၂၀၁၈ မြန်မာလိဂ်ဖွင့်ပွဲအဖြစ်စစ်ကိုင်းနှင့် ရခိုင်အသင်း မုံရွာကွင်း၌ ယှဉ်ပြိုင်မည်

စစ်ကိုင်းအသင်းမိတ်ဆက်ပွဲနှင့် ပရိသတ်အပ်နှံပွဲပြုလုပ်မည်

၂၀၁၈ မြန်မာလိဂ်အ ဖွင့်ပွဲစဉ်တွင် စစ်ကိုင်းယူနိုက် တက်နှင့် ရခိုင်အသင်းယှဉ်ပြိုင် မည်ဖြစ်ပြီး စစ်ကိုင်းအသင်းအနေ ဖြင့် ယင်းပွဲမတိုင်မီ မုံရွာမြို့ ပြည် သူ့အားကစားကွင်း၌ အသင်းမိတ် ဆက်ပွဲနှင့် ပရိသတ်အပ်နှံပွဲပြု လုပ်မည်ဖြစ်သည်။ 


စစ်ကိုင်းယူနိုက်တက် (ယ ခင် မဟာယူနိုက်တက်) သည် ၂၀၁၇ ရာသီက လိဂ်-၂ ပြိုင်ပွဲ တွင် အဆင့်(၂) ရပ်တည်နိုင်ခြင်း ကြောင့် မြန်မာလိဂ်-၁ သို့ တိုက် ရိုက်တန်းတက်ခွင့်ရခဲ့ပြီး ယခု နှစ်၌ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ ပြည်နယ်အားကစားကွင်းကို အိမ်ကွင်းအဖြစ် အသုံးပြုမည်ဖြစ် သည်။ 

ဇန်နဝါရီ ၁၁ ရက်(ယနေ့) ညနေ ၃ နာရီခွဲတွင် မုံရွာကွင်း၌ စစ်ကိုင်းအသင်းနှင့် ရခိုင်အသင်း တို့ယှဉ်ပြိုင်မည်ဖြစ်ပြီး ယင်းပွဲစဉ် ကို MRTV, MRTV Sports နှင့် For Sports ရုပ်သံလိုင်းတို့မှ တိုက်ရိုက်ပြသမည်ဖြစ်သည်။ 

‘‘ကျွန်တော်တို့အသင်းက ပထမဆုံး ရခိုင်အသင်းနဲ့ ကစား တဲ့နေရာမှာ သေချာဂရုစိုက်ပြီး တော့ ကစားဖို့ မှာထားပါတယ်။ နောက်ပြီး ကွင်းက အသစ်၊ ကစားသမားတွေကလည်း အသစ်ဆို တော့ သူတို့တွေကို ပရိသတ်တွေ ရှေ့မှာ ကစားတာကို မပေါ့ဖို့နဲ့ ကစားတဲ့နေရာမှာ အာရုံစိုက် ကစားဖို့ ပြောထားတယ်။ အိမ် ကွင်းမှာ အနိုင်ကစားသွားမှာပါ’’ ဟု စစ်ကိုင်းအသင်း နည်းပြချုပ် ဦးဇော်လင်းထွန်းက ဆိုသည်။ 

MPT မြန်မာလိဂ်ပွဲစဉ်(၁) အခြားပွဲစဉ်အဖြစ် ဇန်နဝါရီ ၁၂ ရက်တွင် သုဝဏ္ဏကွင်း၌ လက်ရှိ ချန်ပီယံရှမ်းယူနိုက်တက်နှင့် ဇွဲကပင်အသင်း ယှဉ်ပြိုင်မည်ဖြစ် သည်။ 

ကျန်ပွဲစဉ်များအဖြစ် ဇန်နဝါ ရီ ၁၃ ရက်တွင် အောင်ဆန်းကွင်း ၌ မြဝတီနှင့် မကွေး၊ ဇန်နဝါရီ ၁၄ ရက်တွင် ဂရင်းရွိုင်ရယ်ကွင်း၌ ဟံသာဝတီနှင့် ရန်ကုန်၊ ဇန်နဝါရီ ၁၅ ရက်တွင် မော်လမြိုင်ကွင်း၌ ဆောက်သမ်းမြန်မာနှင့် GFA ၊ မန္တလာသီရိကွင်းတွင်ရတနာပုံနှင့် ဧရာဝတီအသင်းတို့ ယှဉ်ပြိုင်မည် ဖြစ်သည်။ ၂၀၁၇ မြန်မာလိဂ်ပြိုင်ပွဲတွင် ရှမ်းယူနိုက်တက်အသင်းက ချန်ပီယံဖြစ်ခဲ့သည်။