စစ်မှန်တဲ့ ပရဟိတပွဲတွေကို တတ်နိုင်သမျှ ကူညီသီဆိုပေးနေတဲ့ အိမ့်ချစ်

 ပရဟိတပွဲများတွင် ပါဝင်သီဆိုဖျော်ဖြေရခြင်းမှာ ကုသိုလ်ရသလို အများအတွက် အထောက်အပံ့ဖြစ်သောကြောင့် မှန်ကန်သည့် ပရဟိတပွဲများတွင် တတ်နိုင်သမျှ သီချင်းဆို၍ ကူညီ ပေးလေ့ရှိကြောင်း အဆိုတော် အိမ့်ချစ်ကပြောသည်။

‘‘တချို့ကျတော့ မဟုတ်ဘဲနဲ့ အကူအညီလာတောင်းတာမျိုး တွေ ကြုံရတယ်။ အဲဒီလိုမျိုးတွေ ဆို အိမ့်ချစ် အားမနာဘူး။ တချို့ က ပျော်လို့၊ ပွဲလုပ်ချင်လို့ အမြဲ တမ်း ပရဟိတဆိုတဲ့ ခေါင်းစဉ် တပ်ပြီးတော့ ပွဲလုပ်နေတဲ့သူတွေ ရှိတယ်သိလား။ ဒါကို ပရိသတ် တွေက သိချင်မှသိမယ်။ အိမ့်ချစ် တို့က ဒီလောကထဲမှာနေတာမို့ လို့သိတာ။ ပရဟိတဆိုတဲ့ ခေါင်း စဉ်တစ်ခုအောက်မှာ တိတိကျကျ မှန်မှန်ကန်ကန်နဲ့ တကယ်ထိထိ ရောက်ရောက် လုပ်ဆောင်နေတဲ့ သူတွေအတွက် ကူညီပေးရတာ ကိုယ်လည်း ကုသိုလ်ရတယ်လေ’’ ဟု ၎င်းက ပြောသည်။

လတ်တလောတွင် အဆို တော် ဟဲလေးနှင့် တွဲဖက်၍ ‘ချောကလက်မှိုတက် ညိုပြာ ညက်’တေးစီးရီးကို ဖေဖော်ဝါရီအ တွင်း ထွက်နိုင်အောင် ကြိုးစားနေ သည်ဟု ဆိုသည်။

‘‘ကိုဟဲလေးနဲ့ အိမ့်ချစ်က ပွဲတော်တော်များများလည်းတူ တယ်။ သီချင်းလည်း အမြဲတွဲဆို ဖြစ်တယ်။ တကယ်တမ်းတွဲဆို မယ်ဆိုရင် သင်္ကြန်သီချင်းကလွဲ လို့ မရှိဘူး။ အဲဒါကြောင့် အခွေ လေးတစ်ခွေထွက်ရအောင်ဆိုပြီး ခေါင်းစဉ်ကို စဉ်းစားလိုက်တော့ သူကလည်း အသားညိုတယ်၊ ကိုယ်ကလည်း အသားညိုတဲ့အ တွက် ‘ချောကလက်မှိုတက် ညိုပြာညက်’ဆိုပြီး ခေါင်းစဉ်ကို စဉ်းစားလိုက်တယ်။ စဉ်းစားပြီး သီချင်း လေးရေးတယ်’’ဟု အိမ့်ချစ်က ပြောသည်။

အဆိုပါအခွေကို ဟဲလေးက အဓိကစီစဉ်ပြီး သီချင်းအသစ်များအပြင် ကိုကြီးကိုကြီး၊ ဆုံးဖြတ်၊ အကြီးတစ်လုံး၊ အသေးတစ်လုံး စသည့်သီချင်းအဟောင်းများ ပြန် လည်ထည့်သွင်းထားသည်။