အမျိုးသမီးလိဂ်တွင် YREO အသင်းက တက္ကသိုလ်အသင်းကို ဂိုးပြတ်အနိုင်ယူ

အမျိုးသမီးလိဂ်တွင် YREO နှင့် တက္ကသိုလ်အသင်းယှဉ်ပြိုင်နေစဉ် (ဓာတ်ပုံ − MFF)

အမျိုးသမီးလိဂ်ပွဲစဉ် (၃)ဒုတိယရက်ပွဲတွင် YREO အသင်း က တက္ကသိုလ်အသင်းကို ၁၂-၀ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့သည်။


ဇန်နဝါရီ ၁၀ ရက်က ရန် ကုန်မြို့အောင်ဆန်းကွင်း၌ ယှဉ် ပြိုင်သည့် အဆိုပါပွဲတွင် YREO အသင်းက တက္ကသိုလ်အသင်းကို ဖိအားပေးကာ ပထမပိုင်း၌ လေးဂိုး၊ ဒုတိယပိုင်းတွင် ရှစ်ဂိုး သွင်း ကာ အနိုင်ယူခဲ့သည်။

YREO အသင်းအတွက် ဂိုး များကို မြတ်နိုးခင်က ရှစ်ဂိုး၊ ဆွေ မာအောင်က နှစ်ဂိုး၊ နွယ်နီဝင်းနှင့် ဘွေးလွမ်ကိန်းက တစ်ဂိုးစီသွင်း ယူခဲ့သည်။

တက္ကသိုလ်အသင်းက ခံစစ် အသားပေးကစားခဲ့ပြီး ဂိုးပြတ် မရှုံးနိမ့်ရန် ကြိုးစားသော်လည်း YREO အသင်း၏ တိုက်စစ်ကို မကာကွယ်နိုင်ခဲ့ပေ။

YREO နှင့် တက္ကသိုလ်အ သင်းပွဲတွင် အကောင်းဆုံးကစား သမားအဖြစ် YREO အသင်းတိုက် စစ်မှူး မြတ်နိုးခင်က ရွေးချယ်ခံရ သည်။ဇန်နဝါရီ ၉ ရက်က ကျင်းပ သည့် အမျိုးသမီးလိဂ်ပွဲစဉ် (၃) ပထမရက်ပွဲတွင် သစ္စာအားမာန် အသင်းက ဇွဲကပင်အသင်းကို ၁၀-၁ ဂိုးဖြင့် အနိုင်ရရှိသည်။

၂၀၁၇-၁၈ ရာသီ ကမ္ဘောဇ အမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ် (၃) ဒုတိယရက် ပွဲအပြီးတွင် သစ္စာ အားမာန်အသင်းက သုံးပွဲကစား၊ နှစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ ရမှတ်ခုနစ် မှတ်ဖြင့် အမှတ်ပေးဇယားကို ဦး ဆောင်ထားသည်။

အမျိုးသမီးလိဂ်ပွဲစဉ် (၃) လက်ကျန်ပွဲများအဖြစ် ဒီဇင်ဘာ ၁၁ ရက် (ယနေ့) တွင် အားကာ သိပ္ပံနှင့် မြဝတီ၊ ဒီဇင်ဘာ ၁၂ ရက်တွင် ဂန္ဓာမာနှင့် အားကစား နှင့်ကာယပညာဦးစီးဌာနအသင်း တို့ ယှဉ်ပြိုင်မည်ဖြစ်သည်။