တာချီလိတ်တွင် အချုပ်ဖောက်ပြေးသူငါးဦး ပြန်လည်ဖမ်းမိ

တာချီလိတ်မြို့မရဲစခန်း အချုပ်မှ ထွက်ပြေးသည့် အချုပ် သားငါးဦးကို သုံးရက်အတွင်း ပြန်လည်ဖမ်းမိခဲ့သည်။

ဇန်နဝါရီ ၆ ရက် နံနက် ၄ နာရီခန့်က အချုပ်ခန်းအိမ်သာအ ပေါ်အမိုးသံတန်း နှစ်ပေခန့်ကို သံဖြတ်လွှဖြင့်ဖြတ်၍ အမိုးဆွဲ လှန်ကာ အမိုးပေါ်မှတစ်ဆင့် ထွက်ပြေးခြင်းဖြစ်သည်။

ထွက်ပြေးသွားသူများအ နက် သုံးဦးကို ညနေတွင် နေ့ချင်းပြန်လည်ဖမ်းဆီးမိပြီး ကျန်တစ်ဦးကို ဇန်နဝါရီ ၇ ရက် နေ့လယ်တွင် ဖမ်းဆီးမိကြောင်း တာချီလိတ် ရဲစခန်းမှ ရဲအုပ်ကိုကိုဦးက ပြော သည်။

‘‘၈ ရက် ညနေမှာ နောက်ဆုံးတစ်ယောက်ကို ဖမ်းမိတယ်။ အခု ဖမ်းမိတဲ့တရားခံက မူးယစ်ဆေးဝါးအမှုနဲ့ ဖမ်းထားတဲ့သူပါ။ သူတို့ငါးယောက်ကို အမှုထပ်ပြီးဖွင့်ထားပါတယ်’’ဟု ၎င်းက ပြော သည်။

ထွက်ပြေးသည့် အချုပ်သား ငါးဦးတွင် အမှုရင်ဆိုင်နေဆဲသုံး ဦးနှင့် ပြစ်ဒဏ်ကျနှစ်ဦးတို့ ပါဝင် ကာ အဆိုပါအချုပ်သားများ ထွက်ပြေးမှုနှင့်ပတ်သက်၍ တာဝန်ကျရဲတပ်ဖွဲ့ဝင်များကို အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး ထိန်ဝင်းက ပြောသည်။

ထွက်ပြေးသည့် အချုပ်သားငါးဦးအနက် မူးယစ်ဆေးဝါးအမှုဖြင့် ထောင်ဒဏ် ၁၆နှစ်ပြစ်ဒဏ် ချမှတ်ခံထားရသူတစ်ဦးပါဝင်ပြီး သက်ငယ်မုဒိမ်းမှုဖြင့် ထောင်ဒဏ်၂၂ နှစ်ကျခံရသူတစ်ဦးပါဝင် ကြောင်း တာချီလိတ်ရဲစခန်းမှ  ရဲအရာရှိတစ်ဦးက ပြောသည်။

‘‘ပထမဆုံးပြန်မိတာက ခိုးမှု ကတစ်ယောက်၊ မူးယစ်က တစ် ယောက်နဲ့ မုဒိမ်းမှုတစ်ယောက် အရင်ရတယ်။  ၇ ရက်နေ့မှာ ခိုးမှုနဲ့ နောက်တစ်ယောက်မိတယ်။ နောက်ဆုံးတစ်ယောက်ကတော့ မူးယစ်မှုနဲ့ ဒီနေ့ ညနေမှာ ထပ်မိတယ်’’ဟု ၎င်းက  ပြောသည်။  အချုပ်ဖောက်ထွက်ပြေးသူ ငါးဦးကို တာချီလိတ်မြို့မရဲစခန်းက  ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးဥပဒေပုဒ်မဖြင့် ထပ်မံအမှုဖွင့်အရေးယူထားသည်။အချုပ်ဖောက်ပြေးရန် ကူညီသူခြောက်ဦးနှင့် ပြင်ပမှ ကူညီသူနှစ်ဦးကို ဖမ်းဆီးအရေးယူပြီးဖြစ်ကြောင်းသိရသည်။