အင်းဒင်သုသာန်မှအလောင်းများသည် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရွာသားအချို့က သတ်ဖြတ်ခဲ့ဟု တပ်မတော် သတင်းထုတ်ပြန်

အင်းဒင်ကျေးရွာသုသာန်၌ တွေ့ရှိခဲ့သော ရုပ်အလောင်း ၁၀ လောင်းသည် ဘင်္ဂါလီအကြမ်းဖက်သမားများ၏ ရုပ်အလောင်းများဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရွာသားအချို့က သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု စစ်ဆေးတွေ့ရှိရကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ယမန် နေ့က သတင်းထုတ်ပြန်သည်။

မောင်တောမြို့နယ် အင်းဒင်ကျေးရွာသုသာန်၌ ပုံပျက်နေသော ရုပ်အလောင်း ၁၀ လောင်းကို ၂၀၁၇ ဒီဇင်ဘာ ၁၉ ရက်တွင် အမည် မဖော်လိုသူတစ်ဦး သတင်းပေးမှုအရတွေ့ရှိခဲ့ကြောင်း အမှုဖြစ်စဉ်ကို ဖော်ထုတ်ရန် အင်းဒင်နယ်မြေရဲစခန်းတွင် လူ သတ်မှု၊ ပူးပေါင်းကြံစည်မှု၊သက် သေခံပစ္စည်းဖျောက်ဖျက်မှုတို့ဖြင့် အမှုဖွင့်စစ်ဆေးခဲ့ကြောင်း ပြည် ထဲရေးဝန်ကြီးဌာနက  ပြီးခဲ့သည့် ဒီဇင်ဘာ ၂၀ ရက်၌ သတင်း ထုတ်ပြန်သည်။

တပ်မတော်စုံစမ်းစစ်ဆေးရေး အဖွဲ့က လုံခြုံရေးတပ်ဖွဲ့ဝင်နှင့် ဒေသခံစုစုပေါင်း ၄၀ ကျော်ကို စစ်ဆေးခဲ့

ရုပ်အလောင်း  ၁၀ လောင်းနှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်ပတ်သက်ခဲ့မှု ရှိ၊ မရှိ စစ်ဆေးရန် ကာကွယ်ရေးဦးစီးချုပ် ရုံး(ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းဦးစီးပြီးအဖွဲ့ဝင်ငါးဦး ပါဝင်သည့်စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဒီဇင်ဘာ ၂၀ ရက်တွင် ဖွဲ့စည်းခဲ့သည်။ စုံစမ်းစစ်ဆေးရေးအဖွဲ့က ဒီဇင်ဘာ ၂၀ ရက်မှ ယခုနှစ်ဇန်န၀ါရီ ၂ ရက်အထိ အင်းဒင်ကျေးရွာ အုပ်စုအတွင်းရှိ အခင်းဖြစ်ပွားသည့်နေရာများကို သွားရောက်၍ တပ်မတော် သားသက်သေ ၂၁ ဦး၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်သုံးဦး၊ အမှတ်(၈)လုံခြုံရေးတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင် ၁၃ ဦး၊အင်းဒင်ရွာသားခြောက်ဦးနှင့် ဌာနဆိုင်ရာ ၀န်ထမ်းခြောက်ဦးတို့ကို စစ်ဆေးသည်ဟုဆိုသည်။

ရုပ်အလောင်း ၁၀ လောင်း သည် ဘင်္ဂါလီအကြမ်းဖက်သမားများ၏ ရုပ်အလောင်းဖြစ်ပြီး မောင်တောဒေသအတွင်း တပ် မတော်က နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် ၂၀၁၇ စက်တင် ဘာ ၁ ရက်၌ တပ်မတော်ကဖမ်း မိခဲ့ကြောင်း ဆိုသည်။၎င်းတို့သည် အကြမ်းဖက် အဖွဲ့များနှင့်ဆက် နွှယ်မှုရှိနေပြီး အကြမ်းဖက်လုပ် ငန်းများတွင် အဖွဲ့ဝင်အဖြစ်ပါဝင် ဆောင်ရွက်ရန် မော်လ၀ီဆရာ များ၏ စည်းရုံးခံထားရသူများဖြစ် ကြောင်း၊ ဖမ်းမိပြီးနောက် ၎င်းတို့ ကို လုပ်ထုံးလုပ်နည်းနှင့်အညီ ရဲစခန်းသို့ အပ်နှံရမည်ဖြစ်သော် လည်း ယင်းကာလ၌ဒေသတွင်း အကြမ်းဖက် တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေ၍ ရဲစခန်း သို့ ပို့ဆောင်နိုင်ခြင်း မရှိဘဲ သုသာန်သို့ခေါ်ဆောင်သတ်ဖြတ် ရန် ဆုံးဖြတ်ခဲ့သည်ဟု စစ်ဆေး တွေ့ရှိခဲ့ကြောင်း ပါရှိသည်။

သတ်ဖြတ်ရာတွင် လုံခြုံရေးတပ် ဖွဲ့ဝင်များနှင့် ရွာသားသုံးဦးပါဝင်

မောင်တော ဒေသတွင် တိုက်ခိုက်မှု စတင်ဖြစ်ပွားသည့် ၂၀၁၇ ဩဂုတ် ၂၅ ရက်က အင်း ဒင်ကျေးရွာသား ဦးမောင်နီကို လယ်တောသို့သွားစဉ် ဘင်္ဂါလီ အကြမ်းဖက်သမားများက ဖမ်း ဆီးသတ်ဖြတ်ခဲ့သဖြင့် ဦးမောင်နီ ၏ မိသားစုဝင်များက ဘင်္ဂါလီများ အပေါ် စိတ်နာကြည်းနေကာ လုံ ခြုံရေး တပ်ဖွဲ့ဝင်များ ဖမ်းမိ ထားသည့် ဘင်္ဂါလီ ၁၀ ဦးကို သတ်ဖြတ်မှုတွင် ဦးမောင်နီ၏  သားနှစ်ဦးအပါအ၀င် ရွာသားအ ချို့လည်း ပါဝင်ကြောင်း ပါရှိ သည်။ အင်းဒင်ကျေးရွာအုပ်စု တွင် တိုင်းရင်းသားရွာများဖြစ် သော အင်းဒင်(ရခိုင်)ရွာ၊ ပဲရုံ (န တလ)ရွာနှစ်ရွာနှင့် ဘင်္ဂါလီရွာသုံး ရွာပါဝင်ကာ တိုင်းရင်းသားနှစ်ရွာ တွင် အိမ်ခြေ ၁၇၆ လုံး၊ လူဦးရေ ၈၄၀ ရှိပြီး ဘင်္ဂါလီသုံးရွာတွင် အိမ်ခြေ ၈၀၀ ၊ လူဦးရေ ၆,၀၀၀ ခန့်ရှိကာ ဘင်္ဂါလီများက တိုင်းရင်းသားများကို အင်အားသုံး၍ ခြိမ်းခြောက်ခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အင်းဒင် ဘင်္ဂါလီကျေးရွာမှ ဘင်္ဂါလီများက ဩဂုတ် ၂၅ ရက် ကစတင်၍ အင်းဒင်တိုင်းရင်းသား ရွာကို တုတ်၊ ဓားများကိုင်ပြီး  အဝေးမှ နေ့ရောညပါ လူအုပ်ဖြင့် ၀ိုင်းဝန်းခြိမ်းခြောက်ခဲ့ကြောင်း၊ ခြိမ်းခြောက်မှုကြောင့် ရွာသား များ အိမ်တွင် မနေရဲဘဲ အင်းဒင်ကျေးရွာ ဘုန်းတော်ကြီး ကျောင်း၌ စုပေါင်းနေထိုင်ခဲ့ရပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံ ရေး ဆောင်ရွက်ပေးခဲ့ရကြောင်း တွေ့ရှိရသည်ဟုဆိုသည်။

စက်တင်ဘာ ၁ရက်တွင် လုံ ခြုံရေးတပ်ဖွဲ့ဝင်များက အင်းဒင် ကျေးရွာပင်လယ်ကမ်းစပ်၌ နယ် မြေရှင်းလင်းစဉ် အထက်ပါ ဘင်္ဂါ လီအကြမ်းဖက်သမား ၁၀ ဦးကို ဖမ်းမိခဲ့ပြီး ၎င်းတို့ကို လုပ် ထုံးလုပ်နည်းနှင့်အညီ ရဲစခန်းသို့ အပ်နှံရမည်ဖြစ်သော်လည်း နယ် မြေအခြေအနေအရ ရဲစခန်းသို့ ပို့ဆောင်ရန် အခြေအနေမရှိသ ဖြင့် သုသာန်ခေါ်သတ်ဖြတ်ရန် ဆုံးဖြတ်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့ သည်။ ဖမ်းဆီးထားသူ ၁၀ ဦး ပဲ ရုံသုသာန်ရောက်ရှိချိန်တွင် ရွာ သားအချို့က တောင်ကုန်းနှစ်ခု ကြား လျှိုအတွင်းကျင်းတူးပြီး နောက် ဘင်္ဂါလီ အကြမ်းဖက် သမား ၁၀ ဦးကို ကျင်းအတွင်း ဆင်းစေပြီး ဦးမောင်နီ၏သားနှစ် ဦးနှင့် ရွာသားတစ်ဦးတို့က ဓား ဖြင့်ခုတ်ခဲ့ကြောင်း၊ ရုန်းရင်းဆန် ခတ်ဖြစ်နေသဖြင့် ကျင်းအနီးရှိ လုံခြုံရေးတပ်ဖွဲ့ဝင်လေးဦးက သေနတ်ဖြင့်ဝင်ရောက်ပစ်ခတ် ခဲ့သည်ဟု ပေါ်ပေါက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

တာဝန်ရှိသူများကို လိုအပ်သလို ဖော်ထုတ်အရေးယူမည်

အဆိုပါဖြစ်စဉ်တွင် အင်း ဒင်ကျေးရွာမှ ရွာသားအချို့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဘင်္ဂါ လီအကြမ်းဖက်သမား ၁၀ ဦးကို သတ်ဖြတ်ခဲ့သည်မှာ မှန်ကန် ကြောင်း ၀န်ခံထွက်ဆိုသဖြင့် ပါဝင်ပတ်သက်သူ ရွာသားများ နှင့် ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်း များ (Rules of Engagement) ကို ချိုးဖောက်ခဲ့သော လုံခြုံရေး တပ်ဖွဲ့ဝင်များကို ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်မည်ဖြစ် ကြောင်း ထုတ်ပြန်ထားသည်။ ထို့ အပြင် အဆိုပါဖြစ်ရပ်ကို အ ထက်ဌာနအဆင့်ဆင့်သို့ တင်ပြ ခြင်းမရှိသဖြင့် ဖြစ်စဉ်တွင် တိုက် ရိုက်ပါဝင်ပတ်သက်မှုမရှိသော် လည်း ကွပ်ကဲရန်တာဝန်ရှိသူများ ကိုလည်း လိုအပ်သလို ဖော်ထုတ် အရေးယူ ဆောင်ရွက်မည်ဟု လည်းဆိုသည်။

More in News Section