ကျော်ကိုကို အသင်းနည်းစနစ်နှင့်အံဝင်ရန် လိုအပ်နေသေးဟု ချင်းရွိုင်အသင်းဥက္ကဋ္ဌ သုံးသပ်

ကျော်ကိုကိုကို ချင်းရွိုင်အသင်း၌ ပထမဆုံး ပွဲထွက်ကစားရသည့်ပွဲတွင် တွေ့ရစဉ် (ဓာတ်ပုံ − Chiang Rai United)

 ကျော်ကိုကိုအနေဖြင့် ချင်းရွိုင်အသင်းနည်းစနစ်နှင့် အံ ၀င်ရန်လိုအပ်နေသေးကြောင်း အသင်းဥက္ကဋ္ဌမီတီတီရာပိုင်ရတ် က Football Forward Thailand မီဒီယာအား ဖြေကြားသည်။


ဇန်န၀ါရီ ၉ ရက်က ထိုင်း နိုင်ငံချင်းမိုင်မြို့တွင် ယှဉ်ပြိုင် သည့် ချင်းရွိုင်အသင်းနှင့် Port အသင်းတို့၏ ရာသီကြို ၂၀၁၈ လီရိုဖလားပြိုင်ပွဲ၌ ကျော်ကိုကို သည် ချင်းရွိုင်အသင်းနှင့် ပွဲဦး ထွက်ပါဝင်ကစားခဲ့သည်။

‘‘အားလုံးခြုံပြီး ပြောရမယ် ဆိုရင်တော့ ကျော်ကိုကိုက မျှော် လင့်ထားတဲ့ခြေစွမ်း ပြနိုင်ခဲ့ပါ တယ်။အသင်းရဲ့နည်းစနစ်မှာ အံ ၀င်ဖို့တော့ လိုသေးတယ်။ ထိုင်းနဲ့ မြန်မာကြားက ဘောလုံးကစားပုံ ကွာခြားတာကို သူတွေ့ခဲ့မှာပါ။ ဒါပေမဲ့ လိဂ်ပြိုင်ပွဲမတိုင်ခင်တစ် လလောက် သူ့အတွက် ပြင်ဆင် ချိန်ရှိပါသေးတယ်’’ ဟုကစားသ မားသစ်ကျော်ကိုကို၏ ခြေစွမ်း နှင့်ပတ်သက်၍ မီတီတီရာပိုင်ရတ် က သုံးသပ်ပြောကြားသည်။

မြန်မာတိုက်စစ်မှူးကျော်ကို ကိုအနေဖြင့် အချိန်ကြာသည်နှင့် အမျှ ခြေစွမ်းပိုမိုတိုးတက်လာပြီး ချင်းရွိုင်အသင်းကို ကူညီနိုင်မည် ဟု ယုံကြည်ကြောင်း ၎င်းကဆို  သည်။ အဆိုပါပွဲတွင် ကျော်ကိုကို သည် ပွဲထွက်ကစားသမားအဖြစ် ပထမပိုင်း ၄၅ မိနစ်ဝင်ရောက် ကစားခဲ့ပြီး ဂိုးသွင်းခွင့်အချို့ရခဲ့ သော်လည်း အသုံးမချနိုင်ခဲ့ကာ ဒုတိယပိုင်းတွင် လူစားလဲခံရ သည်။

ချင်းရွိုင်အသင်းနှင့် ပထမ ဆုံးပွဲထွက်ခွင့်ရခဲ့သည့်ကျော်ကို ကိုကလည်း ယင်းပွဲ၌ ၎င်း၏ ခြေ စွမ်းအပေါ် ကျေနပ်အားရမှုမရှိ သေးကြောင်း ပြောသည်။ ‘‘ခြေ စွမ်းကို အားမရဘူး။ အသင်းနှင့် အံမ၀င်သေးဘူးလို့မြင်တယ်။ ကစားချိန်ကလည်း နည်းသေး တယ်။ အသင်းမှာ ဒီထက်ပို ကောင်းဖို့ ကြိုးစားသွားမှာပါ။ ပွဲ ထွက် ၁၁ ယောက်ထဲပါဖို့က ကိုယ်စီအခွင့်အရေးရှိပါတယ်’’ ဟု ကျော်ကိုကိုက ပြောသည်။

လီရိုဖလားပြိုင်ပွဲ ရှုံးထွက်ပွဲ စဉ်ယှဉ်ပြိုင်သည့် ချင်းရွိုင်အ သင်းနှင့် Port အသင်းတို့ပွဲတွင် သာမန်ပွဲချိန်အတွင်း ဂိုးမရှိသရေ ကျခဲ့သဖြင့် ပင်နယ်တီအဆုံးအ ဖြတ်ကန်သွင်းရာ ချင်းရွိုင်အသင်း က Port အသင်းကို ၅-၃ ဂိုးဖြင့် အနိုင်ရခဲ့သည်။

ယင်းပွဲအနိုင်ရလဒ်ကြောင့် ချင်းရွိုင်အသင်းသည် ဇန်န၀ါရီ ၁၂ ရက်တွင် Nakhon Ratcha-sima Mazda F.C အသင်းနှင့် အကြိုဗိုလ်လုပွဲယှဉ်ပြိုင်ရမည် ဖြစ်သည်။ ၂၀၁၈ ရာသီကြိုလီရို ဖလားပြိုင်ပွဲကို ဇန်န၀ါရီ ၉ ရက်မှ ၁၄ ရက်အထိ  ထိုင်းနိုင်ငံချင်းမိုင် မြို့တွင် ကျင်းပနေပြီး ပြိုင်ပွဲဝင်အ သင်းရှစ်သင်းပါဝင်ကာ ရှုံးထွက် စနစ်ဖြင့် ယှဉ်ပြိုင်ခြင်းဖြစ်သည်။

ရန်ကုန်အသင်းမှ မြန်မာ့ လက်ရွေးစင်တိုက်စစ်မှူး ကျော် ကိုကိုသည် ၂၀၁၈ဘောလုံးရာသီ တွင် ထိုင်းလိဂ်-၁ ကလပ်ချင်းရွိုင် အသင်း၌ တစ်ရာသီအငှားဖြင့် ကစားမည်ဖြစ်သည်။