လေဖိအားနည်းရပ်ဝန်း သုံးရက်မြောက်အထိ ဆက်လက်တည်ရှိနေ

ဘင်္ဂလားပင်လယ်အော် မှ လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပြီး ယင်းအ ရှိန်ကြောင့် ရန်ကုန်မြို့အပါအဝင် မြစ်ဝကျွန်းပေါ်ဒေသ၌ အချိန်အ ခါမဟုတ် မိုးရွာသွန်းခဲ့သည်။

ထို့အပြင် စစ်ကိုင်းတိုင်း ဒေသကြီး၊ ကချင်နှင့် ချင်းပြည် နယ်တို့တွင် အအေးပိုလာနိုင် ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတင်း ထုတ်ပြန်ထားသည်။

ဘင်္ဂလား ပင်လယ်အော် တွင် ဇန်နဝါရီ ၆ ရက်ကစကာ လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ် ပေါ်လာပြီး ဇန်နဝါရီ ၈ ရက်အ ထိ ဆက်လက်တည်ရှိနေသည်။ ဇန်နဝါရီ ၈ ရက် နေ့လယ်တွင် ရန်ကုန်မြို့၌ နေရာကွက်၍ နာရီ ဝက်ခန့်ကြာ မိုးကောင်းခဲ့ကာ ဧရာဝတီတိုင်းဒေသကြီးမှ မြို့အချို့ တွင်လည်း မိုးရွာခဲ့သည်။

လေဖိအားနည်းရပ်ဝန်းအ ရှိန်ကြောင့် ရှမ်း၊ ကယား၊ ရခိုင်၊ ကရင်နှင့် မွန်ပြည်နယ်၊ တနင်္သာ ရီ၊ မန္တလေး၊ မကွေး၊ ဧရာဝတီ နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် နေရာကွက်၍ အချိန်အခါမဟုတ် မိုးရွာနိုင်ပြီး စိုက်ပျိုးရေးတောင်သူ များအနေဖြင့် သီးနှံများ မပျက်စီး စေရေး ဂရုပြုရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်မိုးဦးက သတိပေးသည်။