ဇေယျာရွှေမြေဘောလုံးအသင်း တည်ထောင်သူ ဦးသူရိန်ကွယ်လွန်

 မြန်မာလိဂ်ကလပ် အ သင်းဟောင်း ဇေယျာရွှေမြေ ဘော လုံးအသင်း ပိုင်ရှင်နှင့်ရွှေနဂါး မင်း ကုမ္ပဏီများအုပ်စု မန်နေ ဂျင်းဒါရိုက်တာ ဦးသူရိန်သည် ဇန်နဝါရီ ၈ ရက် ညနေ ၃ နာရီခွဲ၌ ကွယ်လွန်ခဲ့သည်။

အသက် (၄၀) နှစ်ရှိ ဦးသူရိန်သည် ပြီးခဲ့သည့်နှစ်က ကျန်းမာရေးအခြေအနေကြောင့် ဆေးရုံ တက်ရောက်ကုသခဲ့ ကြောင်း ၎င်းနှင့် နီးစပ်သူတစ်ဦး က ပြောသည်။

 စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဟောင်း ဦးဝင်းမြင့်၏သား ဦးသူရိန်သည်  ၂၀၀၉ မြန်မာလိဂ် စတင်ချိန်၌ ဇေယျာရွှေမြေအသင်းကို တည် ထောင်ပြီး ၂၀၁၆ သြဂုတ်တွင်အိမ်ကွင်းဖြစ်သည့် မုံရွာကွင်းကို တိုင်းဒေသကြီးလွှတ်တော်က ပြန်လည်ရယူရန် တောင်းဆိုသဖြင့် အသင်းဖျက်သိမ်းခဲ့သည်။

ဦးသူရိန်ကွယ်လွန်ခြင်းနှင့် ပတ်သက်၍ ကျန်ရစ်သူမိသားစု နှင့်အတူ ကြေကွဲဝမ်းနည်းရပါ ကြောင်းနှင့် ဦးသူရိန်ကောင်းရာ သုဂတိရောက်ရှိပါစေကြောင်း မြန်မာ့  ဘောလုံးလောကသား အားလုံးကိုယ်စား  ဆုတောင်း မေတ္တာပို့သအပ်ပါသည်ဟု မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ်က ထုတ် ပြန်သည်။