KNPP တပ်ဖွဲ့ဝင်များအသတ်ခံရမှုနှင့်ပတ်သက်၍ ကယားလွှတ်တော်ကော်မတီဝင်လေးဦး နုတ်ထွက်

ကရင်နီအမျိုးသားတိုး တက်ရေးပါတီ(KNPP)တပ်ဖွဲ့ ၀င်သုံးဦးနှင့် အရပ်သားတစ်ဦး အသတ်ခံရမှုနှင့်ပတ်သက်ပြီး က ယားပြည်နယ်လွှတ်တော်၏ ပြည် သူအပေါ်ကိုယ်စားပြုမှုကို အယုံ အကြည်မရှိ၍ဆိုကာ အရပ်ဘက် လူမှုအဖွဲ့အစည်းများမှ ကိုယ်စား လှယ်လေးဦးသည် ပြည်နယ် လွှတ်တော်တိုင်စာ၊ ပစ်စာလေ့ လာဆန်းစစ်ရေး ကော်မတီမှ ဇန်န၀ါရီ ၁၀ ရက်တွင် နုတ်ထွက် ခဲ့သည်။


အဆိုပါလွှတ်တော်ကော်မ တီကို ပြည်နယ်လွှတ်တော်ကိုယ် စားလှယ်များ၊ ရပ်မိရပ်ဖများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် က ယားပြည်နယ်ရှိ လူမှုအဖွဲ့အစည်း များမှ ကိုယ်စားလှယ်များစုစု ပေါင်းကိုယ်စားလှယ် ၂၄ ဦးဖြင့် ဖွဲ့စည်းထားရာ အရပ်ဘက်ကိုယ် စားလှယ်လေးဦးစလုံးနုတ်ထွက် ခြင်းဖြစ်သည်။

KNPP တပ်ဖွဲ့ဝင်များနှင့် အရပ်သားတစ်ဦးကို သတ်ဖြတ်မှု ကျူးလွန်သူများအား အရေးယူပေးရန် လူငယ်အချို့က ဒီဇင်ဘာ၂၂ ရက်တွင် လွိုင်ကော်မြို့ပေါ်၌ ဆန္ဒထုတ်ဖော်ရာ  သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ကျူး လွန်သူများကို လျစ်လျူရှုပြီး ဆန္ဒ ထုတ်ဖော်သည့် လူငယ်အချို့ကို ချုပ်နှောင်ကာ တရားစွဲဆိုခဲ့သည်။ ယင်းဖြစ်စဉ်သည် ကယားပြည် နယ်၏ အုပ်ချုပ်ရေး၊ တရားစီရင် ရေးနှင့် ဥပဒေပြုရေးကဏ္ဍများက ပြည်သူကို အကာအကွယ်မပြုနိုင် တော့ဘဲ ဖိနှိပ်မှုကိုသာ အားပြုနေ ကြောင်း မြင်တွေ့ခံစားရသည်ဟု ကိုယ်စားလှယ်များ၏ နုတ်ထွက် စာတွင် ဖော်ပြထားသည်။

ပြည်နယ်လွှတ်တော်ကော်မ တီမှ နုတ်ထွက်သူ ကရင်နီပြည် တောင်သူလယ်သမား သမဂ္ဂ ဥက္ကဋ္ဌခူးတူရယ်က ‘‘ဘာဖြစ်လို့ ဒီလိုလုပ်ရလဲဆိုရင် ဒီဟာက ကျွန်တော်တို့ပြည်နယ်မှာ အရမ်း လိုအပ်နေတဲ့ငြိမ်းချမ်းရေးကို ပျက်စီးသွားမှာ အရမ်းစိုးရိမ် တယ်။ အဲဒီလိုစိုးရိမ်စိတ်နဲ့အတူ ပြည်နယ်လွှတ်တော်အနေနဲ့ ဒီ ကိစ္စအပေါ် တစ်စုံတစ်ရာရှင်း လင်းဖော်ပြတာမျိုးမရှိဘူး။ နှုတ် ပိတ်နေတယ်။ ဘာမှလှုပ်ရှားမှု လည်းမလုပ်တဲ့အခါကျတော့ ကျွန်တော်တို့အနေနဲ့ယုံကြည်မှု ကင်းမဲ့လာတယ်’’ ဟု နုတ်ထွက်ရ ခြင်းအကြောင်းရင်းကို ပြော သည်။

တပ်မတော်ယာဉ်တန်းကို တားဆီးမှုနှင့်ပတ်သက်ပြီး လွိုင် ကော်မြို့နှင့် ခုနစ်မိုင်အကွာရှိ KNPP ယာယီကင်းစခန်းမှ KNPP တပ်ဖွဲ့ဝင်သုံးဦးနှင့် အရပ် သားတစ်ဦးကို ပြီးခဲ့သည့်ဒီဇင်ဘာ က ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်) လက်အောက်ခံတပ် ဖွဲ့ဝင်များကဖမ်းဆီးခဲ့ပြီး အ လောင်းကိုမီးရှို့ခဲ့ကြောင်း KNPP ကဆိုသည်။ ဒကစ(လွိုင်ကော်)ကမူ အပြန်အလှန်ပစ်ခတ်မှုဖြစ်၍ KNPP တပ်ဖွဲ့ဝင်များသေဆုံးခဲ့ သည်ဟု ရှင်းလင်းသည်။

ကော်မတီမှ နုတ်ထွက်သူ တစ်ဦးဖြစ်သည့် ကရင်နီပြည်လူ ငယ်များသမဂ္ဂ(UKSY)တွဲဖက်အ တွင်းရေးမှူးမော်မိုးမြှာက ‘‘ပြည် နယ်လွှတ်တော်ကိုယ်စားလှယ် တွေ၊ ပြည်နယ်မှာ ဖွဲ့ထားတဲ့ ကော်မတီတွေ သေချာအလုပ် လုပ်ပါ။ ပြီးတော့ တွေ့ရှိတာတွေ ကို ပြည်သူတွေကိုချပြပေးပါ၊ အ စီရင်ခံစာတင်ပေးပါလို့ပြောချင် ပါတယ်’’ ဟု KNPP တပ်ဖွဲ့ဝင် များအသတ်ခံရမှုဖြစ်စဉ်နှင့်ပတ် သက်၍ လွှတ်တော်ကိုယ်စား လှယ်များအား တိုက်တွန်းသည်။

KNPP တပ်ဖွဲ့ဝင်များသတ် ဖြတ်ခံရမှုကို ရှုတ်ချကြောင်းဆန္ဒ ထုတ်ဖော်သူများမှ ငါးဦးကို မြို့ နယ်ရဲတပ်ဖွဲ့က ငြိမ်းချမ်းစွာစုဝေး ခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့် လည်ခြင်းဆိုင်ရာဥပဒေပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ကာဇန်န၀ါရီ ၅ ရက် တွင် ဖမ်းဆီးခဲ့သည်။

ထို့နောက်ဇန်န၀ါရီ ၈ ရက် နှင့် ၁၀ ရက်တွင် လူငယ်ငါးဦးကို တရားရုံးထုတ်ပြီး တရားလိုနှင့် တရားလိုပြသက်သေများကို စစ် ဆေးခဲ့ကြောင်း မော်မိုးမြှာကဆို သည်။ ‘‘ဒီနေ့တော့ အမိန့်မချသေး ဘူး။ ၁၂ ရက်နေ့ရုံးချိန်းပြန်ခေါ် ထားတယ်’’ ဟု ၎င်းကပြောသည်။

KNPP တပ်ဖွဲ့ဝင်များသေ ဆုံးခြင်းနှင့်ပတ်သက်၍ ဒကစ (လွိုင်ကော်)ကရရှိပြီး ငြိမ်းချမ်း ရေး ဆက်လက်ထိန်းသိမ်းနိုင်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း ရှင်း လင်းချက် ထုတ်ပြန်သည်။ ထို့ အပြင် တပ်မတော်ဗိုလ်မှူးချုပ် အဆင့်ရှိ အရာရှိတစ်ဦးပါဝင် သည့် စုံစမ်းစစ်ဆေးရေးခုံအဖွဲ့ ဖြင့် စုံစမ်းစစ်ဆေးနေသည်။

တပ်မတော်ခုံအဖွဲ့၏ စုံစမ်း စစ်ဆေးမှုကို အပြည့်အ၀ပူးပေါင်း မည်ဖြစ်ပြီး စုံစမ်းစစ်ဆေးမှုရလဒ် တရားမျှတမှု ရှိ၊မရှိ စောင့်ကြည့် မည်ဟု KNPP တာဝန်ရှိသူတို့က ပြောဆိုထားသည်။