မော်လမြိုင်တွင် နို့စို့ကလေးငယ်အပါအ၀င် ကလေး သုံးဦးကို စွန့်ပစ်ထား

 မော်လမြိုင်မြို့ မောရ၀တီပန်းခြံတွင် နို့စို့ကလေးငယ် အပါအ၀င် ကလေးသုံးဦးကို စွန့်ပစ်ထားကြောင်း မွန်ပြည်နယ် လူမှုကယ်ဆယ်ရေးအဖွဲ့ ဒုဥက္ကဋ္ဌ ဦးမြင့်ဦးက ပြောကြားသည်။

ဇန်န၀ါရီ ၉ ရက် ည ၆ နာရီတွင် အသက် (၄) နှစ်၊ (၂)နှစ်နှင့် ခြောက်လအရွယ် နို့စို့ကလေးငယ်အပါအ၀င် ကလေးသုံးဦးကို လာရောက်စွန့်ပစ်ထားသဖြင့် မွန်ပြည်နယ် လူမှုကယ်ဆယ်ရေးအဖွဲ့က ကယ်ဆယ်ထားကြောင်း ဦးမြင့်ဦးက ဆိုသည်။


‘‘ပန်းခြံအနားက လူတွေက ဖုန်းဆက်ပြီးခေါ်တဲ့အတွက် ကျွန် တော်တို့ အဖွဲ့သွားခဲ့တယ်။ နို့စို့ ကလေးအပါအ၀င် ကလေးသုံးဦး ကို ပစ်ထားတာတွေ့တယ်။ မ ကျွေးမွေးနိုင်တဲ့အတွက် လာ ရောက်ပစ်သွားပုံရတယ်။ အငယ် မလေးက ကျန်းမာရေးမကောင်း တဲ့အတွက် ဆေးခန်းပြထားရ တယ်’’ဟု ဦးမြင့်ဦးက ပြောသည်။

 အဆိုပါကလေး သုံးဦးကို လူမှုဝန်ထမ်းဦးစီးဌာနသို့ ပို့ဆောင်ရန် ရည်ရွယ်ထားပြီး လက်ရှိတွင် သိမ်ကုန်းရပ်ဓမ္မနန္ဒီကျောင်း ဆရာတော်က ထိန်းသိမ်းထားကြောင်း ဦးမြင့်ဦးက ဆိုသည်။

 ၎င်းအဖွဲ့သည်ယခင်က စွန့်ပစ်ကလေး ငယ်ခုနစ်ဦးကို လူမှုဝန်ထမ်းဦးစီးဌာနသို့ အပ်နှံထားပြီး ယခုကလေးသုံးဦး မိဘများကိုရှာဖွေနေကြောင်း ၎င်းကဆိုသည်။