ARSA အဖွဲ့၏ တိုက်ခိုက်မှုကို ရှုတ်ချကြောင်း အမေရိကန်နှင့် ဗြိတိန်သံရုံးထုတ်ပြန်

အမေရိကန်သံရုံး၏ထုတ်ပြန်ချက်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ထုတ်ပြန်ချက်

ARSA အဖွဲ့က လုံခြုံရေးတပ်ဖွဲ့များ လိုက်ပါလာသည့် ယာဉ်ကို တိုက်ခိုက်ခဲ့သော လုပ် ရပ်အပေါ် ရှုတ်ချကြောင်းနှင့်နေ ရပ်စွန့်ခွာ တိမ်းရှောင်နေရသူများ ဂုဏ်သိက္ခာရှိစွာ ပြန်လာနိုင်သည့် အခြေအနေကို တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းကြောင်း အမေရိကန်နှင့် ဗြိ တိန်သံရုံးတို့က ထုတ်ပြန်သည်။

ဘူးသီးတောင် ကားလမ်း တွင်   လုံခြုံရေးတပ်ဖွဲ့ဝင်များ လိုက်ပါလာသောယာဉ်ကို ARSA အကြမ်းဖက်အဖွဲ့က ဇန်နဝါရီ ၆ ရက်၌ တိုက်ခိုက်ခဲ့ပြီး ၃ ရက်အ ကြာ ဇန်နဝါရီ ၈ ရက်တွင် အမေရိ ကန်နှင့် ဗြိတိန်သံရုံးက ထုတ်ပြန် ခဲ့သည်။

ထုတ်ပြန်ချက်တွင် ဇန်နဝါရီ ၅ ရက်က ဖြစ်ပွားခဲ့သော ရခိုင် ပြည်နယ် မြောက်ပိုင်းအတွင်း မြန်မာလုံခြုံရေး တပ်ဖွဲ့ကို ARSA က တိုက်ခိုက်မှုအပေါ် ရှုတ်ချကြောင်း၊ တိုက်ခိုက်ခံရမှု ကြောင့် ဒဏ်ရာရရှိသူများ၊ ၎င်း တို့၏ မိသားစုဝင်များနှင့်ထပ်တူ စိတ်မကောင်းဖြစ်ရကြောင်း ပါရှိ သည်။ အကြမ်းဖက်လုပ်ရပ်သည် ရခိုင်ပြည်နယ်နှင့် ဒေသတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေးပိုမိုအား နည်းမှုကိုသာ ဖြစ်ပေါ်စေပြီး အကြမ်းဖက်မှုများကြောင့် နေရပ် စွန့်ခွာ တိမ်းရှောင်နေရသူများ ၎င်းတို့၏ မူရင်းအရပ်ဒေသများ သို့ လုံလုံခြုံခြုံနှင့် ၎င်းတို့၏ သ ဘောဆန္ဒအလျောက် ဂုဏ်သိက္ခာရှိစွာ ပြန်လာနိုင်သော အခြေအနေ ကို တည်ဆောက်နိုင်ရေး တိုက် တွန်းကြောင်း အမေရိကန်သံရုံးက ထုတ်ပြန်သည်။

ရခိုင်ပြည်နယ်  အခြေအ နေသည် အကြမ်းဖက်နည်းဖြင့် တိုးတက် ကောင်းမွန်အောင် ဆောင်ရွက်နိုင်မည်မဟုတ်ပါ။ ဇန် နဝါရီ ၅ ရက်က တိုက်ခိုက်မှုအပေါ်မိမိတို့ရှုတ်ချကြောင်းနှင့် အကြမ်း ဖက်မှုများကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူများ ၎င်းတို့ ၏ မူရင်းအရပ်ဒေသများသို့ လုံခြုံ ဘေးကင်းစွာနှင့် ၎င်းတို့၏ သ ဘောဆန္ဒအလျောက် ဂုဏ်သိက္ခာရှိစွာ ပြန်လာနိုင်သော အခြေအ နေကို တည်ဆောက်နိုင်ရေး ရခိုင် အရေးတွင် ပါဝင်ပတ်သက်သူ အားလုံးက အတူတကွ လက်တွဲ ဆောင်ရွက်ပါရန် ဆက်လက် တိုက်တွန်းပါသည်။ ရခိုင်ပြည် နယ်ရှိ ဒေသခံလူထုအားလုံး လုံခြုံရေးနှင့် တရားဥပဒေစိုးမိုး ရေး ဆောင်ရွက်နိုင်ရန် အစိုးရ နှင့်တပ်မတော်သို့ ပန်ကြားအပ် ပါကြောင်း ဗြိတိန်သံရုံး ထုတ်ပြန် ချက်တွင် ဖော်ပြသည်။

ဇန်နဝါရီ ၅ ရက်က မြန်မာ လုံခြုံရေး တပ်ဖွဲ့ဝင်များကို တိုက် ခိုက်ခြင်းသည် ၎င်းတို့လက်ချက် ဖြစ်ကြောင်း ARSA အဖွဲ့ကထုတ် ပြန်ထားပြီး ဘင်္ဂါလီ (မူရင်းတွင် ရိုဟင်ဂျာဟု သုံးနှုန်း) ကာကွယ် ရေး ဥပဒေနှင့်အညီ လုံခြုံရေးအရ တုံ့ပြန်ဆောင်ရွက်မည်ဟု သမ္မတ ရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောကြားထားသည်။

တိုက်ခိုက်ခံရသည့်ဖြစ်စဉ် တွင် ဒဏ်ရာ ရခဲ့သော တပ်မတော် သားများအနက် ဒဏ်ရာပြင်းထန် သော တပ်မတော်သားတစ်ဦး ဇန်နဝါရီ ၆ ရက်က သေဆုံးသွား ကြောင်း သတင်းများထွက်ပေါ် နေသော်လည်း သီးခြားအတည် ပြုချက် မရသေးပေ။ ထို့အပြင် ဇန်နဝါရီ ၈ ၊ ၉ နှင့် ၁၀ ရက် များတွင် မောင်တောဒေသကို ARSA အကြမ်းဖက်အဖွဲ့ကတိုက်ခိုက် မည်ဟု သတင်းရထား၍ လုံခြုံရေး အသင့်အနေအထားဖြင့် ပြင်ဆင်ထားကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ ရဲအရာရှိတစ်ဦးကပြောသည်။