ကျောင်းသားတစ်ဦးနှင့် ဆိုင်ကယ်မောင်းသူများကို အုပ်စုဖွဲ့ဓားဖြင့်ခုတ်သူများအနက် သုံးဦးဖမ်းမိ

 ပြည်မြို့တွင် တက္ကသိုလ်ဝင် တန်းကျောင်းသားတစ်ဦးနှင့် ဆိုင် ကယ်မောင်းသူများကို အုပ်စုဖွဲ့၍ ဓားဖြင့် ခုတ်သူများအနက် သုံးဦး ကိုဖမ်းမိထားကြောင်း ပြည်မြို့မရဲ စခန်းမှူး ဒုရဲမှူးမြင့်ဇော်က ပြော ကြားသည်။


ပြည်မြို့ ကိုယ်ပိုင်ကျောင်း တစ်ခုတွင် ပညာသင်ကြားနေ သည့် (၁၇) နှစ်အရွယ် တက္ကသိုလ် ဝင်တန်း ကျောင်းသားတစ်ဦး သည် ဇန်နဝါရီ ၉ ရက် ည ၁၀ နာရီခန့်က သူငယ်ချင်းလေးဦး နှင့်အတူ ထမင်းကြော်စားပြီး ရွှေ တချောင်းလမ်းအတိုင်း ပြန်လာ ခဲ့သည်။

ရွှေတချောင်းလမ်း ရထား သံလမ်းကူးနေရာ အရောက်တွင် မှောင်ရိပ်ထဲမှ လူငယ် ၁၀ ဦးခန့် ထွက်လာ၍ ရန်ရှာကာ လက်သီး နှင့်ထိုးကြိတ်ပြီး ဓားဖြင့်ခုတ်ခဲ့ သောကြောင့် ဦးခေါင်းတွင် ထိ ခိုက်ဒဏ်ရာများ ရရှိကာ ရန်ကုန် ဆေးရုံကြီး၌ တက်ရောက်ကုသ နေရကြောင်း ၎င်းက ပြောကြား သည်။

‘‘အကြောင်းမဲ့ သက်သက် လမ်းသွားလမ်းလာတွေကို အုပ်စု ဖွဲ့ပြီး ရမ်းကားတာပါ’’ ဟု ရဲအရာ ရှိက ပြောသည်။ သုံးဦး ဖမ်းမိ ထားပြီး တရားရုံးချုပ် ရမန်ယူစစ်ဆေးနေကြောင်း ၎င်းကပြော ကြားသည်။

ထို့အပြင် ထွက်ပြေးနေသူ များကို ရဲတပ်ဖွဲ့က စုံစမ်းနေ သည်။

‘‘ကျောင်းသားလေးက ထ မင်းကြော်စားပြီး ပြန်လာတာကို အမှောင်ရိပ်ထဲကနေ ဘွားခနဲ လူတွေပေါ်လာပြီး ပန်းပျိုးလက် ဘော်ဒါကလား၊ ချချင်လို့လားဆို ပြီး ရန်ရှာတိုက်ခိုက်ပြီး ပြန်ထွက် သွားတယ်။ ဓားနဲ့ခုတ်ခံရတဲ့ ကျောင်းသားနဲ့အတူ ပါလာတဲ့သူ ငယ်ချင်းတွေကလည်း ဝင်ရောက် မကူညီနိုင်ခဲ့ဘူး။ ကျောင်းသား လေးက ခုဆိုရင်စိုးရိမ်ရလို့ ပြည် ဆေးရုံကနေ ရန်ကုန်ဆေးရုံကို ပြောင်းလဲကုသနေရတယ်’’ ဟု တိုက်ခိုက်ခံရသူ ကျောင်းသားနှင့် ရင်းနှီးသူ အမျိုးသမီးတစ်ဦးက ပြောကြားသည်။

အုပ်စုဖွဲ့ ဓားဖြင့်ခုတ်သူများ အနက် ဖမ်းမိသူသုံးဦးသည် ခွန်ချိုဆိုသူ အပါအဝင် (၁၉) နှစ်နှင့် (၁၈) နှစ်အရွယ် လူငယ်များ ဖြစ်ပြီး နာကျင်စေရန်လက်နက် ဖြင့် ပူးပေါင်းကြံစည် တိုက်ခိုက် ခြင်းဆိုင်ရာ ရာဇသတ်ကြီး ပုဒ်မ ၃၂၆/ ၃၂၃/ ၁၁၄ ဖြင့် ပြည်မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူ ထားသည်။

တက္ကသိုလ်ဝင်တန်းကျောင်း သားကို အုပ်စုဖွဲ့ဓားဖြင့်မခုတ်မီ နာရီဝက်ခန့်ကလည်း ရွှေတ ချောင်းလမ်း ရထားသံလမ်းကူး ချင်းစုလမ်းဆုံအနီးတွင် ဆိုင် ကယ်မောင်းလာသူနှစ်ဦးကို လူ ငယ် ၁၀ ဦးခန့်က အကြောင်းမဲ့ ဓားဖြင့်ခြိမ်းခြောက်ကာ လက်သီးဖြင့် ထိုးနှက်တိုက်ခိုက်ခဲ့ကြောင်း ပြည်မြို့အမှတ် (၃) ရဲစခန်းမှူးက ပြောသည်။

‘‘ကျွန်တော့်စခန်းမှာတော့ တရားဝင် အမှုဖွင့်မထားသေးဘူး။ ကျွန်တော့်စခန်းအပိုင်မှာ လုပ်သွားတာလည်းခွန်ချိုတို့ အုပ်စုလို့သိရတယ်’’ ဟု အဆိုပါရဲအရာရှိ က ပြောကြားသည်။

အဆိုပါ အဖွဲ့သည် ၂၀၁၅ ဒီဇင်ဘာ ၃၁ ရက် နှစ်သစ်ကူးည တွင် ရွှေတချောင်းလမ်း ရထားသံလမ်းကူးနေရာ၌ပင် လမ်းသွားလမ်းလာများကို အကြောင်းမဲ့ ဆဲဆို ရန်ပြုတိုက်ခိုက်ခြင်းကြောင့် ဆဲဆိုပြီးနာကျင်စေရန် လက်နက်ဖြင့် ပူပေါင်းကြံစည်တိုက်ခိုက် ခြင်းဆိုင်ရာ ရာဇသတ်ကြီး ပုဒ်မ၂၉၄/၃၂၅/၁၁၄ အရ ပြည်မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူခံရဖူးကြောင်း ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။