ခြေစမ်းပွဲတွင် မြန်မာဖူဆယ်အသင်း ထိုင်းယူ-၂၃ ဖူဆယ်အသင်းကို ဂိုးပြတ်ရှုံး

မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းနှင့် ထိုင်းယူ-၂၃ဖူဆယ်အသင်းတို့ ခြေစမ်းပွဲယှဉ်ပြိုင်နေစဉ် (ဓာတ်ပုံ − MFF)

 မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း၏ ထိုင်းခြေစမ်း ခရီးစဉ် တတိယခြေစမ်းပွဲတွင် ထိုင်းယူ-၂၃ ဖူဆယ် လက်ရွေး စင်အသင်းကို ၆-၁ ဂိုးဖြင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့သည်။

ဇန်နဝါရီ ၉ ရက်က ဘန် ကောက်မြို့၌ ယှဉ်ပြိုင်သည့် ယင်းပွဲတွင် ထိုင်းယူ-၂၃ အသင်း က မြန်မာအသင်းကို ဖိအားပေး ကစားနိုင်ခဲ့သည်။ မြန်မာဖူဆယ် အသင်းအတွက် တစ်လုံးတည်း သော ချေပဂိုးကို အသင်းခေါင်း ဆောင် ပြည့်ဖြိုးမောင် (၂)က သွင်းယူခဲ့သည်။

မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းသည် ထိုင်းခြေစမ်းခရီး စဉ် ပထမပွဲတွင် ထိုင်းကလပ် Cat ဖူဆယ်အသင်းကို ၃-၂ဂိုး ဖြင့် အနိုင်ရခဲ့ပြီး ဒုတိယပွဲ၌ ထိုင်းကလပ် သာခန်းဖူဆယ် အသင်းနှင့် နှစ်ဂိုးစီ သရေကျခဲ့ သည်။

အာရှဖူဆယ်ပြိုင်ပွဲအကြို ပြင်ဆင်မှုအဖြစ် ကစားသမား ၁၆ ဦး ပါဝင်သည့် မြန်မာဖူဆယ် အသင်းသည် ထိုင်းနိုင်ငံတွင် လေ့ကျင့်၍ ခြေစမ်းပွဲများ ယှဉ် ပြိုင်ရန် ဇန်နဝါရီ ၃ ရက်က ဘန် ကောက်မြို့သို့ ရောက်ရှိခဲ့သည်။

မြန်မာ ဖူဆယ်အသင်းသည် ထိုင်းခြေစမ်းခရီးစဉ်တွင် ခြေစမ်း ပွဲသုံးပွဲ ကစားပြီးချိန်၌ တစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံးထားသည်။ မြန်မာဖူ ဆယ်အသင်းသည် ထိုင်း ခြေစမ်း ခရီးစဉ်တွင် ခြေစမ်းပွဲ လေးပွဲ ယှဉ်ပြိုင်မည်ဖြစ်ပြီး ဇန်န ဝါရီ ၁၁ ရက်၌ ထိုင်းယူ-၂၃ လက်ရွေးစင် ဖူဆယ်အသင်းနှင့် ထပ်မံယှဉ်ပြိုင် မည်ဖြစ်သည်။

၂၀၁၈ အာရှဖူဆယ်ပြိုင်ပွဲ ကို ဖေဖော်ဝါရီ ၁ ရက်မှ ၁၁ ရက် အထိ တိုင်ပေတွင် ကျင်းပမည် ဖြစ်ပြီး မြန်မာအသင်းက အုပ်စု(ဂ)၌ လက်ရှိချန်ပီယံ အီရန်၊အီရတ်၊ တရုတ်အသင်းတို့နှင့် တစ်အုပ်စုတည်း ကျနေသည်။