ထိုင်းသို့ ထပ်မံဝင်ရောက်လာသော အထောက်အထားမဲ့ မြန်မာလုပ်သားများ တရားဝင်ဖြစ်ရေး ဆောင်ရွက်မည့်အစီအစဉ်ကို ရုပ်သိမ်း

မူလရောက်ရှိသူများ အထောက်အထားပြနိုင်ပါက CI ကတ် ထုတ်ပေးမည်
ပန်းရောင်ကတ် သက်တမ်းကုန်ဆုံးသွားသော မြန်မာလုပ်သားများ ပြီးခဲ့သည့် စက်တင်ဘာအတွင်း CI ကတ်များ ပြုလုပ်နေစဉ် (ဓာတ်ပုံ − စိုးလင်းအောင်)

ထိုင်းနိုင်ငံသို့ တရားမဝင် ထပ်မံရောက်ရှိလာသည့် မြန်မာ လုပ်သားများ တရားဝင်ဖြစ်ရေး ဆောင်ရွက်မည့်အစီအစဉ်ကို ရုပ်သိမ်းကြောင်း ထိုင်းနိုင်ငံအစိုးရ က ဇန်နဝါရီ ၉ ရက်တွင် ကြေ ညာချက် ထုတ်ပြန်သည်။

 ထိုင်းအလုပ်သမားဝန်ကြီး ဌာနသည် မူလက အလုပ်လုပ် ကိုင်ခွင့် အထောက်အထားအချို့ ရှိသော်လည်း သတ်မှတ်ထား သော စာရွက်စာတမ်းအပြည့်အစုံ မရှိခြင်း၊ အလုပ်ရှင်နှင့် အလုပ် နေရာလွဲနေခြင်း၊ ယာယီနိုင်ငံကူး လက်မှတ် သက်တမ်းကုန်ဆုံး မည့်သူများနှင့် ထိုင်းနိုင်ငံ အလုပ် သမားဌာန၌ မှတ်ပုံတင်ထား သည့် အထောက်အထားမဲ့နေ ထိုင်နေသော မြန်မာလုပ်သားများ မည်သူမည်ဝါဖြစ်ကြောင်း သက် သေခံလက်မှတ် CI ပြုလုပ်ရန် ဆိုင်းငံ့ကာလ ခြောက်လ (ဇွန်လ ကုန်အထိ) ထပ်မံတိုးမြှင့်ပေး ကြောင်း ဒီဇင်ဘာ ၂၈ ရက်စွဲဖြင့် ကြေညာသည်။


ထိုင်းအစိုးရသည် ဇန်နဝါရီ ၅ ရက်တွင် တရားမဝင် ထပ်မံ ရောက်ရှိလာသော မြန်မာလုပ် သားများကို တရားဝင်ဖြစ်ရေး ဆောင်ရွက်ပေးမည်ဟု ကြေညာ ထားပြီး ယင်းကြေညာချက်ကို ရုပ်သိမ်းကြောင်း ဇန်နဝါရီ ၉ရက်တွင် ထပ်မံ၍ ကြေညာခြင်း ဖြစ်သည်။

‘‘မြန်မာလုပ်သားတွေ အ သစ်ထပ်ရောက်လာမှာစိုးလို့ ဟန့် တားလိုက်တာလို့ မြင်တယ်။ အဲဒါကြောင့် ရုပ်သိမ်းလိုက်တာ’’ ဟု မြန်မာလုပ်သားများအရေး ကူညီ ပေးနေသည့် ထိုင်းနိုင်ငံ Raks Thai Foundation အဖွဲ့မှ ကိုရဲ မင်းက ပြောသည်။

‘‘အစကတော့ အထောက် အထားမရှိတာတွေ အကုန်လုံး ရော အဆင်ပြေအောင် လုပ်ပေး မယ်လို့ ကြေညာထားတာပေါ့။ အခုအဲဒါကို ပြန်ရုပ်သိမ်းလိုက် တာ။ ပြန်လည်ပြင်ဆင်ပြီး ကြေ ညာချက် ထပ်ထုတ်ပေးမယ်လို့ လည်း ကြေညာထားပါတယ်’’ဟု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

လက်ရှိတွင် ထိုင်းနိုင်ငံ၌ ယခင်ကတည်းက ရောက်ရှိနေ ပြီး အထောက်အထားတစ်ခုခု ပြနိုင်သူ၊ ပန်းရောင်ကတ် သက် တမ်းကုန်ဆုံးသူများသည် မူလ ထုတ်ပြန်ထားသည့်အတိုင်း ဇွန်လ ၃၀ ရက်အထိ CI ကတ်များ ပြုလုပ်နိုင်သည်။

ထို့အပြင် ဇန်နဝါရီ ၉ ရက်က လည်း ထိုင်းနိုင်ငံ နခွန်ပထုန်ခရိုင် ရှိ စက်ရုံနှစ်ရုံသို့ ထိုင်းရဲတပ်ဖွဲ့က ဝင်ရောက်စစ်ဆေးရာ တရားမ ဝင် လုပ်ကိုင်နေသော မြန်မာလုပ် သား ၄၀ ဦးခန့်ကို ထိုင်းရဲတပ်ဖွဲ့ က ဖမ်းဆီးခဲ့သည်။

ဖမ်းဆီးခံရသော မြန်မာလုပ် သားများသည် အထောက်အထား ရှိပြီး အလုပ်ရှင်အမည် လွဲမှားနေ ခြင်း၊ အလုပ်သမားမှတ်ပုံတင်မရှိ ခြင်းကြောင့် ဖမ်းဆီးခံရခြင်းဖြစ် ကြောင်း ထိုင်းရောက် မြန်မာလုပ်သားများအရေး ကူညီပေးနေ သော မြန်မာအဖွဲ့အစည်းများက ပြောသည်။

ထိုင်းအစိုးရသည် ပြီးခဲ့သည့် ဇွန်လ ၂၀ ရက်က တရားမဝင် ပြည်ပအလုပ်သမားများနှင့် ပတ် သက်၍ ဥပဒေတစ်ရပ် ထုတ်ပြန် ပြီးနောက် တရားမဝင်နေထိုင် သော မြန်မာလုပ်သားများ အပါ အဝင် နိုင်ငံခြားသားများကို ဖမ်း ဆီးခဲ့ရာ ဝေဖန်မှုများကြောင့် ဆိုင်းငံ့ခဲ့ပြီး ယခုနှစ်လအကြာ တွင် ပြန်လည်ဖမ်းဆီးခဲ့ခြင်းဖြစ် သည်။