မွန်ဝန်ကြီးချုပ်နှင့် လူထုတွေ့ဆုံပွဲကို ဖေ့စ်ဘွတ်ခ်တွင် ဝေဖန်ရေးသားသူ တရားစွဲခံရ

သထုံမြို့တွင် ဇန်န ၀ါရီ ၃ ရက်က ပြုလုပ်သော မွန် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များနှင့် သထုံမြို့နေ ပြည်သူလူထုတွေ့ ဆုံ ပွဲနှင့်ပတ်သက်၍ လူမှုကွန်ရက်စာမျက်နှာတွင် ဝေဖန်ရေးသားသဖြင့် အမှုဖွင့်ခံရကြောင်း သထုံမြို့နေ တက်ကြွလှုပ်ရှားသူ ဦးအောင်ကိုကိုလွင်က ဇန်န၀ါရီ ၇ ရက် တွင် 7 Day Daily သတင်းစာအား ပြောသည်။


ဦးစောကျော်မိုးဆိုသူက ဇန်န၀ါရီ ၆ ရက်တွင် သထုံမြို့မ ရဲစခန်း၌ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင် ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ရေးဥပဒေ ပုဒ်မ ၈ (စ)ဖြင့် အမှုဖွင့်ထား ကြောင်း ဦးအောင်ကိုကိုလွင်က ပြောသည်။ သို့သော်မည်သည့် ရေးသားဖော်ပြမှုနှင့်ပတ်သက်၍ တရားစွဲဆိုသည်ကို မသိရသေး ကြောင်း ၎င်းကဆိုသည်။

‘‘လူထုတွေ့ဆုံပွဲမှာ ကျွန် တော်တို့မေးတဲ့ မေးခွန်းသုံးခုကိုဝန်ကြီးက မဖြေသွားခဲ့ပါဘူး။ ဘယ်လိုလုပ်ပေးကြမလဲ မဖြေခဲ့ ဘူး။ အဲဒါကြောင့် လူမှုကွန်ရက် စာမျက်နှာကနေပြီး ပြည်သူသိ အောင် ရေးသားခဲ့တာပါ’’ ဟု ဦးအောင်ကိုကိုလွင်ကပြောသည်။

အဆိုပါ တွေ့ဆုံပွဲအပြီးတွင် ဦးအောင်ကိုကိုလွင်က ဇန်န၀ါရီ ၃ ရက်၌ ‘‘သထုံဈေးအတွက် ထရန်စဖော်မာတောင်းပါတယ်။ သူရူးချင်ယောင်ဆောင်သွားတာ တော့ မတတ်နိုင်ဘူး။ သထုံငါးဦး စီးအရှေ့ရထားသံလမ်းကူးမှာ LED မီး အချက်ပြမီး တောင်းပါ တယ်။ ရောင်ပြန်ဆိုင်းဘုတ်တွေ တောင်းပါတယ်။ စကားမေး တောင် မရဘူး။ သုဓမ္မ၀တီမြို့ သစ်ဘောလုံးကွင်းအတွက် တင် ပြပါတယ်။ သူတာဝန်မကျေခဲ့ တာပါ။ ပြီးတော့မှ ၀ှက်ဖဲကိုချပြ တာ လက်မခံပါ။ ၁ ဒသမ ၃ ဘီလီ ယံတဲ့လား။ သူသာတကယ်ဆန္ဒ ရှိလျှင် သထုံဈေးလျှပ်စစ်မီး ရရှိ ရေးအတွက် မွန်ပြည်နယ်အစိုးရ အဖွဲ့က ထရန်စဖော်မာတစ်လုံး ချပေးလို့ ရပါတယ်။ လမ်းအချက် ပြမီးတွေ လမ်းဆုံတိုင်း တပ်ဆင် ပေးလို့ ရပါတယ်။ သုဓမ္မ၀တီ ဘောလုံးကွင်းအတွက်လည်း အများကြီး ပလန်ချပြီး တိုးတက် အောင် လုပ်ပေးလို့ရပါတယ်။ သူပြောသွားပါတယ်။ ဒေါ်စံဝင့် ခိုင်က မီးတစ်ပွင့်ပဲ ဆိုလို့တဲ့’’ ဟု၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ တွင် ရေးသားခဲ့သည်။ 

ထို့အပြင် ဇန်န၀ါရီ ၄ ရက် တွင်လည်း ‘‘ပြည်သူတွေကို မေတ္တာရှိလျှင် ပြည်သူတွေက မေတ္တာပြန်ထားမှာပါပဲ။ ပြည်သူ တွေဆန္ဒကို ကန့်လန့်တိုက်လျှင် ယခုသက်တမ်းမှာတော့ ရင်ကော့ ပြီး သထုံမြို့မှာ လိုက်သွားနိုင်ပေ မယ့် ယခုသက်တမ်းလွန်သွား လျှင် ပြည်သူတွေကို ဘယ်လို မျက်နှာနဲ့ နှုတ်ဆက်ကြမှာလဲ။ သင်တို့ရဲ့ သမိုင်းကောင်းအောင် သထုံမြို့ဈေးအများတန်းတူ လျှပ်စစ်မီးသုံးစွဲခွင့်ရအောင် လုပ် သွားခဲ့ပါ’’ဟု ဖော်ပြခဲ့ပြီး ယင်းနေ့ တွင် ‘‘ကျွန်တော်တို့ မြန်မာပြည် တွင်းမှာ တောင်သူကြီးတွေ စပါး တွေစိုက်တယ်။ ရော်ဘာတွေ စိုက်ပျိုးကြတယ်။ ပဲတွေ၊ နှမ်းတွေစိုက်ပျိုးကြတယ်။ ဘာပဲဖြစ်ဖြစ် ပေါ့ဗျာ။ နိုင်ငံတော်ကလည်း နိုင်ငံခြားထိ ဈေးကွက်ရှာပြီး နိုင်ငံ ခြားဝင်ငွေရအောင် လမ်းကြောင်း တွေဖောက်ပေးရမယ့် အစားပိတ်ပင်မှုတွေ ရှိတယ်ဆိုတော့ ပွင့်လင်းမြင်သာလာတဲ့  ခေတ်မှာ စဉ်း စားစရာပဲ။ ကုန်ဈေးနှုန်းကျဖို့က အဲဒီလိုမြန်မာပြည်ထဲက စပါးတွေ ပြည်ပကို ပေးမထွက်ဘဲ ပိတ်ပင် လိုက်ရင် ကုန်ဈေးနှုန်းကျမှာတဲ့ လား’’ဟု ရေးသားထားသည်ကို တွေ့ရသည်။ 

အဆိုပါ လူထုတွေ့ဆုံပွဲတွင် ကုန်ဈေးနှုန်းကျဆင်းစေလိုပါက ဟင်းတစ်မည်တည်းစား၍ ခြိုးခြံ ချွေတာပြီး ပိုငွေကို ရင်းနှီးမြှုပ်နှံရန် ပြောကြားမှုနှင့်ပတ်သက်၍ ပြည်သူများကြား ဝေဖန်မှုများ ထွက် ပေါ်နေသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဂုဏ်သိက္ခာထင်ပေါ် ကျော်ကြား မှုကို ပုတ်ခတ်ထိခိုက်စေသဖြင့် ဦးအောင်ကိုကိုလွင်ကို နိုင်ငံသား များ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ် လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ရေးဥပဒေဖြင့် အမှုဖွင့်တိုင်ကြားခဲ့ကြောင်း ဦးစောကျော်မိုးကဆိုသည်။ ဦးစောကျော်မိုးသည် မွန်ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးများရေးရာ ကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ် သည်။

ဦးစောကျော်မိုးက အမှုဖွင့် ခြင်းသည် ပြည်နယ်အစိုးရနှင့် တစ်စုံတစ်ရာပတ်သက်ခြင်း မရှိဘဲ မြို့မိမြို့ဖတစ်ဦးအနေနှင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောသည်။

ဦးအောင်ကိုကိုလွင်ကို အမှု ဖွင့်ထားသည့်ကိစ္စနှင့် ပတ်သက် ၍ သထုံမြို့မရဲစခန်းမှူး ဒုရဲမှူး မောင်မောင်သို့ ဖုန်းဖြင့် ဆက် သွယ်မေးမြန်းရာ ဖုန်းကိုင်ခြင်း မရှိပေ။ ဦးအောင်ကိုကိုလွင်က ၎င်းကိုလက်ရှိအချိန်တွင် ရဲစခန်း က အာမခံပေးထားကြောင်း ဆက်လက်ပြောသည်။

အမှုဖွင့်တရားစွဲဆိုခံရခြင်း နှင့်ပတ်သက်၍ ဦးအောင်ကိုကို လွင်က ဇန်န၀ါရီ ၆ ရက်တွင်  ‘‘မွန်ပြည်နယ် ၀န်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၏ တစ်ဖက်လှည့်ဖြင့် တရားစွဲဆိုခိုင်းသည်ဟု ထင်မြင်ခံစားရပါသည်။ (ပ)၆/၂၀၁၈ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုကို ကာကွယ်ရေးဥပဒေ ပုဒ်မ ၈(စ) ဖြင့် သထုံမြို့မရဲစခန်း မှာ အမှုဖွင့်ခြင်းကို ကျွန်တော်အောင်ကိုကိုလွင် ခံနေရပါပြီ။၆-၁-၂၀၁၈ မှာ အမှုဖွင့်တိုင်ခဲ့သဖြင့် သထုံမြို့မရဲစခန်းမှ ခေါ်စစ်ဆေးပြီး ကျွန်တော်အောင်ကိုကို လွင် အစစ်ခံကာ အာမခံဖြင့် သထုံမြို့မရဲစခန်းမှ ပြန်လာရပါပြီ။ အများအတွက် ရဲတင်းပွင့်လင်းမြင် သာစွာ တင်ပြခဲ့မှုတွေကို ရဲရဲတင်းတင်း ရင်ဆိုင်သွားပါမည်။ အာဏာရှိသူတွေကို အမှန်အတိုင်း တင်ပြလျှင် တရားစွဲဆိုခံရတဲ့ ခေတ်ရှိနေတုန်းဟု လက်တွေ့ခံ စားရပြန်ပါပြီ’’ဟု ၎င်း၏ဖေ့စ် ဘွတ်ခ်တွင် ရေးသားထားသည်။ 

More in Politics Section