ယူ-၁၃ အမျိုးသမီးပြိုင်ပွဲတွင် ကရင်၊ ဧရာဝတီနှင့် ရှမ်း(အရှေ့) အနိုင်ရ

ရန်ကုန်မြို့တွင် ကျင်းပ နေသည့် တိုင်းနှင့် ပြည်နယ်ယူ- ၁၃ အမျိုးသမီးဘောလုံးပြိုင်ပွဲ တွင် ကရင်၊ ဧရာဝတီနှင့် ရှမ်း (အရှေ့)အသင်းတို့က ပြိုင်ဘက် အသင်းများကို အသီးသီးအနိုင်ရ ပြီး ရှမ်း(မြောက်)နှင့် ကချင်အ သင်းတို့ သရေကျခဲ့သည်။ 


ဇန်နဝါရီ ၁၀ ရက်က ရန် ကုန်မြို့ အမျိုးသားဘောလုံးအ ကယ်ဒမီ သုဝဏ္ဏမြက်ခင်းတုကွင်း ၌ ကျင်းပသည့် ယင်းပြိုင်ပွဲနံနက် ပိုင်း အုပ်စုပွဲစဉ်များတွင် ကရင်အသင်းက ရန်ကုန်အသင်းကို ၂-၁ဂိုးဖြင့်အနိုင်ရခဲ့သည်။ ရှမ်း(မြောက်) နှင့်ကချင်အသင်းတို့ ယှဉ်ပြိုင်ရာ တစ်ဂိုးစီသရေဖြစ်ခဲ့သည်။ 

ညနေပိုင်းအုပ်စုပွဲစဉ်များ၌ ဧရာဝတီအသင်းက မွန်အသင်း ကို ၃-၁ ဂိုးဖြင့် အနိုင်ရပြီး ရှမ်း (အရှေ့)အသင်းက ရခိုင်အသင်း ကို ၁၃-၀ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရ ခဲ့သည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ ချုပ်နှင့် ကမ္ဘောဇဘဏ်တို့ ကြီးမှူး ကျင်းပသည့် KBZ Bank U-13 Girls Tournament 2018 (States & Regions) ပြိုင်ပွဲကို ဇန်နဝါရီ ၆ ရက်မှ ၁၈ ရက်အထိ ရန်ကုန်မြို့အမျိုးသားဘောလုံးအ ကယ်ဒမီ မြက်ခင်းတုကွင်းတွင် ကျင်းပနေသည်။ အဆိုပါပြိုင်ပွဲ ပွဲစဉ်များကို တစ်ရက်လျှင် လေးပွဲ နှုန်းဖြင့် ယှဉ်ပြိုင်နေသည်။