နိုင်ဂျီးရီးယားတိုက်စစ်မှူးနှင့် ဂီနီကွင်းလယ်လူတို့ကို ဆောက်သမ်းအသင်း အပြီးသတ်စာချုပ်

 မြန်မာလိဂ်ကလပ် ဆောက်သမ်းမြန်မာအသင်းသည် ၂၀၁၈ ဘောလုံးရာသီအတွက် နိုင်ဂျီးရီးယားတိုက်စစ်မှူး ၀ီလီယံ နှင့် ဂီနီကွင်းလယ်လူ လူးမားဘယ် ရီတို့ကို ဇန်န၀ါရီ ၇ ရက်က အပြီး သတ်ခေါ်ယူစာချုပ်ခဲ့သည်။

ထို့ပြင် ဆောက်သမ်းအသင်း အနေဖြင့် နောက်တန်းနေရာအ တွက် နိုင်ငံခြားသားကစားသမား တစ်ဦးခေါ်ယူရန်လည်း ညှိနှိုင်း နေကြောင်း အသင်းအုပ်ချုပ်သူ ဦးမြင့်ကြူးက ပြောသည်။

‘‘ဒီရာသီမှာ နိုင်ငံခြားသား သုံးယောက်ခေါ်ဖို့ စီစဉ်ထားပါ တယ်။ အခုနှစ်ယောက်အပြင် နောက်တန်းအတွက် တစ်ယောက်ခေါ်ဖို့ ညှိနေပါတယ်။ ဘယ်သူဆို တာကိုတော့ သေချာမှပဲ သတင်း ထုတ်ပြန်ပေးပါ့မယ်။ ပြည်တွင်း ကစားသမားကတော့ ဧရာဝတီက သိန်းနိုင်ဦးက နောက်ဆုံးပါပဲ။ နောက်ထပ် မခေါ်ဖြစ်တော့ပါ ဘူး။ အသင်းနည်းပြအဖြစ် အရင် နည်းပြဟောင်း ဖေဘီယာနိုကို ပြန်ခေါ်ဖို့ စီစဉ်ထားပါတယ်။ အပြီး သတ်ညှိနှိုင်းမှုအားလုံးအဆင်ပြေ တာနဲ့ ဒီရက်ပိုင်းအတွင်း သူအ သင်းကို ပြန်ရောက်လာမှာပါ’’ဟု ၎င်းက ဆိုသည်။

ဆောက်သမ်းမြန်မာအသင်း သည် ပြည်တွင်းကစားသမားသစ် များအဖြစ် လက်ရွေးစင်ကစား သမားဟောင်းများဖြစ်သည့် သိန်း နိုင်ဦး၊ ဟိန်းဇာအောင်၊ ထူးထူး အောင်၊ အောင်မိုးအပါအ၀င် ကိုးဦးအထိ အားဖြည့်ခေါ်ယူထား သည်။ လက်ရှိတွင် ဆောက်သမ်း မြန်မာအသင်းသည် ရာသီကြိုခြေ စမ်းပွဲများယှဉ်ပြိုင်နေပြီး ဒီဇင်ဘာ ၃၀ ရက်က မကွေးအသင်းနှင့် ခြေ စမ်းကစားရာ ၂-၄ ဂိုးဖြင့် ရှုံးနိမ့် ခဲ့သည်။