ကမ္ဘာကျော်စုံတွဲနဲ့ နှိုင်းယှဉ်ခံရတဲ့အပေါ် Bobby Soxer ရဲ့ တုံ့ပြန်မှု

လွှမ်းပိုင်နှင့် Bobby Soxer တို့စုံတွဲကို ပရိသတ်အချို့ က မြန်မာပြည်၏ ဂျပ်စတင်ဘီ ဘာနှင့် ဆယ်လီနာဂိုမက်ဇ်ဟု သတ်မှတ်ခြင်းအပေါ် ၎င်း၏ စိတ်ခံစားချက်ကို ထက်ထက် (Bobby Soxer) က ယခုလိုပြောသည်။

‘‘အနုပညာရှင်ဖြစ်တဲ့အ တွက် အကောင်းရော၊ အဆိုးရော က အပြောခံရပါတယ်။ ဒီကြား ထဲမှာ ညီမတို့က သီချင်းစဆိုက တည်းက ဒီနေ့ဒီအချိန်အထိ ပိုအ ပြောခံရတဲ့ အနုပညာရှင်တွေထဲ မှာ ပါတာပေါ့။ ကိုယ်တွေက နိုင်ငံသေးသေးလေးမှာ ရပ်တည်နေတဲ့ အဆိုတော်တွေပေါ့။ ကမ္ဘာကျော် တွေနဲ့ယှဉ်ဖို့ဆိုတာ မဖြစ်နိုင်သလို ဝင်ငွေချင်းလည်းမတူပါဘူး။ ဒီ ကြားထဲမှာမှ ဂီတလောကထဲမှာ ဘယ်လိုမျိုးရှင်သန်အောင် လုပ်ရ မလဲဆိုတာကို Survive လုပ်နေရ တုန်းပါ။ အဲဒီတော့ ညီမတို့က ကိုယ့်အခြေအနေကိုယ် နားအ လည်ဆုံးလို့ပဲ ပြောပါရစေ’’ဟု ၎င်းက ပြောသည်။

၂၀၁၅ နှစ်ဆန်းက ထွက်ရှိခဲ့ သည့် 21 တေးအယ်လ်ဘမ်၏ မြူးဇစ်ဗီဒီယိုကို ဖေဖော်ဝါရီအ တွင်း ထွက်နိုင်အောင် ကြိုးစားနေ သလို အဆိုပါအခွေကို  FG En-tertainment နှင့် စာချုပ်ချုပ်ထား သောကြောင့် လက်ရှိဈေးကွက် အနေအထားအရ မည်သည့်ပုံစံ ဖြင့် ဖြန့်ချိမည်ကို စဉ်းစားနေသည် ဟု ဆိုသည်။

‘‘ရှစ်ပုဒ်ရိုက်ထားတာ ခုနစ် ပုဒ်ပဲ ထည့်ဖြစ်တယ်။ အဓိကက ထက်ထက် ဒီသီချင်းတွေကို ရိုက် ကတည်းက ၂၀၁၆ မှာ ခေတ်စား နေတဲ့ဟာကို ဒီအချိန်ကြည့်မှ အ ဆင်ပြေပြီး နောက်တစ်နှစ်နေရင် ကြည့်တဲ့အခါ အဆင်မပြေတာ မျိုးတွေကို မရိုက်ထားဘူး။ အခု ပြန်ကြည့်တဲ့အချိန်မှာလည်း အ ဆင်ပြေတယ်။ အဓိကခေတ်ကို လိုက်ပြီး ရိုက်ထားတဲ့ ပုံစံမျိုးတွေ သိပ်မဟုတ်ဘူး။ အခုပြန်ကြည့် တာတော့ ကျေနပ်ပါတယ်’’ဟု ၎င်းက MTV ခွေနှင့်ပတ်သက်၍ ပြောသည်။

လက်ရှိတွင် ၎င်းတို့စုံတွဲဖွင့် လှစ်ထားသည့် High Skool ဖက် ရှင်ဆိုင်သည် တစ်လကျော်သက် တမ်းရှိနေပြီး High Skool အမှတ်တံဆိပ်ဖြင့် အဝတ်အထည်များကို ဖေဖော်ဝါရီ (သို့မဟုတ်) မတ်လထဲတွင် ထုတ်လုပ်ရန်စီစဉ်နေ ကြောင်း ဆိုသည်။

ဇန်နဝါရီ ၇ ရက် အောင် ဆန်းကွင်း၌ ပြုလုပ်သည့် ရာသီ သစ်အဖွင့်ရန်ပုံငွေဖလားဘော လုံးပွဲတွင် Bobby Soxer က ပါဝင်ကူညီဖျော်ဖြေပေးခဲ့သည်။