ကွမ်းယာဝယ်ရန် အမြန်လမ်းတွင် လမ်းဖြတ်ကူးသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦး ကားတိုက်ခံရပြီး သေဆုံး

ရန်ကုန်-မန္တလေးအမြန် လမ်းတွင် ရဲတပ်သားတစ်ဦးကွမ်း ယာဝယ်ရန် လမ်းဖြတ်ကူးစဉ် ကားတိုက်ခံရကာ ပွဲချင်းပြီးသေ ဆုံးခဲ့ကြောင်း အမြန်လမ်းရဲတပ် ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြော သည်။

ရဲတပ်သားရန်မျိုးနိုင်သည် ဇန်နဝါရီ ၇ ရက် ည ၉ နာရီကျော် က အမြန်လမ်းတွင် ရပ်ကင်းတာ ဝန်ထမ်းဆောင်နေစဉ် ကားတိုက် ခံရကြောင်း ၎င်းက ပြောသည်။

‘‘ကင်းတာဝန်က ညနေ၆ နာရီကနေ ၁၀ နာရီအထိ တာဝန်ကျ တယ်။ သူ့နဲ့တာဝန်အတူကျတဲ့ရဲ နဲ့ စကားပြောပြီး လမ်းဖြတ်ကူး သွားတယ်လို့ သိရတယ်။ ကျန်ခဲ့ တဲ့ ရဲက အသံတစ်ခုကြားလို့ လိုက်ရှာတော့ ကားလမ်းပေါ်မှာ သေ ဆုံးနေတဲ့ ရဲတပ်သားကိုတွေ့ရ တာပါ’’ ဟု အမြန်လမ်းရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။

သေဆုံးသူ ရဲတပ်သားသည် ဥသျှစ်ကုန်း အမြန်လမ်းရဲစခန်းမှဖြစ်ကာ မိုင်တိုင် ၇၂ မိုင်  ၄ ဖာလုံနှင့် ၅ ဖာလုံကြားတွင် ကားတိုက်ခံရပြီး တိုက်သည့်ကားသည် နေပြည်တော်ဘက်မှ မောင်းနှင်လာကြောင်း  ၎င်းက ပြောသည်။

‘‘တိုက်သွားတဲ့ကားကို လိုက် ပြီး ရှာနေတုန်းရှိပါသေးတယ်။ ညဘက်မှောင်နေတော့ ကားအမျိုး အစားကို မသိလိုက်ဘူးဖြစ်နေ တယ်။ ဖြစ်ဖြစ်ချင်းနီးစပ်ရာ အ မြန်လမ်းရဲစခန်းတွေကို ဖုန်းဆက် ပြီး အကြောင်းကြားပေမယ့် ခုချိန် ထိတော့ မမိသေးပါဘူး’’ဟု ဥသျှစ်ကုန်းအမြန်လမ်း ရဲခစန်းမှ ရဲအရာ ရှိတစ်ဦးက ပြောသည်။

အလာင်းကို မြိုချောင်းတိုက် နယ်ဆေးရုံသို့  ပို့ဆောင်ထားကြောင်း ၎င်းက ပြောသည်။

 ထွက်ပြေးသည့် ယာဉ် မောင်းကို ပေါ့လျော့မှုကြောင့် လူ သေစေမှု၊ ထွက်ပြေးတိမ်းရှောင်မှု ပုဒ်မ ၃၀၄-က/ ၂၀၂ ဖြင့် ဥသျှစ်ကုန်း အမြန်လမ်းရဲစခန်းက အမှုဖွင့်ထားသည်။

More in Crime Section