‘ကြာတော့သည်လည်းမောင့်စကား’ ရုပ်ရှင်ဇာတ်ကားတွင် လိုက်ဖက်ညီသော သရုပ်ဆောင်များကို ရွေးချယ်ထားဟု ထုတ်လုပ်ရေးပြော

စာရေးဆရာမ ဂျူး၏ ‘ကြာတော့သည်လည်း မောင့် စကား’ ဝတ္ထုကို ရုပ်ရှင်အဖြစ် ရိုက် ကူးရာတွင် စိုင်းစိုင်းခမ်းလှိုင်နှင့် လိုက်ဖက်မည်ဟု     မြင်သော ကြောင့် သရုပ်ဆောင်အဖြစ် ရွေးချယ်ခဲ့ကြောင်း ရွှေစည်တော်ထုတ်လုပ်ရေးမှ မခိုင်မာဝင်းက ပြောသည်။

‘‘နန္ဒကာရိုက်တာကို စိုင်းစိုင်းနဲ့ လိုက်ဖက်တယ်လို့မြင်တယ်။ စိုင်းစိုင်းကလည်း ဒီကာရိုက်တာ ကို တစ်ခါမှ သရုပ်မဆောင်ဖူး ဘူး။ သူအကောင်းဆုံးလုပ်နိုင်ရင် တော့ ပရိသတ်က သူ့ကို Barvo လုပ်ကြမှာပဲ။ သူလုပ်နိုင်ဖို့ပဲ အ ရေးကြီးတာ၊ အစ်မကတော့ ယုံယုံ ကြည်ကြည်နဲ့ ဒီဇာတ်ရုပ်နေရာကို ပေးလိုက်ပြီ’’ဟု ၎င်းက ပြော သည်။

‘ကြာတော့သည်လည်း မောင့်စကား’ ဝတ္ထုကို စိုင်းစိုင်း ခမ်းလှိုင်၊ ထွန်းထွန်း၊ ဖွေးဖွေးတို့ နှင့် ဒါရိုက်တာမီးပွားက ဇန်နဝါရီ ၁၃ ရက်တွင် စတင်ရိုက်ကူးမည် ဖြစ်သည်။

‘‘ဖြိုးကျော်ဇာတ်ရုပ်ဆိုရင် တော့ သူလုပ်နေကျဇာတ်ရုပ်၊ နန္ဒ ကာရိုက်တာသည် သူလုပ်နေကျ ဇာတ်ရုပ်မဟုတ်ဘူး။ သူ (စိုင်း စိုင်း) က မလုပ်ဘူးလို့တော့ပြော ပါတယ်။ အစ်မလည်း တော်တော် ပြောခဲ့ရတယ်။ သူ့အတွက်လည်း စိန်ခေါ်မှုကြီးတယ်’’ဟု မခိုင်မာ ဝင်းက ပြောသည်။

စာရေးဆရာမဂျူးကို အရမ်း ကြိုက်သောကြောင့် ယင်းဝတ္ထုကို ရိုက်ကူးရန် စီစဉ်ခဲ့ပြီး စာအုပ်ကို မီနိုင်ပါ့မလားဆိုသည့် စိတ်ဖိစီးမှု ရှိကြောင်း ၎င်းက ဆိုသည်။

‘‘တင်တင်ဇော်လို နည်းနည်း လည်း ရင့်ကျက်ရမယ်။ ကိုယ့် ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ ရုပ်ရှိ တဲ့ မင်းသမီးကလည်း ရှားတယ်။ တချို့ မင်းသမီးတွေရှိပေမယ့် ရိုက်ရက်ရတာက ဖွေးဖွေးရ တယ်’’ဟု ဖွေးဖွေးကို ရွေးချယ်ဖြစ် သည့်အကြောင်း မခိုင်မာဝင်းက ပြောသည်။

‘ကြာတော့သည်လည်း မောင့်စကား’ဝတ္ထုကို ယခင်က ရန်အောင်၊ ရဲအောင်၊ စိုးမြတ်သူ ဇာတို့နှင့် ဇာတ်ကားရိုက်ကူးဖူးပြီး အဆိုပါရုပ်ရှင်နှင့် နှိုင်းယှဉ်၍ ယခုပြန်လည်ရိုက်ကူးမည့် သရုပ် ဆောင်များနှင့်ပတ်သက်၍ ဝေဖန်မှုများရှိနေသည်။

တင်တင်ဇော်၊ နန္ဒနှင့် ဖြိုး ကျော်တို့ သုံးဦးကြား အားပြိုင် သည့် အချစ်ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပြီး ဇာတ်လမ်းက ရိုးစင်းသော် လည်း ဇာတ်ကောင်စရိုက်များ၏ ခံစားချက်ကို အဓိကအားပြုပုံဖော် ထားသော ဇာတ်တစ်ပုဒ်ဖြစ်၍ ရုပ်ရှင်အဖြစ် ပြန်လည်ဖန်တီးရာ တွင် ဇာတ်ကောင်စရိုက်အတိုင်း ပုံဖော်နိုင်သော သရုပ်ဆောင်မှု များကသာ ဇာတ်ကို အဓိကပံ့ပိုး ပေးနိုင်သည်ဟုဆိုကာ ယခုရွေး ချယ်ထားသော သရုပ်ဆောင်များ နှင့်ပတ်သက်၍ ဝေဖန်နေခြင်းဖြစ် သည်။