မုံရွာခရိုင် တရားရုံးအချုပ်ခန်းမှ ထွက်ပြေးသော အချုပ်သားလေးဦးတွင် တစ်ဦးကို ပြန်လည်ဖမ်းမိ

မုံရွာခရိုင် တရားရုံးအချုပ် ခန်းမှ ထွက်ပြေးသော အချုပ်သား လေးဦးအနက် တစ်ဦးကို ပြန် လည်ဖမ်းဆီးရမိကြောင်း မုံရွာမြို့ မြို့မရဲစခန်းမှူး ဒုရဲမှူး ကျင်စိန်က ပြောသည်။


၂၀၁၇ အောက်တိုဘာ ၃၁ ရက် ညနေ ၃ နာရီခွဲခန့်က မုံရွာ ခရိုင် တရားရုံးအချုပ်ခန်းမှ ထွက် ပြေးလွတ်မြောက်သူလေးဦးတွင် ပါဝင်သည့် အသက် (၂၉)နှစ်အ ရွယ် အမျိုးသားတစ်ဦးကို ဇန်နဝါရီ၉ ရက် ည ၁၀ နာရီခန့်တွင် မုံရွာမြို့ နန္ဒဝန်ရပ်ကွက် နယ်မြေ (၇) ဂန့်ဂေါကျောင်းအရှေ့ ဘက်ရှိ ၎င်း၏ ယောက္ခမနေအိမ်တွင် ပြန် လည်ဖမ်းဆီးရမိခဲ့သည်။

‘‘သူ့ယောက္ခမရဲ့အိမ်မှာ သူ့ အမျိုးသမီးဆီ ပြန်လာတဲ့အချိန် ဖမ်းမိတာပါ။ ထွက်ပြေးသူသုံးဦး ကျန်သေးတယ်’’ဟု ဒုရဲမှူးကျင် စိန်က ပြောသည်။

ယင်းအမျိုးသားသည် မုံရွာ ခရိုင်တရားရုံးတွင် မူး/စိတ်ပုဒ်မ ၁၅/၁၉ (က)/၂၀ ဖြင့် အမှုရင် ဆိုင်နေရသူဖြစ်ပြီး မုံရွာမြို့ မြို့မ ရဲစခန်းမှူးနှင့် တာဝန်ရှိသူများက သက်သေများနှင့်အတူ ဖမ်းဆီးခဲ့ ကြောင်း ရဲမှတ်တမ်း၌ ဖော်ပြထား သည်။

ပြီးခဲ့သည့်နှစ် အောက်တို ဘာ ၃၁ ရက် မွန်းလွဲက မုံရွာမြို့ ခရိုင်တရားရုံး အချုပ်ခန်းအတွင်း အမှုရင်ဆိုင်နေရသူ အမျိုးသား ၅၅ ဦး၊ အမျိုးသမီးတစ်ဦးရှိပြီး ရဲတပ်ဖွဲ့ဝင် ၁၂ ဦးက လုံခြုံရေး တာဝန်ယူဆောင်ရွက်ခဲ့သည်။ အမှုရင်ဆိုင်နေရသူများကို တရား ခွင်သို့ အလှည့်ကျရုံးထုတ်စစ် ဆေးနေစဉ် အချုပ်သားခုနစ်ဦး သည် အချုပ်ခန်းအနောက်တောင် ဘက်ရှိ သစ်သားတိုင်ကို လွှဖြင့် ဖြတ်၍ ထွက်ပြေးခြင်းဖြစ်သည်။

၎င်းတို့သည် ပြင်ပခြံစည်းရိုး ကို ခုန်ကျော်ထွက်ပြေးစဉ် ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးရာ အမျိုး သားသုံးဦးကို ပြန်လည်ဖမ်းမိခဲ့ပြီး လေးဦးလွတ်မြောက်ခဲ့သည်။

ထွက်ပြေးလွတ်မြောက်သူ များသည် မူးယစ်အမှုဖြင့် တရား ရင်ဆိုင်နေရသူများဖြစ်ကြောင်း ဒုရဲမှူးကျင်စိန်က ပြောသည်။

More in Crime Section