နယ်စပ်ဖြတ်ကျော် ယာဉ်တန်းပါယာဉ်တစ်စီး မတော်တဆမှုဖြစ်၍ မလေးရှားနိုင်ငံသားကို အမှုဖွင့်

 မြန်မာနိုင်ငံသို့ နယ်စပ်ဖြတ်ကျော် မောင်းနှင်လာ သော ယာဉ်တန်းမှ ယာဉ်တစ်စီး နေပြည်တော် ကောင်စီနယ်မြေ အတွင်း မတော်တဆဖြစ်ပွားခဲ့၍ မလေးရှားနိုင်ငံသား ယာဉ်မောင်း ကို ပုဒ်မနှစ်ခုဖြင့် အမှုဖွင့်အရေး ယူထားကြောင်း ဇေယျာသီရိမြို့ နယ် ရွှေတွင်းကုန်စခန်းမှူး ဒုရဲ မှူးအောင်ကျော်ဦးက ပြောသည်။

နေပြည်တော်ကောင်စီနယ် မြေ ဇေယျာသီရိမြို့နယ် ခရေပင် လမ်းခွဲနှင့် ရင်ခွဲပင်ရွာကြား၊ ရန် ကုန်- မန္တလေးလမ်းဟောင်း မိုင် တိုင် ၂၆၅ မိုင် ၄ ဖာလုံအနီးတွင် ဖြစ်ပွားခဲ့ပြီး ညာဘက်ရှေ့ဘီးကွဲ ကာ လမ်းဘေးကျွန်းပင်ကို ဝင် တိုက်မိခဲ့ကြောင်း ရဲစစ်ချက်၌ ဖော်ပြထားသည်။

ယင်းသို့ မတော်တဆမှုဖြစ် ပွားခဲ့သော ယာဉ်သည် နစ်ဆန်း အမျိုးအစားဖြစ်ကာ မလေးရှား နိုင်ငံသား MR.CHUAGIM SENG က မောင်းခဲ့ရာ ယာဉ်ပေါ်တွင် မလေးရှားနိုင်ငံသူ Mrs. Lee Peik Wei ဆိုသူ လိုက်ပါခဲ့ကြောင်း ရဲမှတ်တမ်း၌ ပါရှိသည်။

 မတော်တဆမှုကြောင့် ယာဉ်မောင်းသည် ဝဲမျက်လုံးနှင့် ယာခြေမျက်စေ့ ဖူးရောင်ပြီး လိုက်ပါစီးနင်းခဲ့သော အမျိုး သမီးသည် ပြင်ပဒဏ်ရာ မရ သော်လည်း   ၎င်းတို့နှစ်ဦးစလုံး ကို နေပြည်တော် ခုတင် ၁,၀၀၀ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ ၎င်းတို့သည် အသက် (၆၀) ကျော်အရွယ်များဖြစ်ကြောင်း ရဲမှတ်တမ်း၌ ဖော်ပြထားသည်။

အဆိုပါ  ယာဉ်အပါအဝင် စုစုပေါင်း     ယာဉ်ကိုးစီးသည်မြန်မာ-အိန္ဒိယနယ်စပ် တမူးဝင်ပေါက်မှ မောင်းနှင်လာပြီး သမ္မတရုံးထံ တရားဝင်ခွင့်ပြုချက်တင်ပြီးမှ လာရောက်သည့် ခရီးဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ဝန် ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဇေယျာထွန်းက ပြောသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက် ၍ ယာဉ်မောင်းကို နာကျင်စေမှု ပုဒ်မ ၃၃၇၊ ယာဉ်မဆင်မခြင် မောင်းနှင်မှုပုဒ်မ ၂၇၉ တို့ဖြင့် အမှုဖွင့်ထားကြောင်း ဒုရဲမှူးအောင် ကျော်ဦးက ပြောသည်။

More in News Section