ယာဉ်မတော်တဆမှု သတိပေးဆိုင်းဘုတ်များကို အရည်အသွေးမြင့် ဆေးအမှတ်အသားများဖြင့် စိုက်ထူမည်

မွန်ပြည်နယ်အတွင်း ယာဉ်မတော်တဆမှုများ ကျဆင်း စေရန် သတိပေးလမ်းညွှန်ဆိုင်း ဘုတ်များကို အရည်အသွေးမီ ဆေးအမှတ်အသားများနှင့် စိုက် ထူမည်ဟု အမှတ် (၁၂)ယာဉ် ထိန်းရဲ ဒုတပ်ဖွဲ့မှူးရုံး (မွန်)မှ ဒုရဲမှူးဌေးဆွေက ပြောသည်။

ယာဉ်မတော်တဆအဖြစ် များသည့် နေရာများတွင် အရည် အသွေးမီသည့် နည်းစနစ် သတိ ပေးဆိုင်းဘုတ်များ၊ လမ်းဘေး ဓာတ်တိုင်များနှင့် လမ်းဘေးသစ် ပင်များတွင် အလင်းပြန်စတစ်ကာ များ ကပ်ခြင်းနှင့် ယာဉ်တိုက်မှုကို လအလိုက် စာရင်းများ ထုတ်ပြန် ပေးမည်ဖြစ်ကြောင်း ဒုရဲမှူးဌေး ဆွေက ပြောသည်။

‘‘ဒီစီမံချက်ကို ဇန်နဝါရီလ အကုန်ထိ အပြီးလုပ်သွားဖို့ စီမံ ထားတယ်။ အရည်အသွေးပြည့်မီ တဲ့ ဆိုင်းဘုတ်တွေကို လိုအပ်တဲ့ နေရာမှာ နှစ်ခု၊ သုံးခုထားသွား မယ်။ မွန်ပြည်နယ်ထဲမှာဆို ကျိုက်ထိုမြို့နယ်၊ ပေါင်မြို့နယ် တို့မှာ အများဆုံးထားသွားမယ်။ နှစ်အလိုက် ယာဉ်တိုက်မှုစာရင်း တွေကို ပြန်ကြည့်မယ်ဆိုရင် သထုံခရိုင်က ယာဉ်တိုက်မှုအများ ဆုံးပဲ’’ဟု ဒုရဲမှူးဌေးဆွေက ပြော သည်။

ထိုစီမံချက်အတွက် ကုန်ကျ စရိတ်များကို သထုံခရိုင်ဘက်ရှိ လမ်းများတွင် ရွှေသံလွင်ကုမ္ပဏီ က တာဝန်ယူပြီး မော်လမြိုင်ခရိုင် ရှိ လမ်းများကို AK ကုမ္ပဏီက တာဝန်ယူကာ မြို့တွင်းလမ်းများ ကို သက်ဆိုင်ရာ စည်ပင်သာယာ ရေးအဖွဲ့က တာဝန်ယူ အကုန် အကျခံမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ပြည်နယ်တစ်ခုလုံးတွင် ၂၀၁၇ အတွင်း ဆိုင်ကယ်တိုက်မှု ၅၂၁ မှု၊ ကားတိုက်မှု ၃၉၄ မှု ဖြစ်ပွားခဲ့ရာ ယာဉ်မတော်တဆမှု ၉၁၅ မှုကြောင့် ဒဏ်ရာရသူ ၁,၅၉၂ ဦး နှင့် သေဆုံးသူ ၃၃၆ ဦးရှိကြောင်း အမှတ် (၁၂) ယာဉ် ထိန်းရဲ ဒုတပ်ဖွဲ့မှူးရုံး (မွန်)၏ နှစ်ချုပ်စာရင်းတွင် ဖော်ပြထား သည်။ ၂၀၁၆ တွင် ယာဉ်မတော် တဆမှုကြောင့် ဆိုင်ကယ်တိုက်မှု ၄၁၆ မှု၊ ကားတိုက်မှု ၃၇၈ မှု ဖြစ်ပွားခဲ့ရာ ဒဏ်ရာရသူ ၁,၂၈၉ ဦးနှင့် သေဆုံးသူ ၃၁၇ ဦးရှိကြောင်း ယာဉ်ထိန်းရဲ တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

Top News