ထိုင်းတွင် အလုပ်ထုတ်ခံရသော မြန်မာလုပ်သားနှစ်ဖွဲ့ ထိုင်းအလုပ်သမားဝန်ကြီးရုံးသို့ သွားရောက်အမှုဖွင့်

မြန်မာလုပ်သားနှစ်ဖွဲ့ ထိုင်းအလုပ်သမားဝန်ကြီးရုံးသို့ ယမန်နေ့က သွားရောက်အမှုဖွင့်နေစဉ် (ဓာတ်ပုံ − ရဲမင်း)

ထိုင်းနိုင်ငံတွင် ကြိုတင် အကြောင်းမကြားဘဲ အလုပ် ထုတ်ခံရသော မြန်မာလုပ်သားအဖွဲ့နှစ်ဖွဲ့က ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးရုံးသို့ သွားရောက်အမှုဖွင့် တိုင်ကြားသည့်ဖြစ်စဉ် ဘန်ကောက်မြို့၌ ဖြစ်ပွားခဲ့သည်။

ထိုင်းရောက် မြန်မာလုပ် သားများသည် အကြောင်းအမျိုး မျိုးကြောင့် အလုပ်ထုတ်ခံရမှုများ ရှိပါက သက်ဆိုင်ရာနယ်မြေများ ရှိ အလုပ်သမားကာကွယ်စောင့် ရှောက်ရေးဌာနများသို့ သွား ရောက်တိုင်ကြား အမှုဖွင့်သော် လည်း ယခုအလုပ်သမားများက ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးရုံး သို့ ပထမဆုံးအကြိမ် သွားရောက် တိုင်ကြားခြင်းဖြစ်သည်။


ထိုင်းနိုင်ငံ ဘန်ကဖီနယ်မြေ ရှိ ပါကင်ဘူးစက်ရုံမှ အလုပ်ထုတ် ခံရသော မြန်မာလုပ်သား ၆၅ ဦး နှင့် ဘန်ကောက်မြို့ရှိ သုဝဏ္ဏဘူ မိလေဆိပ် ဆောက်လုပ်ရေးလုပ် ငန်းမှ အလုပ်ထုတ်ခံရသော မြန် မာလုပ်သား ၄၄ ဦးသည် ဇန်န၀ါရီ ၈ ရက်တွင် ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးရုံးသို့ သွားရောက် အမှုဖွင့် တိုင်ကြားခြင်းဖြစ်ကြောင်း အလုပ်ထုတ်ခံရသော မြန်မာလုပ်သားများအရေး ကူညီပေးနေသည့် ထိုင်းနိုင်ငံ Raks Thai Foundation အဖွဲ့မှ ကိုရဲမင်းက ပြောသည်။

‘‘၀န်ကြီးနဲ့တော့ တွေ့ခွင့်မရဘူး။ ၀န်ကြီးဌာနက အောက်ကအလုပ်သမားရုံးမှာ ဖြေရှင်းဆောင်ရွက်ပေးနေပါတယ်’’ ဟု ကိုရဲမင်းကပြောသည်။

ပါကင်ဘူးစက်ရုံတွင် အ လုပ်လုပ်ကိုင်နေသော မြန်မာ လုပ်သား ၆၅ ဦးသည် ပြီးခဲ့သည့် ဒီဇင်ဘာ ၂၃ ရက်ကတည်းက အလုပ်ထုတ်ခံရပြီး အလုပ်ရုံပိုင်ရှင် က ဖြေရှင်းမပေးသောကြောင့် ယခုကဲ့သို့ အမှုဖွင့်တိုင်ကြားခြင်း ဖြစ်ကြောင်း ယင်းစက်ရုံမှ အလုပ်သမားခေါင်းဆောင် ကိုသက်က ပြောသည်။

 သုဝဏ္ဏဘူမိလေဆိပ် ဆောက်လုပ်ရေးလုပ်ငန်းတွင် အလုပ်လုပ်ကိုင်သော မြန်မာလုပ် သားများသည် နှစ်နိုင်ငံသဘော တူစာချုပ် (MoU)ဖြင့် လာရောက် လုပ်ကိုင်သူများဖြစ်ကြောင်း ယင်းလုပ်ငန်းတွင်လုပ်ကိုင်သူ ကိုစောမင်းကိုကပြောသည်။

‘‘ကျွန်တော်တို့ကို ခေါ်လာ တုန်းက အထပ်မြင့်ဆောက်လုပ် ရေးမှာဆိုပြီး ခေါ်လာတာ။ ခေါ် တဲ့သူက အလုပ်မရှိဘဲ ခေါ်လာ တာ။ ဒီရောက်မှ သူကတစ်ဆင့် တခြား အလုပ်ရှင်တွေဆီကို ရောင်းစားတာ။ အခု ကျွန်တော် တို့ လေဆိပ်က အလုပ်ရှင်က ကျွန် တော်တို့ ပတ်စ်ပို့တွေလည်း သိမ်းထားတယ်’’ဟု ၎င်းကပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၇ ရက်က ဘန်ကောက်မြို့ရှိ ပါကင်ဘူးထုတ်လုပ်သော စက်ရုံတွင် အလုပ်လုပ်ကိုင်နေ မြန်မာလုပ်သား ၄၀၀ ခန့်ကို စာချုပ်သက်တမ်းကုန်ဆုံးသည်ဆိုကာ အလုပ်မှထုတ်ပယ်သော ထိုင်းစက်ရုံပိုင် ရှင်ကို မြန်မာလုပ်သားများက အမှုဖွင့်တိုင်ကြားခဲ့သည်။

ထိုင်းအစိုးရသည် တရားမ ၀င် မြန်မာလုပ်သားများ အပါအ ၀င် နိုင်ငံခြားသားလုပ်သားများကို ဖမ်းဆီးခြင်းမပြုရန် ဆိုင်းငံ့ကာလ ကို ဒီဇင်ဘာ ၂၈ ရက်က ခြောက် လ ထပ်မံတိုးမြှင့်ပေးထားသည်။

More in News Section