ဒဏ်ရာများဖြင့် သေဆုံးနေသော ဧရာဝတီလင်းပိုင်တစ်ကောင်တွေ့ရှိ

သေဆုံးသွားသည့် ဧရာဝတီလင်းပိုင်အား တွေ့ရစဉ် (ဓာတ်ပုံ − AHDOE FB)

ဒဏ်ရာများဖြင့်သေဆုံး ကာ မြစ်အတွင်းမျောပါလာသည့် ဧရာဝတီလင်းပိုင်တစ်ကောင်ကို စစ်ကိုင်းတိုင်းဒေသကြီး ကသာ မြို့နယ် အောင်ချမ်းသာကျေးရွာ အနီးတွင် ဇန်န၀ါရီ ၁၀ ရက် နေ့လယ်က တွေ့ရှိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ငါးလုပ် ငန်းဦးစီးဌာန လင်းပိုင်ထိန်းသိမ်း ရေးတာဝန်ခံဦးဟန်ဝင်းက ပြော ကြားသည်။

အဆိုပါ ဧရာဝတီလင်းပိုင် သည် အမဖြစ်ပြီးအရှည်ခုနစ်ပေ နှင့် လုံးပတ်လေးပေရှိကာငါးလုပ် ငန်းဦးစီးဌာနက စစ်ဆေးပြီးမြှုပ်နှံ ခဲ့ကြောင်း အောင်ချမ်းသာကျေး ရွာအုပ်ချုပ်ရေးမှူး ဦးအောင်ကို လတ်က ပြောသည်။


‘‘အသက်ရှူတဲ့ နှာခေါင်း ပေါက်မှာ ဒဏ်ရာတော့ဖြစ်နေ တယ်။ တစ်ခုခုနဲ့ထိခိုက်မိသလား မသိဘူး။ နောက်ပြီး လူတွေက လေးခွနဲ့ပစ်ထားတဲ့ပုံစံမျိုးလည်း ဖြစ်နေတယ်’’ ဟု ဦးဟန်ဝင်းက ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၇ရက် ကကသာခရိုင် ကျောက်ပုံကျေး ရွာအနီး ဧရာဝတီမြစ်အတွင်း ဧရာဝတီလင်းပိုင် တစ်ကောင် သေဆုံးခဲ့ရာ တစ်လမပြည့်မီပင် နောက်တစ်ကောင်သေဆုံး ခြင်းဖြစ်သည်။

ယမန်နှစ် ဖေဖော်ဝါရီက မန္တလေး-ဗန်းမော် ဧရာဝတီမြစ် ကြောင်းတစ်လျှောက် စစ်တမ်း ကောက်ယူမှုအရ ဧရာဝတီလင်း ပိုင် ၆၉ ကောင် တွေ့ရှိခဲ့သည်။

 ဘက်ထရီရှော့ခ်တိုက်ငါး ဖမ်းမှုများနှင့် လူတို့၏ပယောဂ ကြောင့် ဧရာဝတီလင်းပိုင်များနှစ်စဉ် သေဆုံးနေပြီး အကောင်ရေ တ ဖြည်းဖြည်းလျော့နည်းလာကာ မျိုးတုံးမည့် အန္တရာယ်နှင့်ရင်ဆိုင် နေရသည်။ ဧရာဝတီလင်းပိုင်များ မျိုးတုံးမကွယ်ပျောက်စေရေး ငါး လုပ်ငန်းဦးစီးဌာနနှင့် သားငှက် ထိန်းသိမ်းရေးအဖွဲ့(WCS)တို့က ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေး လုပ်ငန်းများ ပညာပေးဆောင် ရွက်နေသည်။

လက်ရှိတွင် မင်းကွန်းနှင့် ကျောက်မြောင်းကြား ဧရာဝတီ မြစ်ကြောင်းတစ်လျှောက်ကိုလင်း ပိုင်ထိန်းသိမ်းရေးဧရိယာအဖြစ် သတ်မှတ်ထားပြီး မလည်ရွာနှင့် ရွှေကူမြို့အကြားကို ဧရာဝတီ လင်းပိုင်ထိန်းသိမ်းရေး ဒုတိယ ဧရိယာအဖြစ် သတ်မှတ်ရန်စီစဉ် နေသည်။