ဆဲဆိုခံရ၍ တောင်ကုတ်အမတ် အမှုဖွင့်

ဖုန်းဖြင့်သာမကနေအိမ် ရှေ့၌ပါ  လာရောက်ဆဲဆိုခဲ့သူကို မြို့နယ်ရဲစခန်းတွင် အမှုဖွင့်တိုင် ကြားထားကြောင်း အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်ဒေါ်နီနီမေ မြင့်က 7Day Daily သတင်းစာ အား ပြောကြားသည်။

တောင်ကုတ်မြို့နယ် ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ် နီနီမေမြင့်ထံ ဇန်န၀ါရီ ၈ ရက်ည က အရောင်းအ၀ယ်အငြင်းပွားမှု နှင့်ပတ်သက်၍ တိုင်ကြားသည့် ဖုန်းကို လက်ခံစကားပြောရာမှ တောင်ကုတ်မြို့နယ် စစ်မှုထမ်း ဟောင်းအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ကြီး ဟောင်း တင်အုန်းဆိုသူက ဆဲဆိုခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ ထိုသို့ဆဲဆိုခံရစဉ် ဒေါ်နီနီမေမြင့်သည် ရန်ကုန်မြို့သို့ ရောက်ရှိနေခြင်းဖြစ်သည်။ 

‘‘သူ ဖြစ်နေတဲ့ကိစ္စက အရောင်းအ၀ယ်ဖြစ်ကြတာ။ ပွဲစားတွေနဲ့ အဲဒီကိစ္စ။ ကျွန်မကအကျိုးနဲ့အကြောင်းနဲ့ ရှင်းပြတယ်။ ဒါပေမဲ့ မကျေနပ်ဘဲ ဆဲဆိုလာတဲ့အတွက် ဖုန်းချလိုက်တော့ ရခိုင်က အိမ်ရှေ့မှာပါသွားဆဲတာ’’ ဟု ဒေါ်နီနီမေမြင့်က ပြောသည်။

ထို့ကြောင့် ဒေါ်နီနီမေမြင့်၏ ကိုယ်စား ၎င်း၏မောင်က တောင် ကုတ်မြို့နယ်ရဲစခန်း၌ ရာဇသတ် ကြီးဆဲဆိုမှုပုဒ်မ ၂၉၄ ဖြင့် အမှု ဖွင့်တိုင်ကြားခဲ့သည်။ 

‘‘ကျွန်မ ပါးစပ်ကတောင် ထုတ်မပြောချင်ဘူး။ ဆဲတာမှ တော်တော်ကိုဆဲတာ’’ ဟု ၎င်းကပြောသည်။

ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်ဒေါ်နီနီမေမြင့်ကိုဆဲဆို သူထံသို့ 7Day Daily သတင်းစာက ဖုန်းဖြင့်ဆက်သွယ်ရာ ဗိုလ်ကြီးဟောင်း တင်အုန်းဟုတ်ပါသလားဟု မေးမြန်းစဉ် ဟုတ်မှန်ကြောင်း ပြန်လည်ဖြေကြားသော်လည်း သတင်းထောက်ဖြစ်ကြောင်း အသိပေးချိန်တွင် ၎င်းက ထပ်မံဆဲဆိုခဲ့သည်။

More in News Section