစ်ဆင်ရေးများကို ယမန်နှစ် စက်တင်ဘာ ၅ ရက်က တည်းက ရပ်နားထားကြောင်း တရားဝင်သတင်းထုတ်ပြန်ခဲ့ပြီး တပ်အဖွဲ့များကိုလည်း စစ်တွေ သို့ ရွှေ့ပြောင်းထားကြောင်း ဦးဇော်ဌေးက ဆိုသည်။

‘‘သူ့နယ်မြေမှာ ရှိသင့်ရှိ ထိုက်တဲ့ နယ်မြေခံတပ်ကတော့ ရှိတယ်။ ဒါပေမဲ့ တကယ့်လုံခြုံ ရေးကို ဆောင်ရွက်နေတာသည် ရဲတပ်ဖွဲ့ဖြစ်တယ်။ အဲဒီတော့ ဒီ စွပ်စွဲချက်ကမှားတယ်’’ဟု ၎င်းက ပြောသည်။

ထို့အပြင် ARSA အဖွဲ့သည် ဘင်္ဂါလီများ (မူရင်းတွင် ရိုဟင် ဂျာဟု သုံးနှုန်း)၏ လူသားချင်းစာ နာထောက်ထားမှုဆိုင်ရာ လိုအပ် ချက်များနှင့် နိုင်ငံရေးအနာဂတ် တို့အပေါ် သက်ရောက်စေသည့် ဆုံးဖြတ်ချက်ချမှတ်မှုအားလုံး တွင် ဘင်္ဂါလီလူမျိုးများကို အကြံ ဉာဏ်တောင်းခံရမည်ဟု အထက်ပါကြေညာချက်၌ ဖော်ပြသည်။

အာရကန်ရိုဟင်ဂျာကယ် တင်ရေးတပ်မတော် (ARSA) ဟု ၎င်းတို့ ကိုယ်ပိုင်အမည်ပေး ထားသောအဖွဲ့ကို မြန်မာအစိုးရ က အကြမ်းဖက်အဖွဲ့အစည်းအ ဖြစ် ကြေညာထားပြီး အကြမ်းဖက်ဖြစ်စဉ်များတွင် ထိခိုက်မှုမရှိရန်၊ ဒေသခံပြည်သူများဘေးကင်းစေ ရန် လုပ်ဆောင်မည်ဖြစ်ကြောင်း သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။

‘‘အကြမ်းဖက်အဖွဲ့အစည်း ကို အကြမ်းဖက်အဖွဲ့အစည်းလို ပဲ တုံ့ပြန်ရမှာ ဖြစ်တယ်။ ဒါကို တော့ ကျွန်တော်တို့ ပြတ်ပြတ် သားသားပြောချင်တယ်’’   ဟု ဦးဇော်ဌေးက ဆိုသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက် ပြေးတိမ်းရှောင်သည့် ဒုက္ခသည် များကို ပြန်လည်လက်ခံရေး နှစ် နိုင်ငံ အစိုးရများအကြား ယမန်နှစ် နိုဝင်ဘာ ၂၃ ရက်တွင် သဘောတူ စာချုပ်လက်မှတ်ရေးထိုးခဲ့သည်။

ယင်းသဘောတူစာချုပ်အရ ပြန်လည်လက်ခံရေးအစီအစဉ်ကို ယခုလအတွင်း စတင်အကောင် အထည်ဖော်မည်ဖြစ်ပြီး ယင်း လုပ်ငန်းစဉ် ထိခိုက်မှုမရှိစေရန် အထူးအလေးထားဆောင်ရွက် မည်ဟု ဦးဇော်ဌေးက ဆက်လက် ပြောသည်။

‘‘သာမန်အခြေအနေထက် ပိုပြီးတော့လည်း လုံခြုံရေးမြှင့် တင်ဆောင်ရွက်သွားမယ်ဆိုတာ ပြောချင်တယ်’’ဟု ၎င်းက ဆို သည်။ မြန်မာအစိုးရသည် လူသား ချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ခွဲခြားမှုမရှိဘဲ အားလုံးအတွက် လွှမ်းခြုံနိုင်ရန် လုပ်ဆောင်နေပြီး ထွက်ပြေးတိမ်း ရှောင်သူများကို ပြန်လည်လက်ခံ ရေး၊ ပြန်လည်နေရာချထားရေး ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် သဘော တူညီထားသည့် စာချုပ်ပါအချက် များအတိုင်း လုပ်ဆောင်နေ ကြောင်း လူမှုဝန်ထမ်း၊ ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီး ဒေါက်တာဝင်း မြတ်အေးက ပြောသည်။

ဆက်လက်၍ ဒေါက်တာ ဝင်းမြတ်အေးက ရခိုင်ပြည်နယ် မြောက်ပိုင်း တည်ငြိမ်အေးချမ်း ရေးအတွက် အားလုံးက ဝိုင်းဝန်း ကူညီရမည်ဖြစ်ပြီး ၎င်းအနေဖြင့် ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်  လုပ်ဆောင်နေမှုများ သည် လိမ်ညာခြင်းမရှိဘဲ အမှန် အတိုင်း လုပ်ဆောင်နေခြင်းဖြစ်၍ နယ်မြေတည်ငြိမ်ရေး ပျက်ပြားမှု မရှိစေရန် ARSA အဖွဲ့ကို တောင်းဆိုလိုကြောင်း ပြောသည်။

မောင်တောဒေသတွင် ထွက်ပြေးတိမ်းရှောင်သူများကို ပြန် လည်လက်ခံရေး၊ ပြန်လည်နေရာ ချထားရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များ အဆင်ပြေ ချောမွေ့ရန် အရေးကြီးကြောင်း နှင့် ယင်းအချက်ကို ပျက်ပြားစေ ရန် လုပ်ဆောင်လာသည့် ARSA အကြမ်းဖက်အဖွဲ့ကို နိုင်ငံရေးအ ရဖြစ်စေ၊ ဘဏ္ဍာရေးအရဖြစ်စေ၊ ထောက်ခံမှုများမပြုလုပ်ရန် နိုင်ငံတကာအသိုင်းအဝိုင်းကို မေတ္တာ ရပ်ခံလိုကြောင်း သမ္မတရုံး ပြော ခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ဆို သည်။

‘‘နိုင်ငံတကာအသိုင်းအဝိုင်း နဲ့ အဖွဲ့အစည်းတွေအနေနဲ့ အ ကြမ်းဖက်အဖွဲ့အစည်းတွေ ခေါင်းထောင်လာပြီးတော့ မောင် တောဒေသမှာ မတည်ငြိမ်မှုတွေ၊ တိုက်ပွဲတွေဖြစ်အောင် အားပေး အားမြှောက်ပြုရာကျမယ့် ပြော ဆိုလုပ်ကိုင်မှုမျိုး၊ နောက်တစ် ချက်က ဒီအကြမ်းဖက်အဖွဲ့အ စည်းတွေ ထောက်ခံပံ့ပိုးပေးရာ ကျတဲ့ ဆောင်ရွက်ချက်တွေ မလုပ်ဆောင်ဖို့ ကျွန်တော်တို့က မေတ္တာ ရပ်ခံချင်တယ်။ ဘာလို့လဲဆို တော့ အကြမ်းဖက်မှုဆိုတာ ကမ္ဘာမှာ ဘယ်နိုင်ငံကမှ လက်မခံဘူး’’ ဟု ၎င်းက ပြောသည်။

မြန်မာအစိုးရသည် ရခိုင် ပြည်နယ်မြောက်ပိုင်းအရေးနှင့် ပတ်သက်၍ လုပ်သင့်လုပ်ထိုက် သည်များကို ဖြေရှင်းလုပ်ဆောင် မည်ဖြစ်ပြီး လက်တွေ့ဆောင်ရွက် ချက်များဖြင့် နိုင်ငံတကာအသိုင်း အဝိုင်းကို သက်သေပြမည်ဟု ဦးဇော်ဌေးက ဆက်လက်ပြော သည်။

 

More in News Section