မုံးကိုးတွင် မိုင်းပေါက်ကွဲပြီး အရပ်သားငါးဦး ဒဏ်ရာရ၊ နှစ်ဦး ခြေထောက်ဖြတ်ရ

 တပ်မတော်နှင့် မြောက် ပိုင်းအဖွဲ့ တိုက်ပွဲပြင်းထန်စွာဖြစ် ခဲ့သော ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့နယ်တွင် မိုင်းပေါက်ကွဲ မှုကြောင့် အရပ်သားငါးဦး ဒဏ်ရာရပြီး  နှစ်ဦးဒဏ်ရာပြင်းထန်ခဲ့သည်။

မူဆယ်ခရိုင် မုံးကိုးမြို့နယ် ပန်ဂျပ်ကျေးရွာတွင် ဇန်နဝါရီ ၈ ရက် နေ့လယ်က မိုင်းနှစ်လုံးပေါက်ကွဲပြီး ဒေသခံအမျိုးသားငါးဦး ဒဏ်ရာရခဲ့သည်။

မူဆယ်မြို့နယ် ဒုတိယမြို့ နယ် အုပ်ချုပ်ရေးမှူး ဦးစန်းလှိုင် က ‘‘မိုင်းကွဲတာ ဒဏ်ရာရသူငါး ယောက်။ တစ်ယောက်ကတော့ မျက်စိကို ထိသွားပြီး ခွဲစိတ်ရ မယ်။ နောက်တစ်ယောက်က ခြေ ထောက်ကို ထိသွားတယ်’’ဟု ပြောသည်။

ဒဏ်ရာရသူငါးဦးအနက် တစ်ဦးသည် မျက်လုံးထိခိုက်ပြီးကျန်တစ်ဦးသည် ဒူးအောက်ပိုင်း ပြတ် ဒဏ်ရာရကာ စိုးရိမ်ရ ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန က ထုတ်ပြန်ထားသည်။ဒဏ်ရာရရှိသူများသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ် မန်စီဆေးရုံတွင် ဆေးကုသမှုခံယူနေပြီး  နှစ်ဦးသည်  ခြေထောက်ဖြတ်လိုက်ရသည်ဟု သတင်းရကြောင်းမူဆယ်မြို့နယ်ဒေသခံ လူမှုရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မုံးကိုးမြို့နယ်သည် ၂၀၁၆ ဇန်နဝါရီနှင့် ဒီဇင်ဘာက တပ် မတော်နှင့်     ကေအိုင်အေ၊ MNDAA နှင့် TNLA ပူးပေါင်း မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကာ အရပ်သားအချို့ သေဆုံးပြီး မြို့ ပေါ်ရှိ အဆောက်အအုံများစွာ ပျက်စီးခဲ့သည်။ မုံးကိုးဒေသအပါအဝင် တိုက်ပွဲဖြစ်ခဲ့ရာဒေသများတွင် မိုင်းအန္တရာယ်က ဒေသခံများအား ဒုက္ခပေးနေသည်။